iPhone 7 တဲ့ ၊ leak ပြန်ပြီ

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ဒီရက်တော့ iPhone 7 လို့ ယူဆရတဲ့ ပုံက အင်တာနက်မှာ leak ဖြစ်လာတယ်ဗျ။ ပြောကြတာတော့ production line က ထွက်လာတဲ့ ပုံတဲ့ ၊ မပြောတတ်ဘူးဗျ။ leak တွေကလည်း ခပ်များများနဲ့ ဆိုတော့ အမှန်ပဲလား ၊ China clone iPhone ကြီးလားဆိုတာတော့ …

blog-iphone-7-leak-1

ပုံက အမှန်ပဲဆိုရင် တလောက သတင်းထွက်ထားတဲ့ dual camera နဲ့ iPhone 7 ဖြစ်မယ် ဆိုတာ အမှန်များလား မသိ ၊ ဘယ်ဖက် ပုံထဲမှာ ကြည့်ကြည့်ဗျ။ အောက်ဖက်မှာ အစက်သုံးစက်နဲ့ ၊ အဲ့ဒါ iPad Pro မှာ ပါခဲ့တဲ့ smart connector နဲ့ တူသလိုလို ၊ ဟိုမှာတော့ keyboard တို့ ဘာတို့ ချိတ်ဖို့ သုံးတယ်ဆိုတော့ ၊ ဒီမှာကျ ဘာ accessory တွေများ ထုတ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာ…

ဒီပုံကို အခြေခံပြီးတော့ စိတ်ကူးကွန့်မြူးသူတွေကတော့ ဒီလို စိတ်ကူးနဲ့ ရူးထားတာလည်း ရှိပြန်ရော …

blog-iphone-7-leak-2

ဒါပေမယ့် ကင်မရာက အဲ့လိုပဲ ထွက်နေမှာလား ??? ဒန့်တန်….

တလောကတော့ iPhone အသစ်ရဲ့ ကင်မရာမှာ အဲ့လို မထွက်တော့ဘူး ဆိုပြီး Samsung ကို လှောင်ထားတဲ့ သတင်းလည်း ရှိတော့ ၊ အမှန်တကယ်သာ ကင်မရာက ထွက်နေရင်တော့ ဒီတခါကျ Samsung fan တွေက ဝိုင်းလှောင်မှာတော့ မြင်ယောင်မိသေး … ဟိဟိ

😛 😀

Source: RedmondPie

Leave a Reply

Your email address will not be published. Required fields are marked *