3.5 mm jack headphone ကို နှုတ်ဆက်ရတော့မလား

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ခေတ်က ပါးနိုင်သမ ျှ ပါးကြတဲ့ ခေတ်ကိုး…

အခုလည်း iPhone အသစ်ထွက်ရင် ပါနေကျ 3.5mm headphone jack ကိုဖြုတ်ပစ်တော့မယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။ ဖုန်းက ပါးချင်ပေမယ့် headphone ပေါက်က ကန့်လန့် ဖြစ်နေတဲ့ ပုံပဲဗျ။ ဒါကြောင့် အဲ့ဒီ 3.5mm headphone jack အဝိုင်းလေးကိုဖြုတ် ၊ အားသွင်းတဲ့ lightning ပေါက်မှာပဲ headphone ကိုထိုး ၊ ပိုပါးတဲ့ ဖုန်းကို သုံး…. အဲ့ဒီလို

blog-iphone-to-ditch-headphone-jack-2

iPhone မှာ lightning တစ်ပေါက်ပဲ ပါပြီး ၊ အဲ့ဒီ lightning ပေါက်က ဖက်စုံသုံး ၊ all in one ဖြစ်တော့မယ့် သဘောပဲ ၊ နောက်သဘောက တော့ MacBook 12 inch တွေလို ၊ အားသွငး်ထားရင် ဘာမှ ထပ်တပ်ဖို့ မစဉ်းစား နဲ့တော့ ၊ ဘာလုပ်လုပ် ၁ ပေါက်ပဲ ရှိတော့ ၊ အလှည့်နဲ့ သုံး ရမယ့် သဘောာ ရှိပြန်ရော..

ဒါပေမယ့် Apple ကတော့ ပန်းသီး ၊ ပန်းသီးကတော့ Apple ဖြစ်စမြဲပါ။ သမိုင်းကြောင်းကို ပြန်လှန်ရရင် Floppy disk တွေ ၊ မသုံးနဲ့တော့ ဆိုပြီး iMac က ဖြုတ်ပစ်တာ ၁၉၉၈ ။ နောက် သုံးလို့ အဆင်ပြေလှပါပြီရဲ့ဆိုတဲ့ iPhone / iPad connector – 30pin connector ကို သူ့တိုဖာသာ သူတို့ ဖြုတ် … ပိုကောင်းတဲ့ အခု lightning cable လေးနဲ့ အစားထိုးပြန်ရော ၊ နောက် MacBook ဆိုလည်းကြည့် ၊ ကြာရင် ဒုက္ခပေးမယ့် CD Drive ကြီး ဖြုတ်ပစ်လိုက်တာ … အခုတော့လည်း CD မသုံးပဲ တခြားနည်းတွေ အဆင်ပြေလို့ပဲ …

တစ်ခုတော့ ရှိတာပေါ့ဗျာ … ကိုယ့်စိတ်ကြိုက် earphone / headphone လေးတွေတော့ iPhone အသစ် မှာ သုံးလို့ မရတော့ဘူးပေါ့။ ဟိုပြော ဒီပြော ပြောကြတာက lighting က power ပေး နိုင်လို့ အားသွင်းပြီးသုံးရတဲ့ earphone တွေ ဆိုရင် ဖုန်းကနေ အားပြန် သွင်းဖို့လည်း ဖြစ်လာ နိုင်တယ်တဲ့ဗျ။ ဒါဆိုရင်တော့ charger နဲ့ ကြိုး ၁ ချောင်း လျော့သွားဦးမှာ…

ဒါကတော့ အခု လက်ရှိ Philips က ထုတ်ထားတဲ့ lightning connector သုံး headphone ပါ။

blog-iphone-to-ditch-headphone-jack-1

မသိဘူးနော် ၊ သတင်းကတော့ ကောလဟာလ လိုလို အမှန်လိုလို အဆင့်ပဲ ရှိသေးတာ ၊ တကယ် မဟုတ်ရင်တော့ Myanmar Lifesyle လည်းမသိဘူး … 😛 😀

အပျော်ပါ … Twitter သုံးတယ်ဆိုရင် ဒီ poll လေး ဖြေသွားပေးရင်လည်း ကျေးဇူး ကမ္ဘာ ……

Source: Redmondpie, TheNextWeb

Leave a Reply

Your email address will not be published. Required fields are marked *