အသေးလေး SE

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကြားပြီးရောပေါ့ ၊ Apple က ၄ လက်မ iPhone အသစ် ၊ iPhone SE ကို ထုတ်တာ။ Recycle လုပ်တယ်လို့ပဲ ပြောရမလား ၊ ပုံတုံးလေးနဲ့ မော်ဒယ်ဆန်းလေး လို့ပဲ ပြောရမလား … ဖုန်းအသစ် ဆိုရင် ပါးပါးခြပ်ခြပ် ဖြစ်သွားရင်သွား ၊ ဟိုနားခုံး ဒီနားခုံး ဖြစ်ချင်ဖြစ် ၊ တစ်ခုခုု ဖြစ်မှ ကြည့်ပျော် ရှုပျော်ရှိပေမယ့် ခုဟာက မယ်မြန်မာလို မော်ဒယ် အသစ်လေး … 😛 😀

blog-iphone-se-1

ဒါပေမယ့် တကယ်ပြောစရာကစျေးနှုန်းဗျ။ ဒေါ်လာ ၄၀၀ ဆိုတော့ ၊ ခုတော်ရုံ ဖုန်းတွေတောင် စျေးက အဲ့ဒီစျေး ပတ်ဝန်းကျင်ဖြစ်နေတော့ ၊ iPhone အသစ်စက်စက် ၊ မော်ဒယ် အသစ် iPhone ကို ဒေါ်လာ ၄၀၀ နဲ့ ကိုင်ရမယ် ၊ ကိုယ်လုံးကိုယ်ထည်ကလွဲလို့ အားလုံး နောက်ဆုံးပေါ်တွေချည်းပဲမို့ ၊ နောက်ဆုံးပေါ် iPhone ကို ဒေါ်လာ ၄၀၀ နဲ့ သုံးရမယ် ဆိုရင် အမြင်က တစ်မျိုး ဖြစ်လာရော …

ပြီးတော့ အဲ့ဒီ SE ကို iPhone 6s ကနေ downgrade လုပ်ထာတယ်လို့ မမြင်ပဲ iPhone 5s ကို upgrade လုပ်ထားတယ်လို့ မြင်ကြည့် … ဝါးးးးး သုံးချင် စရာလေး မလား …. ဟဲဟဲ … ခုတစ်မျိုး ၊ တော်ကြာ တစ်မျိုး … 😛 😀

blog-iphone-se-4

အတွင်းမှာပါတာတွေ ဖတ်ကြည့်တော့ iPhone SE က အပြင်က ကြည့်တော့ အိမ်ကုတ်ကုတ်လေး ၊ အတွင်းမှာတော့ ရှယ်တွေချည်း ဆင်ထားသလို ၊ iPhone 6s မှာ ပါတဲ့ ပစ္စည်းတွေ အားလုံးလိုလိုကို iPhone 5s ကိုယ်ထည်ထဲ ပစ်ထည့်ထားတာပဲဗျ..

Screen ကတော့ ၄ လက်မ ၊ ဒါပေမယ့် သူက retina display ဆိုတော့ စူပါကြည် … Processor က လက်ရှိ iPhone 6s မှာပါတဲ့ A9 processor ကို မှာ M9 motion coprocessor နဲ့ တွဲထားမယ် ၊ RAM က 2GB ၊ camera က 12 megapixel ၊ video ဆုုိရင် 4K video recording လုပ်လို့ ရမယ် ၊ ရှေ့ကင်မရာကတော့ 5 megapixel 1.2 megapixle ၊ ဓာတ်ရိုက်တဲ့ အခါ အလင်းလိုရင် screen ကို လင်းပြီး flash လို လုပ်ဆောင်ပေးမယ့် Retina Flash နဲ့ ။

5s နဲ့ ကွာသွားတာက Touch ID – fingerprint reader ပါလာပြီး ၊ အသစ်ထွက်မယ့် iOS 9.3 တင်ထားလို့ note app ထဲက ဘာညာ အရေးကြီး note တွေကို လိုအပ်ရင် fingerprint နဲ့ ပိတ်ထားလို့ ရမှာပါ။

blog-iphone-se-3

ကျန်တာကတော့ ထွေထွေထူးထူး ဆိုလို အရောင်က Rose Gold ပါလာမယ် ၊ Space Gray ၊ Silver ၊ Gold တို့လည်း ထုတ်မယ်။ မတ်လ ၂၄ မှာ စမှာလို့ရပြီး ၃၁ ရက်နေ့မှာ စရောင်းမယ် ၊ စင်ကာပူမှာလည်း ရောင်းမယ် ထင်ပါတယ်ဗျာ။ US ကစျေးကတော့ 16GB ကို 399$, 64GB ကို 499$ ပါ။ ဝယ်ရင် တပါတည်း ပါလာမယ့် iOS 9.3 တင် 1.7 GB ရှိမယ်ဆိုတော့ ချိန်ပြီးလည်း ဝယ်ရဦးမှာနော

Phone cover ကတော့ iPhone 5s ရဲ့ cover ကို SE မှာ တပ်သုံးလို့ ရမှာပါ။ အော် … cover ဆိုလို့နော် .. သင်္ကြန်အတွက် ရေစိုခံ cover တွေ ရောက်ပြီ ၊ ကုန်သွားမှ ကုန်သွားပြီး မလုပ်ရအောင် ၊ ခုတည်းက ဝယ်ထားလို့ ရပြီဗျာ 😛 😀

Source: Redmondpie, EverythingApplePro, CNet

web-link-ads-i6-2

Leave a Reply

Your email address will not be published. Required fields are marked *