How to Set Up Your Desk Properly

How to set up your desk properly.

နေ့စဉ်နဲ့အမျှ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရတဲ့ ကျွန်တော်တို့ တွေ အလုပ်စားပွဲကို ကိုယ်နဲ့ ကိုက်အောင် သေချာလေး ပြင်ဆင်ထားမှ ရေရှည်မှာ ကျန်းမာရေးအတွက် သင့်တော်သလို အလုပ်လဲ ပိုတွင်စေမှာ အသေအချာပါ။

ဒီတော့ ကျွန်တော်တို့ အလုပ်စားပွဲကို ဘယ်လိုလေး ပြင်ဆင်မလဲ ဆိုတာ ခပ်မြန်မြန်လေး လေ့လာကြည့်ရအောင်ဗျာ။

အလုပ်စားပွဲကို ပြင်ဆင်မယ်သာ ပြောကြတာ၊ အမှန်က အလုပ်စားပွဲတွေက standard size readymade တွေပဲ ဝယ်ရတာမို့ ပြင်ဆင်ခြင်း ပြင်ဆင် ထိုင်ခုံကိုပဲ စပြီး ပြင်ဆင်ရမှာပါ။

how to set up your desk

နံပါတ် ၁ က ထိုင်မယ့်ခုံရဲ့ hydraulic ကောင်းဖို့လိုပါတယ်။ ကျွန်တော် ၂၀၀၄-၀၅ ခုနှစ် တက္ကသိုလ်ပြီးတည်းက ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ သက်တမ်းတစ်လျှောက်မှာ Hydraulic ညောင်းလို့ သုံးမကောင်းတော့တဲ့ ထိုင်ခုံတွေ အမျိုးမျိုး ကြုံခဲ့ရဖူးပါတယ်။ ဒါကြောင့် ပထမဆုံး အနေနဲ့ ထိုင်ခုံ ရွေးမယ်ဆိုရင် quality ကောင်းတာ အပြင် ၊ after sales service အနေနဲ့ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ကြာတဲ့အခါ hydraulic ပြန်ပြင်မယ်ဆိုရင် တာဝန်ယူပြီး ပြင်ပေးနိုင်ပါတယ်ဆိုတဲ့ ဆိုင်ကိုပဲ ရွေးသင့် ပါတယ်ဗျာ။

Hydraulic ကောင်းကောင်း အလုပ်လုပ်တဲ့ ထိုင်ခုံ ရပြီးပြီဆိုရင် အနိမ့်အမြင့်ချိန်ဖို့ အတွက်တော့ သိပ်အာရုံစားနေစရာ မလိုပါဘူး။ စားပွဲပေါ်ကို စာရိုက်မယ့် ပုံစံ အတိုင်း လက်တင်လိုက်ပါဗျာ။ အဲ့လို တင်လိုက်ပြီး တံတောင်ဆစ်နေရာမှာ ၉၀ ဒီဂရီ ဖြစ်တဲ့ အနေအထားအထိ hydraulic ကို အားကိုးပြီး ထိုင်ခုံကို မြှင့်လိုက်ပါဗျာ။

How to Set Up Your Desk Properly

ဒီနေရာမှာ အများစု ဖြစ်တတ်တာက monitor ကြည့်လို့ ကောင်းမယ့် အနေအထားဖြစ်အောင် ထိုင်ခုံ အနိမ့်အမြင့် လုပ်တတ်ကြတာပါ။ အမှန်က monitor ကို ခဏထား ၊ စာရိုက်တဲ့ အနေအထားအတိုင်း ထိုင်ခုံကို အရင် ချိန်ရမှာပါ။

ထိုင်ခုံကို အနိမ့်အမြင့်ချိန်လိုက်ပြီး အကယ်၍များ ခြေထောက်က မြေကြီးနဲ့ လွတ်နေတယ် ဆိုရင် ဘိုဆန်ဆန် footstool ပဲ ဝယ်သုံးသုံး ၊ မြန်မာဆန်ဆန် သနပ်ခါးလိမ်းတဲ့ ခုံပုလေးပဲ သုံးသုံး ၊ လွယ်လွယ်ကူကူ ရတဲ့ A4 စက္ကူထုပ် ၂ ထုပ်လောက်ပဲ သုံးသုံး သက်သက်သာသာ ဖြစ်အောင် ခြေထောက်အောက်မှာ ခုထားနိုင်ပါတယ်။

How to Set Up Your Desk Properly

ဒီ အဆင့်လေးတွေ ပြီးပြီးဆိုရင်တော့ ကျွန်တော်တို့ monitor ဖက်ကို လှည့်ကြဦးစို့ဗျ။

ပထမဆုံး monitor နဲ့ ကျွန်တော်တို့ရဲ့ အကွာအဝေး အမှန်ရဖို့ ငယ်ငယ်က PT ချိန်မှာ လုပ်ခဲ့ရသလို လက်တစ်လှမ်း အကွာ ဖြစ်အောင် monitor ကို အရှေ့အနောက် လိုအပ်တဲ့ adjustment လေးလုပ်လိုက်ရအောင်ဗျာ။

How to Set Up Your Desk Properly

ရှေ့တိုး နောက်ဆုတ် ချိန်ညှိပြီးပြီ ဆိုရင်တော့ အနိမ့်အမြင့် ချိန်ရမယ့် အချိန်ကို ရောက်ပါပြီ။ Monitor ရဲ့ အပေါ်ဖက် ဘောင်အစွန်းက ကိုယ့်မျက်လုံးနဲ့ တန်းနေဖို့ လိုတာမို့ ၊ လိုအပ်တဲ့ အမြင့်ကို ရဖို့ monitor အောက်မှာ တစ်ခုခု ခု ထားဖို့ လိုလာပါလိမ့်မယ်။

How to set up your desk properly

အလွယ်ဆုံးကတော့ A4 စက္ကူထုပ် ၁ ထုပ် သို့ မဟုတ် ၂ ထုပ်ခံပြီး ညှိလို့ရသလို ၊ ကျွန်တော်တို့ဆီမှာ monitor ကို မြှင့်ပေးပြီး အောက်က desk space ကိုလဲ အကျိုးရှိရှိ သုံးနိုင်ဖို့ monitor riser ရှိပါတယ်။ ဒီထက်မြင့်တဲ့ အမြင့်ကို လိုအပ်တယ် ဆိုရင် စားပွဲမှာ တပ်ပြီး လိုအပ်တဲ့ အနိမ့်အမြင့် ချိန်လို့ရတဲ့ monitor table mount လဲရှိပါတယ်ဗျာ။

How to set up your desk properly

Monitor ရဲ့ အပေါ်ဘောင်က မျက်လုံးနဲ့ တန်းနေအောင် ချိန်ဖို့လိုတယ်ဆိုပေမယ့် အကယ်၍ ကိုယ်သုံးတဲ့ monitor က သာမန်ထက် ပိုကြီးတဲ့ monitor ဆိုရင် အပေါ်ဘောင်မဟုတ်ပဲ ဘောင်နဲ့ ၂ လက်မလောက်ကို မျက်လုံးနဲ့ ချိန်မှ monitor တစ်ပြင်လုံးကို သက်သက်သာသာ ကြည့်နိုင်မယ့် ခြွင်းချက်တော့ ရှိတယ်ဗျ။

ဒါကြောင့် ၂၇ လက်မလောက်ရှိတဲ့ monitor screen size ကြီးကြီးကို သုံးတယ်ဆိုရင်တော့ ဘောင်ရဲ့ အောက် ၂ လက်မ ၊ ၃ လက်မ လောက်ကို မျက်စိနဲ့ တန်းအောင်ချိန်ပြီး သက်သက်သာသာ ဖြစ်အောင် ပြင်ဆင်နိုင်ပါတယ်ဗျာ။

အကယ်၍ ကိုယ်က laptop ၁ လုံးထဲ သုံးတယ် ဆိုရင်တော့ laptop ကို စားပွဲပေါ် ချပြီး မသုံးပဲ stand ပေါ် တင်ပြီး သုံးမှ ကြာကြာသုံးလို့ အဆင်ပြေမှာပါ။ ဒီတွက် ကျွန်တော်တို့ဆီမှာ laptop stand တွေလဲ အမျိုးမျိုး ရှိပါတယ်ဗျာ။

How to set up your desk properly

အကယ်၍ laptop ကိုမှ monitor ၂ လုံးချိတ်သုံးမယ်ဆိုရင် primary, secondary ပုံစံ သုံးမလား။ ၂ လုံးလုံး မျှသုံးမလားဆိုတာ စဉ်းစားရမှာပါ။ Primary, secondary ပုံစံ သုံးမယ်ဆိုရင်တော့ အဓိက သုံးမယ့် monitor ကို ရှေ့တည့်တည့်မှာထား ၊ secondary အလုံးကို ဘေးမှာ ၃၀ ဒီဂရီလောက် စောင်းပြီး ထားသုံးရင် အဆင်ပြေသလို အရွယ်စား နီးစပ်တဲ့ monitor ၂ လုံး သုံးရင်ပိုပြီး အဆင်ပြေပြေ ရှိပါတယ်။

How to set up your desk properly

တကယ်လို့ကိုယ့်အလုပ်က monitor ၂ လုံးကို အမြဲတူတူ ကြည့်နေရတယ်ဆိုရင်တော့ V ပုံစံ အတိုင်းထားပြီး သုံးသင့်ပါတယ်။ ဘယ်လိုပုံစံမျိုးပဲ သုံသုံး အဆင်ပြေပြေသုံးနိုင်မယ့် dual monitor table mount လဲ ကျွန်တော်တို့ဆီမှာ ရှိပါတယ်ဗျာ။

How to set up your desk properly

Computer တွေပြီးလို့ နောက်အရေးကြီး အချက်က ဖုန်းလာပြီး ရေးစရာ ခြစ်စရာ ပေါ်လာရင် ဖုန်းကို ပုံခုံးညှပ်ပြီး မပြောပဲ စာရေးမယ့်လက် မဟုတ်တဲ့ဖက်ကို ပြောင်းကိုင် ၊ လွတ်လွတ်လပ်လပ် ရေးခြစ်ရင် ရေရှည်မှာ ကျန်းမာရေးအတွက် ပိုသင့်တော်သလို …. မကြာခဏ လုပ်သင့်တဲ့ လေ့ကျင့်ခန်းပုံစံလေးတွေကိုလဲ ဒီအောက်က YouTube မှာ ကြည့်လို့ရပါတယ်ဗျာ။

Acknowledgment: World Street Journal ရဲ့ Ergonomic Expert Explains How to Set Up Your Desk YouTube clip ကို ကိုးကားပြီး ဒီ How to Set Up Your Desk Properly, Tips and Tricks ကို ရေးသားထားတာ ဖြစ်ပါတယ်ဗျာ။

Recommendations for you