How to Make Cotton Ball Fire Starters

ကျွန်တော်တို့ ငယ်ငယ်က မီးသွေးထက် မီတာခက ဈေးပိုကြီးတာ ၊ မီးမမှန်တာ ၊ ခေတ်မှီလျှပ်စစ်မီးဖို မရှိလို့ ချက်ရတာကြာတာ စတဲ့ အကြောင်းတွေကြောင့် လျှပ်စစ် မီးဖိုအစား ၊ မီးသွေး မီးဖို ပဲ သုံးခဲ့တာ များတယ်ဗျ။ ကလေးတွေ မီးမဆော့ရဘူး ဆိုပေမယ့် အဖိုးအဖွားတွေ သင်ပြပေးထားလို့ မီးမွှေးတာလောက်က သိပ်အခက်မတွေ့ပေမယ့် တခါတလေ ထင်းရှုးဆီ အများကြီး သုံးမိလို့ ကြိမ်းခံရတာလေး ဘာလေးတော့ ရှိတာပေါ့… ဟက်ဟက် …

အခု outdoor ခရီးတွေ ထွက်လာကြတော့ အိမ်မှာ ထင်းရှုးဆီနဲ့ မီးမွှေးတာတောင် တခါတလေ အခက်က ကြုံနေ ၊ outdoor မှာ စိုစိုစွတ်စွတ် ၊ လောင်စာရဖို့က ခက်ခက် နဲ့ ဘယ်လို မီးမွှေးရပါ့ လို့ စဉ်းစားမိရင်း ဒီ super easy cottonball fire starter လုပ်ပုံလုပ်နည်းလေး ပြောပြချင်သေးတယ်ဗျ။

လိုတဲ့ပစ္စည်းတွေက

How to make cotton ball fire starter - Cotton Ball

ဂွမ်း

cotton ball fire starter

ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ Vaseline ဆေးဗူး

How to make fire starter with cotton ball

လုပ်ပြီးသား ဂွမ်းလုံးတွေထည့်ဖို့ ဗူး / အိတ်

ပထမဆုံး ထည့်မယ့် ဗူး / အိတ်ကို cotton ball တွေ ထည့်တဲ့အခါ မတော်တဆ ကပ်မနေရအောင် Vaseline နည်းနည်း ပွတ်ထားလိုက်ပါဗျာ။

  • ဆိုင်ကနေ ဝယ်လို့ရတာက လုံးပြီးသား ဂွမ်းလုံးဆိုရင် ပြန့်သွားအောင် နည်းနည်းဖြန့်ထုတ်
  • Vaseline တွေကို နေရာကျန် မရှိအောင် ပွတ်
  • ပြီးရင် လက်နဲ့ ပြန်လုံးပြီး Vaseline သုတ်ထားတဲ့ ဗူး / အိတ်ထဲ ထည့်ထားလိုက်ရင် ပြီးပါပြီ

ဒီလို ဆိုရင် အသုံးလိုရင် အဆင်သင့်လွယ်လွယ်ကူကူသုံးနိုင်ပြီး သုံးထားတဲ့ Vaseline ပမာဏအလိုက် ၃ မိနစ်လောက်ထိ မီးလောင်နိုင်တဲ့ fire starter ရပါပြီ။

အဲ့ဒီ မှာ နည်းနည်း ထပ်ဆောင်းအသုံးဝင်မယ့် tips လေးတွေ ရှိသေးတယ်ဗျ။ ဂွမ်းလုံးလေးတွေကို ထုတ်သုံးတဲ့အခါ အလုံးလိုက်လေး မဟုတ်ပဲ ၂ စ ဖြစ်သွားအောင် ဆွဲထုတ် ၊ ဖြစ်လာတဲ့ အချွန်စလေးတွေကို အပေါ်ကို ထောင်ထားပြီး မီးညှိရင် ပိုပြီး မီးညှိရ လွယ်သလို ၊ ဂွမ်းလုံးတွေကို မြေကြီးပေါ်မချပဲ အခံ တစ်ခုခုပေါ် ချပြီးမှ မီးမွှေးရင် ဂွမ်းလုံးတွေမှာ ရှိတဲ့ Vaseline ဆီတွေက မြေကြီးထဲ စိမ့်ဝင်သွားပြီး အလဟသ မဖြစ်တော့လို့ ပိုပြီး ကြာကြာလောင်စေပါလိမ့်မယ်ဗျာ။

ကြာကြာလောင်စေတယ်ဆိုလို့ ဂွမ်းချည်းသက်သက်ကိုက လောင်စာ ဖြစ်နေပါပြီ။ Vaseline သုတ်စရာ မလိုပါဘူးဆိုတဲ့ အချက်မှာ ၊ Vaseline သုတ်ထားတဲ့ ဂွမ်းနဲ့ မသုတ်ထားတဲ့ ဂွမ်း တူတူမီးညှိတဲ့အခါ Vaseline သုတ်ထားတဲ့ ဂွမ်းက ၃ ဆ ပိုပြီး အချိန် ကြာကြာလောင်နိုင်သလို ၊ ရေစိုထားတဲ့ ဂွမ်းက မီးမကူးနိုင်တဲ့ အချိန်မှာ vaseline သုတ်ထားတဲ့ cotton ball တွေကတော့ မီးကူးနိုင်တယ်ဆိုတဲ့ YouTube လေးကိုလဲ ဒီ post ရဲ့ အောက်မှာ ကျွန်တော် ထည့်ပေးထားတာလေး ကြည့်လို့ရပါသေးတယ်ဗျာ။

ဒီ tip တွေ အတိုင်းလိုက်လုပ်ပြီး မီးညှိရလွယ်တဲ့ cotton ball fire starter တွေတော့ ရပါပြီ။ မီးဖြစ်အောင် လုပ်ဖို့ မီးခြစ် ကျန်ခဲ့မှ ဟုတ်ပေ့ မဖြစ် ရအောင် outdoor ပဲ သွားသွား ၊ backpacking ပဲလုပ်လုပ် အရေးပေါ်သုံးဖို့ fire starter လေးနဲ့အတူ ရေစိုခံတဲ့ မီးခြစ်လေးလဲ မမေ့နဲ့ဦးဗျို့ …. 🙂

Acknowledgement: ဒီ Cotton Ball Fire Starter tip ကို The Oregonian က တင်ထားတဲ့ Wilderness Survival Expert, Peter Kummerfeldt ရဲ့ How to make a fire with cotton balls and Vaseline YouTube clip ရယ် ၊ Aussie Hiker ရဲ့ Cotton Balls and Vaseline as a fire starter YouTube clip နဲ့ အတူ instructables.com ရဲ့ How to Make a Cotton Ball Fire Starter website page တို့ကို မှီးငြမ်း ကိုးကားပြီး ရေးသားထားတာ ဖြစ်ပါတယ်ဗျာ။

ဒီအောက်က clip လေးက intro နည်းနည်းရှည်တယ်ဗျ။ 1:16 ကိုကျော်ပြီး လိုရင်းကို ကြည့်ပါဗျာ 🙂

Crowd Favourites