အသစ်တွေ ဘယ်လောက်ကောင်းကောင်း

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

တခါတလေတော့လဲ မီလျံနာတွေ ၊ ဘီလျံနာတွေ ဘဝကို သနားမိသား (သူတို့မှ ကိုယ်တွေလောက် မဆင်းရဲတာ … သွပ်သွပ် … 😛 😀 ) ၊ ဟိုဟာ လုပ်ရင်လည်း ဟိုဟာ လုပ်လို့ ၊ ဒီဟာ လုပ်ရင်လည်း ဒီဟာလုပ်လို့ .. အမြဲ မျက်စိထောက်ထောက် ကြည့်ခံနေရတာ။

အခုလည်းဒီပုံကိုကြည့် ၊

blog-Mark-Zuckerberg-Tape-Facebook-Instagram-2

Facebook ရဲ့ CEO Mark Zuckerberg က သူတို့ ဝယ်ထားတဲ့ Instagram မှာ လစဉ် အသုံးပြုသူ သန်း ၅၀၀ ရှိတဲ့ အထိန်းအမှတ်တဲ့ ဒီပုံကြီး ဒီလိုလုပ်လို့ ဓတ်ရိုက်ခံလေရဲ့ …. သို့ပေမယ့် ဖြစ်ချင်တော့ စွန်ရဲလို မျက်လုံးပေါင်းများစွာရှိနေတာကို မေ့သွားတာလား ၊ ဂရုမစိုက်တာလားတော့ မပြောတတ် ၊ သေချာပြန်ကြည့် …

MacBook ရဲ့ webcam နဲ့ microphone ကို တိပ်နဲ့ ကပ်ထားတာ။ 😀 😀

blog-Mark-Zuckerberg-Tape-Facebook-Instagram-1

ဘယ်ကမှန်းမသိ ရောက်လာတတ်တဲ့ hacker တွေက မတော်လို့များ laptop ရဲ့ webcam ကို hack ပြီး ကိုယ့်ကို တစ်နေ့လုံး စောင့်ကြည့်နေရင် ဘယ့်နယ်လုပ်မတုန်း …. ကိုယ်တွေတောင် ခပ်လန့်လန့်ဆို သန်းကြွယ် တွေခမျာ ပိုလန့်မပေါ့၊ ဒါနဲ့ပဲ သူ့ခမျာ တိပ်တွေ ကပ်ထားရရှာတာ။ 😛 😀

ဒါနဲ့ပဲ ဒီနေ့ လျှောက်ဖတ်ကြည့်တော့ သူတင်ဘယ်ဟုတ်မလဲ ၊ FBI Director James Comey က သူလည်း အရင်ကတည်းက အဲ့လိုပဲ ကပ်ထားတာပါတဲ့။ ဘာလို့လည်းဆို … သူထက် ပိုပြီး ကျွမ်းကျင်တတ်မြောက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်က အဲ့လို ကပ်ထားတာတွေလို့ ၊ သူတောင် လုပ်ဖို့ လိုတယ်ဆို ကိုယ်လည် လုပ်သင့်တယ် ထင်လို့ပါတဲ့ …. ကဲ …

ကပ်ကြမလား …. 😛 😀

Source: Gizmodo via The Next Web. Fortune.

Leave a Reply

Your email address will not be published. Required fields are marked *