Huawei က Watch ထုတ်ပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Huawei ဆိုလိုက်ရင် စျေးသက်သာတဲ့ ဖုန်း တစ်လုံးလို့ပဲ ပြေးမြင်မိမှပါ။ ဒီလို ဆိုရင်တော့ ကိုယ်တစ်ယောက်တည်း ဖြစ်ဟန် မတူဘူး ခင်ဗျ။ ခု Huawei က လည်း ဒီလို အမြင်ကို ပြောင်းလဲ ဖို့ အတွက် high end ပစ္စည်းတွေ အမျိုးမျိုးထုတ်ပြီး ဆွဲတင်လာနေတာ သိသိသာသာ ကြီးပါ။

ခု .. သတင်းတွေ ထွက်ထားတဲ့ Huawei Watch လည်းအမှန် တကယ်ကြီး ထွက်လာပါပြီ။ Berlin မှာ ကျင်းပနေတဲ့ IFA Consumer Electronic Fair မှာ ပြသွားခဲ့တာပါ။

blog-hauwei-watch-3

Swiss watch တွေရဲ့ ဒီဇိုင်းတွေကို မူတည်ပြီး ဖန်တီးထားတာမို့ ၊ ဒီ Hauwai Watch လည်း နာရီနဲ့ တူတဲ့ နာရီလို့ပဲ ပြောလို့ ရပါတယ်။ (ပုံစံသာ နှိှုင်းလို့ ရချင်ရမယ် ၊ ဓာတ်ခဲ တခါလဲပြီးရင် နှစ်နဲ့ချီ ခံတဲ့ traditional နာရီတွေ နဲ့တော့ နှိုင်းလို့ မရဘူးပေါ့လေ 😛 😀 ) သုံးထားတဲ့ material ကတော့ 316L cold-forged stainless steel နဲ့ scratch-resistant, two-layer sapphire crystal display လို့ ပြောပါတယ် (ကျွန်တော်တော့ နားမလည်း ပါဘူးခင်ဗျ)

blog-hauwei-watch-1

နာရီက 42mm ဆိုတော့ Apple Watch နဲ့ အရွယ်တူတူ ပါပဲ။ ဒါပေမယ့် သူက နည်းနညး်လေး ပိုထူပါတယ် 11.3 mm နဲ့ Apple Watch က 10.5 mm ပါ။ ဒီ နာရီက နာရီနဲ့ တူတာလည်း မပြောနဲ့ traditional watch မှာလို ၊ crown, frame, lug, နာရီ သော့သီး ၊ ဖရိန် ၊ ကြိုးခွင်လို့ပဲ ပြောရမလား lug တွေ ပါပါတယ်။

blog-hauwei-watch-8

နာရီ screen ကတော့ 1.4 inch AMOLED display ကို 286 pixel per inch. အတွင်းမှာတော့ 1.2 GHz Qualcomm Snapdragon 400, RAM က 512, internal storage က 4GB ကိုမှ 300mAh battery နဲ့ ပါ။ Battery ကတော့ ၂ ရက် ခံတယ်လို့ rating လုပ်ထားပေမယ့် ဒါက ကျွန်တော်ထင်တယ်လေ Android Wear တွေ ရဲ့ Always On display ကို ပိတ်ထားမှ ၂ ရက်ဆိုတာ ဖြစ်လောက်မယ်ထင်တယ်။

blog-hauwei-watch-4

Charging ကတော့ ၄၅ မိနစ် သွင်းရင် ၈၀% ၊ ရ၅ မိနစ် သွင်းရင် ၁၀၀% ၊ သူ့မှာပါတဲ့ magnetic အားသွင်းခုံလေးမှာပဲ သွင်းရမှာ။ Android Wear တင်ထားမှာမို့ Android ဖုန်းတွေ အပြင် iPhone တွေနဲလည်း အလုပ်လုပ်နုုိင်မယ်လေ ၊ ဟုုိနေ့က ကျွန်တော်ရေးသလိုု ဘိုလို ပြောပြီး တောင်မေး မြောက်ခိုင်း တာတွေလည်း ရမှာပေါ့ 😛 😀

Six-axis motion sensor, barometric sensor, heart rate monitor တွေ နဲ့ sleep monitor တွေလည်း ပါမှာ။ အိပ်တာလည်းတိုင်း ၊ လမး်လျှောက်ရင်လည်း တိုင် ၊ ပြေးလွှားလှုပ်ရှားရင်လည်းတိုင်း ၊ အစုံတိုင်းလို့ အိုကေတာပေါ့ ။

blog-hauwei-watch-7

အရောင်တွေက gold, silver, black ၃ ရောင်ထွက်မယ် ၊ ကြိုးတွေက steel ရော leather ရော စျေးကလည်း $350 – $800 အစုံပဲဗျ။ Steel version ကိုမှ leather ကြိုးနဲ့ ဆိုရင် $350 ၊ metal ကြိုးနဲ့ ဆိုရင် $400။ Steel ကိုမှ black-coated steel ဆိုရင် $450. Steel ကိုမှ rose gold version ကို leather ကြိုးနဲ့ ဆိုရင် $700. rose gold ကြိုးနဲ့ ဆိုရင် $800… (phew)

blog-hauwei-watch-2

September 17 ကျရင် စရောင်းမှာပါတဲ့ဗျာ။

🙂 😀

Source: Digital Trends

Leave a Reply

Your email address will not be published. Required fields are marked *