HTC ရဲ့ Cameras 10

blog-HTC_10-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြောသာပြောရတယ် ၊ HTC fan တွေကိုလည်း ကြောက်ရသေး … ၊ တွေ့တဲ့နေရာ ထုမယ် လို့ ကျိန်းထားလို့ 😛 😀

ဒီလိုလေ … ထုတ်မယ့် ပစ္စည်းတွေကို leak လုပ်ပြတဲ့ နေရာမှာ HTC က အတော်ပဲ ဖန်တီမှုအားနည်း သလား မပြောတတ် ၊ သူ leak ရင် စိတ်ဝင်စားစရာက နည်းကနည်းနဲ့ ။ အခုလည်း HTC ရဲ့ official Twiiter account ကနေ ဒီလိုလေး leak လုပ်လာတယ် “World First, World Class, Front and Back” ဆိုပဲ …

သတင်းတွေထွက်ထားတာတော့ ကင်မရာက 12 megapixel ဖြစ်မယ် မှန်းထားတာကိုး ၊ 12 megapixel ဆိုရင် world frist မဟုတ်တော့ဘူးလေ ၊ S7 လည်း 12 megapixel ပဲကို ၊ ဒါဆို powerof10 ကရော ?? HTC က ထုတ်တဲ့ camera ၊ HTC Desire Eye မှာတော့ 13 megapixel camera ပါတော့ ၊ အဲ့ဒါ့များ HTC က ထုတ်မယ့် M10 အသစ်မှာ ပါလာမယ် ဆိုလိုချင်တာလား မသိ …

သေချာရေရာ မသိရသေးပေမယ့် ၊ ဧပြီလလောက်တော့ သတင်းအမှန်ထုတ်မယ် မှန်းတာပဲဗျ။ လောလောဆယ် ကောလဟာလ ကတော့ 5.15 inch QHD (2,560 x 1,440 pixel screen ဖြစ်မယ် ၊ 4GB RAM ဖြစ်မယ် ၊ USB Type C connector ဖြစ်မယ် ၊ ပုံကတော့ ဒီလိုဖြစ်မလား ဘာလား ၊ leak ဖြစ်ထားတာ ရှိတယ် ဆိုတာပါ။

blog-HTC-Logo-3-2

HTC Fan တွေနော် ၊ မကောင်းတာ တစ်ခုမှ မပြောထားဘူးနော် .. ဟဲဟဲ 😛 😀

Source: HTC, Mashable

Leave a Reply

Your email address will not be published. Required fields are marked *