ကမ္ဘာပထမဆုံး ရှယ် selfie camera ဖြစ်မယ့် M10

blog-htc-one-m10-1

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

တလောက HTC က သူတို့ ထုတ်မယ့် ဖုန်းအသစ် ၊ M10 လို့ ယူဆရတဲ့ ဖုန်းက world’s first လို့ နာမည် တပ်ပြီး လာစ သွားတာ သိတယ် ဟုတ် ? အဲ့ဒီတုန်းက ဘယ်အရာက ဘာ world’s first ဖြစ်မယ် ဆိုတာ ဟိုလိုလို ဒီလိုလိုနဲ့ ၊ အခုတော့ ရှေ့ပတ်လောက်ဆိုလည်း HTC က တရားဝင် ချပြမယ့် နည်းတူ ၊ ကိုင်ခွင့်ရတဲ့ သူတွေလည်း ကိုင်ကုန်လို့ သိသလောက်လည်း သိကုန်ကြပြီဗျ။

Photo booth ဝန်ဆောင်မှုပေးတဲ့ SmileBooth ဆိုတဲ့ လုပ်ငန်းကြီးက ၊ အသစ်ထွက်မယ့် HTC One M10 ကိုင် ၊ selfie ရိုက် ၊ ကမ္ဘာ့ပထမဆုံး OIS Selfie လို့ အောက်က ပုံထဲကအတိုင်း ကြွားလုံးထုတ် ၊ နောက်ဘာထဖြစ်လဲ မသိ ၊ ပြန်ဖျက်နဲ့ ၊ လျင်သူတွေက printscreen ဖမ်း ၊ download ဆွဲနဲ့ အခုတော့ world’s first က ဘာဖြစ်မလဲ ဆိုတာ ဗူးပေါ်သလို ပေါ်ကုန်ရောပဲ …

blog-m10-selfie

OIS ဆိုတာကတော လက်ရှိဖုန်း တချို့ရဲ့ နောက်ကင်မရာမှာ လက်လှုပ်ခြေလှုပ် ဓာတ်ဆရာတွေ ဓာတ်ရိုက်တဲ့ အခါ ပုံတွေ မဝါးရအောင် ၊ ပိုကောင်းတဲ့ ပုံတွေ ထွက်အောင် ထည့်ပေးထားတဲ့ Optical Image Stabilization နည်းပညာ ပါ။ ဒါကို အခု HTC က ရှေ့ကင်မရာမှာ ထည့်ပြီး ကမ္ဘာ့ပထမဆုံး OIS Selfie camera ဖြစ်လာအောင် အမှတ်ယူတော့မယ့် ကိန်းရှိပါတယ်။

ဒါလေး ရေးပြီး ပုံလေး တင်ရုံနဲ့ သတင်းအမှန်ဖြစ်ရိုးလား ဆိုတော့ ၊ အလျင်မှီလိုက်တဲ့ သူတွေက ဒီပုံကို download လုပ် ၊ quality ကို ကြည့်တော့ ၊ ဆိုဒ်ကြီး ၊ ရှယ်ပုံ ဖြစ်နေပြီး ၊ ဒါတောင် Twiiter က optimized လုပ်ထားပြီးသားကို ဒီလောက်ထွက်တာ ဆိုရင်တော့ သတင်းက အမှန်ဖြစ်လောက်တယ်ဆိုပြီး လက်ခံထားတာပါ။ ရှေ့ပတ် ကျရင်တော့ အတိအကျ သိရဖို့ရှိပြီး ၊ သတင်းမှန်ရင်တော့ selfie ကြိုက်သူတွေ အတွက် HTC က ဆွဲဆောင်မှု တစ်ကွက် ဖြစ်လာဖို့ ရှိပါတယ်ဗျ။ ဒီတပတ်တော့ သင်္ကြန်က ဆွဲဆောင်ထားပြီးသားမို့ ပျော်လိုက်ကြဦးစိုဗျို့ …..

သင်္ကြန်ကျလို့ … ရေပက်တယ် … ဘာဖြစ်သလဲကွယ် …. 😛 😀

Source: Phandroid

Leave a Reply

Your email address will not be published. Required fields are marked *