Google Nexus တကယ်ထွက်ပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

တလောကတည်းက ဟိုသတင်း ဒီသတင်း ၊ ဟိုပုံ ဒီပုံတွေ ထွက်နေတဲ့ Google Nexus က အဲဒီ ဟိုသတင်း ဒီသတင်း ၊ ဟိုပုံ ဒီပုံတွေ အတိုင်းကိုပဲ official ထွက်လာ ပါပြီဗျာ။

ပုံတွေထွက်တုန်းက Huawei နဲ့ Google ပူးပေါင်းထားတဲ့ Nexus P ကို ကြည့်ရတာ ရေငုပ်သဘောင်္ပေါ်က periscope ကိုပဲ ပြေးပြေးမြင်မိတာနဲ့ ၊ အမှန်တကယ် ထွက်လာတဲ့ အခါ ပုံပြောင်းနေရင် ကောင်းမယ်လို့ တစ်ကိုယ်တည်း တွေးမိပေမယ့် ၊ ချစ်တိုင်လည်း မငြား ၊ ဆုတောင်းတိုင်းလည်း မပြည့် ဆိုသလို ဟဲဟဲ… ခု official ထွက်လာတော့လည်း အဲ့ဒီ periscope ကြီးနဲ့ပဲဗျာ … 😛 😀

blog-nexus-official-3

ဒါပေမယ့် Google မှာ အကြောငး်ပြချက် ရှိပါတယ်။ Google က သူတို့ရဲ့ Nexus ဖုန်းကို စူပါ စူပါ ကင်မရာ နဲ့ ဖြစ်ချင် ပေမယ့် ၊ စူပါ စူပါ ကင်မရာ အတိုင်းဆိုရင် ဖုန်းက ထူတော့မယ်လေ။ ဒါကြောင့် ကင်မရာကို ဖုန်း အပေါ်ဖက်ကို ရွေ့ ၊ ကင်မရာမှာထူပြီး အောက်ဖက်ကို ပါးချထားတာကြောင့် ၊ အခုလို periscope ဒီဇိုင်းလေး ဖြစ်နေရတာပါလို့ ရှင်းပြထားပါတယ်။ ဒါကြောင့်လည်း LG ဖက်မှာလည်း ကင်မရာက မီးတောင်လေးလို့ ချွန်ထွက်နေတာ။ ဒါ Google ချည်းပဲ လိမ့်ပြောလို့ ဘယ်ရမလဲ ၊ S6 ဆိုလည်း ကြည့် ၊ ကင်မရာလေးက သီးသန့် တောင်ကုန်းလေးနဲ့ …

blog-nexus-official-4

ဒါနဲ့ ပဲခု Huawei နဲ့ ပေါင်းတဲ့ Nexus 6P ရယ် ၊ LG နဲ့ ပေါင်းတဲ့ Nexus 5X ရယ် ထွက်ပါလေရော …

ကျွန်တော် ဒီနေ့ မနက်ကတည်းက အနောက်ကမ္ဘာဖက်က သတင်းတွေ တော်တော်များများ ဖတ်ကြည့်ပေမယ့် သူတို့က LG နဲ့ Huawei အာရှသားချင်း တူတူ Huawei ကို သိပ်အားမပေးချင်ဘူးဗျ။ ဒါလည်း အရင်က Huawei က low end phone တွေပဲ ထုုုတ်တဲ့ image ကြောင့် ဖြစ်မယ် မှန်းတာပါပဲလေ။ ဒါပေမယ့် အခု Huawei Nexus P က အရင်က Huawei တွေကို မေ့ထားမယ် ဆိုရင်တော့ အတော်ကို အဆင့်မြင့်တယ်လို့ ပြောလို့ ရတယ်ဗျ။ All metal, unibody လေး… (periscope လေးကလွဲရင် အားလုံး ချစ်စရာလေးရယ်)

[youtube video_id=”4cAHL4LMNlY” width=”640″ height=”360″ ]

ဘာထူးခြားလည်းဆိုတော့ Huawei Nexus 6P က 5.7 inch ကိုမှ Gorilla Glass 4 နဲ့ LG Nexus 5x ကျ 5.2 inch ကိုမှ Gorilla Glass 3 နဲ့ ။ ပြီးတော့ charging သွင်းတဲ့ အခါ ခေါင်းမှန်ရဲ့လား အပေါ် ၊ အောင် လှန်လော ကြည့်စရမလိုပဲ ကြိုက်သလို ထိုးသွင်း အဆင်ပြေတဲ့ Type C port နဲ့ပါ။

[youtube video_id=”QLqHZLdt_jE” width=”640″ height=”360″ ]

နောက် fingerprint က Android က အသစ်ထုတ်ပေးပြီး ၊ ဒီ Nexus ဖုန်းတွေမှာ တပါတည်း တင်ပေးလာမယ့် Android 6.0 Marshmallow နဲ့တွဲရင် ပိုကောင်း ပိုလုံခြုံမယ် ပြောတဲ့ Nexus Imprint တဲ့ ၊ ဘာတွေ ဘယ်လို ကောင်းမလဲတော့ သေချာ မသိရသေဘူးရယ် …

blog-nexus-official-2

မထူးခြားတာကတော့ wireless charging မပါဘူး ၊ နောက် စူပါဆိုတဲ့ Nexus camera က Optical Image Stabilization – OIS မပါဘူးဆိုုတော့ လက်တုန် ၊ ခြေတုန် ကျွန်တော်တို့လို ဆိုရင်တော့ နည်းနည်း အခက်အခဲ ရှိမယ်ဗျ။ Megapixel က Huawei Nexus 6P မှာ – 12.3MP, 8MP. LG Nexus 5X မှာတော့ 12.3, 5 MP ပါ။

ဒါနဲ့ အခုခေတ် ဖုန်းနာမည်တွေ ပြန်ရွတ်ပြဦးမယ် … S6, S6 Edge, S6 Edge Plus, iPhone 6, iPhone 6s, iPhone 6 Plus, iPhone 6s Plus … 6တွေ ၊ S တွေ ၊ P တွေ ၊ Plus တွေ ၊ Edge တွေနဲ့ ကို … ရွံပေါ်ရှဉ့်ပြေး ၊ ရှဉ့်မွှေးရွံမလူး…

😛 😀

Source: Redmond Pie, Wired, Engadget, Android Central

Leave a Reply

Your email address will not be published. Required fields are marked *