Huawei Nexus P လာပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Google ရဲ့ ပွဲ့တော့ ၂၉ ရက်နေ့မှာ ရက်သတ်မှတ်ပြီး သလို ၊ Nexus ဖုန်းတွေကလည်း ပြမယ့်ထဲမှာ ပါမှာ သေချာ ပြီးသားပါ။

ထုံးစံအတိုင်း ရက်ကလည်း နီးလာတာနဲ့ Huawei ရဲ့ Nexus phone အသစ် ပုံတွေ ပျံလာပြန်ပါတယ်။ Nexus 6P လို့ နာမည်ပေးထားပြီး Google က Huawei နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Nexus ဖုန်း အသစ်က ၅.၇ လက်မ ကို 1440p resolution လို့သတင်းထွက်လာတာပါ။ ဖုန်းရဲ့ packing ပုံကတော့ အောက်က ပုံ တဲ့ ခင်ဗျ။ စာသားဒီဇိုင်းတွေကတော့ အလန်းဇယားဗျ ၊ နော…

blog-nexus6p-leak-1

နောက်ဖက်ကို ကြည့်တော့ ၊ သူများ အတွက်တော့ မသိပေမယ့် ၊ ကျွန်တော့် အတွက်တော့ ခပ်ဆန်းဆန်းရယ် ၊ အမဲတန်းကြီးထဲမှာ camera, flash စတာတွေ မှာမယ့် သဘောပေါ့။ အပြင်မှာတော့ ဘယ်လို နေမယ် မသိပေမယ့် ပုံထဲမှာတော့ ကြည့်ရတာ တမျိုးကြီးရယ်။ နောက်ဖက်က အဝိုင်းလေးကတော့ fingerprint reader ပါတဲ့ ခင်ဗျ။

blog-nexus6p-leak-2

Leak ဖြစ်ထားတဲ့ specification တွေကတော့ Snapdragon 810 processor, USB Type C charging port စတာတွေ ပါပြီး ၊ 32 GB, 64 GB, 128 GB စသဖြင့် ထုတ်မယ်လို့ သတင်းထွက်ထားလေရဲ့ ။

Huawei ကလည်း ခေသူ မဟုတ်တော့ဘူး နော် ဆရာ – ဆရာမ တို့ ၊ နောက်ဆို high end Huawei device တွေ ပိုပြီး တွေ့လာရတော့မှာ…

🙂 😀

Source: 9 to 5 Google

Leave a Reply

Your email address will not be published. Required fields are marked *