Nexus တွေ တကယ်လာပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အသံတွေထွက်နေတဲ့ Google ရဲ့ Nexus ဖုန်း အသစ်တွေကတော့ ပုံပေါ်သလောက်ရှိလာပြီ ခင်ဗျ။ Google ကလည်း ပွဲကျငး်ပမယ့် ရက် ၊ အချိန်တွေကို official ဖိတ် နေပါပြီ။ ၂၉ ရက်နေ့ ဆိုပါတော့ဗျာ။ ကျွန်တော်တို့ ဆီမှာတော့ ည ဖြစ်မှာပေါ့။ ဖိတ်ထားတဲ့ အထဲမှာ အောက်ဆုံး အကြောင်းက hand-on time တွေ ရှိမယ် ဆိုတော့ ကိုင်ကြည့်လို့ ရတဲ့ ပစ္စည်းသစ်တွေ ကတော့ သေချာ ပါပြီပဲ…

blog-Google-Event-1

သူတို့တွေ ပြောနေတဲ့ LG က တစ်လုံး ၊ Huawei က တစ်လုံး ဆိုတာ အမှန်ပဲ ဖြစ်ဖို့ များပါတယ်။ LG က တော့ Nexus 5X တဲ့ ၊ Huawei ကတော့ Nexus 6P တဲ့ ၊ ဆရာတွေ ခုကတည်းက မှန်းဆပြီး နာမည်တွေ ပေးထားနှင့်ပြီ။

blog-Google-Event-2

အပေါ်ပုံကတော့ LG ရဲ့ Nexus 5X ပဲ ဖြစ်ဖို့ သေချာသလောက် ရှိနေပါပြီ။ နောက်ဖက်မှာ dual-LED flash, fingerprint reader ကတော့ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပဲ ခင်ဗျ။ မမြင်ရပဲ ရမ်းတုတ်ကြတဲ့ ဆရာတွေကတော့ ဒီဖုန်း နောက်ဖက်ကို ကြည့်ပြီး 5.2 inch screen ဖြစ်မယ်လို့ မှန်းကြပါတယ်။

blog-Google-Event-3

နောက် Huawei ဖက်မှာတော့ ဒီပုံလေး leak ဖြစ်ထားတာ ရှိတယ်ခင်ဗျ။ 5.7 inch ဖြစ်မယ်လို့ ပြောကြပါတယ်။ ဒီ Huawei Nexus 6P မှာ storage က 128GB နဲ့ ဝယ်လို့ ရမယ်ဆိုတဲ့ သတင်းထွက်ရှိပါတယ်။ ပုံမှန်အတိုင်း 32GB, 64GB စသဖြင့် ထုတ်ဖို့ ရှိပြီး ၊ တစ်မျိုးနဲ့ တစ်မျိုးကို ဒေါ်လာ ၅၀ ၊ ၁၀၀ စသဖြင့် ကွာသွားမယ်လို့ ပြောကြတာပါပဲ လေ…

၂၉ ရက်နေ့မှပဲ အတိအကျ သိရတော့မှာ

🙂 😀

Source: Redmond Pie, GSM Arena

Leave a Reply

Your email address will not be published. Required fields are marked *