iPhone 7 ရဲ့ တိုလီမိုလီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone က လည်း တယ် ခွန်အားကြီးသကိုး ၊ တစ်နှစ်ပတ်လုံးကိုု ကောလဟာလ ယန္တရားကြီးက လည်ပတ်နေတော့တာ။ အခုကျ iPhone အသစ်ထဲမှာ ပါတဲ့ အစိတ်အပိုင်းတွေရဲ့ ပုံတွေတဲ့ ၊ China social network site – Weibo မှာ တက်လာတာပါ။

blog-i7-interview-1

အစိတ်အပိုင်းပုံတွေ ကြည့်ရတာလည်း ၊ ဆရာဝန်က x-Ray ထောင်ပြီး ၊ ဒီမှာ ဒီအရိုး တွေ့လား ၊ အဲ့ဒါက ဘာ ၊ ဒီဟာက ဘာနဲ့ ထောက်ပြလို့ … အင်း.. အင်း … လုပ်ရသလိုပဲ ၊ နည်းပညာဆြာကြီးတွေက ဒီက ဘာ အစိတ်အပိုင်းပေါ့ ဆိုတာနဲ့ …. အော် ဟုတ်လား … လုပ်ရတာ …

အာ့ကြောင့် သေချာပြီလို့တော မဆိုသာ ၊ ဖုန်းအလုံးလိုက် တွေ့မှာပဲ ဂယ်ဟုတ် ၊ မဟုတ် သိရမှာပဲ။

ဒီ အစိတ်အပိုင်းတွေ မှာ lightning connector နဲ့ ပတ်သက်လို့ အတွဲမှာ earphone jack လည်း ပါလာလို့ Apple က အသစ်ထွက်မယ့် iPhone မှာ earphone jack ကို ဖြုတ်ပြီး lightning connector မှာပဲ headphone တပ်ရတာမျိုး မဟုတ်ဘူးလို့လည်း မှန်းဆော်ကြပြန်ပါတယ်လေဗျာ။

blog-iPhone-6-se-body-3

ပြီးတော့ ဒီနေ့ထွက်လာတဲ့ အစိတ်အပိုင်းတွေထဲမှာ dual-SIM slot လေးလည်း ပါလာလို့ iPhone အသစ်က dual SIM များ ရလေမလား ဆိုတာလည်း စိတ်ဝင်စားကြလေရဲ့ ၊ ဒါမှလည်း MPT နဲ့ Ooredoo တွဲသုံးရမလား ၊ Telenor နဲ့ ပဲ သုံးရမလား ၊ ဘယ်ကဒ် ထည့်ရမလဲ စဉ်းစားလို့ အဆင်ပြေမှာကိုး … ဟက်ဟက် … 😛 😀

ဘယ်လိုသုံးသုံး ဒီနေ့ ထွက်လာတဲ့ ပုံတွေကတော့ ဒီလိုပါ…

ဒါက dual camera ရဲ့ အစိတ်အပိုင်းပါတဲ့ဗျာ။
blog-iphone7-parts-leak-1

ဒါကတော့ 256GB memory module ပါတဲ့
blog-iphone7-parts-leak-2

ဒါကတော့ iPhone က လက်ရှိလိုပဲ screen size ၂ မျိုုး ထုတ်ဦးမယ် ဆိုတဲ့ သဘော
blog-iphone7-parts-leak-3

ဒါက headphone jack ပါ ၊ ပါတယ် ဆိုတဲ့ lightning connector အတွဲလေး (ဟိ… ဆရာဝန်ပြတဲ့ ဓာတ်မှန်ကမှ မှန်းရ လွယ်ဦးမယ်)
blog-iphone7-parts-leak-4

ဒါကတော့ အားလုံးမေ ျှာ်တဲ့ dual-SIM များ ဖြစ်လေမလား ပေါ့ ….
blog-iphone7-parts-leak-5

ထုံးစံအတိုင်း …. မေ ျှာ်နိုင်သမ ျှတော့ မေ ျှာ်ဦးနော်…. 😛 😀

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *