P9 လည်း ကင်မရာ ၂ လုံး ပဲ တဲ့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီပုံလေး ကြည့်ပြီး ၊ P9 ပါလို့ ပြောရမှာတော့ အခက်။ ဒါပေမယ့် အနောက် ကမ္ဘာက ဆရာတွေ က P9 လို့ပဲ ပြောသဗျ။ ဟုတ်တယ်လေ။ Huawei P9 ပေ့ါ။ အခု Huawei တွေ ခေတ်စားနေတာ သိတယ် မလား ၊ Nexus ဆိုလည်း Huaweismartwatch ဆိုုလည်း Huawei ။ ရှေ့လေ ျှာက် Huawei က စျေးကြီးတဲ့ ဖုန်းတွေဖက်ပဲ လှမ်းမယ့် သဘောရှိတယ်ဗျ။

blog-p9-rumour

ဒီပုံလေ ၊ သူက dual camera ကို ရည်ရွယ်ထားတာတဲ့ ခင်ဗျ။ အသစ်ထွက်လာမယ့် P9 မှာ ကင်မရာက dual camera ဖြစ်မယ်၊ flash အတွက် အပေါက်ပြီး နောက် တစ်ပေါက်က laser autofocus ရဲ့ sensor အတွက်တဲ့။ ဓာတ်ပုုံရိုက်ဖို့ focus ဖမ်းတဲ့ အခါ လေဆာနဲ့ ဟောသလို ၊ ဟောသလို ဖမ်းမလို့ လား မသိ၊ သဘောပြောတာပါ ၊ ဖမ်းမယ့်ဖမ်း မျက်စိနဲ့တော့ မမြင်ရလောက်ဘူးရယ်။ သူတို့ ပြောကြတာပဲ အဲ့ဒီ laser focus က နောက်ဆို ဖုန်းတွေမှာ အတော်ကိုသုံးပြီး အရမ်းကို နာမည်ကြီးလာမှာ ဆိုပဲ။

ပြီးတော့ ဒီ P9 က LTE နဲ့ Deluxe ဆိုပြီး ၂ မျိုး ထုတ်ဦးမှာတဲ့။

ဘာမှန်းတော့ မသိသေးပါဘူးဗျာ။ ဒီပုံလေးကိုပဲ ကြည့်ပြီး လောလောဆယ် Huawei ရဲ့ P9 ဆိုပြီး မှန်းဆ ထားကြတာကို ကျွန်တေ်ာများ Myanmar Lifestyle က ပြန်ပြီး ဖောက်သည် ချရတာပါပဲခင်ဗျ။ သေချာတာတွေ သိမှ ၊ နောက်ထပ် …

🙂 😀

Source: GSM Arena

Leave a Reply

Your email address will not be published. Required fields are marked *