Preventing Mosquito Bites

How to prevent mosquito bites

ခြင်လို့ ပြောလိုက်ရင် ၊ outdoor ခရီးသွားဖို့နေနေ အိမ်ထဲမှာ နေရင်းနဲ့တောင် ခြင်ရန်ကို ကြောက်နေရတယ်ဆိုတော့ ၊ ခြင်မကိုက်အောင် လိမ်းတဲ့ ခြင်ဆေး အကြောင်းကတော့ သိထားလို့ အကျိုးရှိမယ်ထင်တယ်ဗျ။

ခြင်ဆေး လို့ပြောတဲ့နေရာမှာ

  • အသားပေါ်သုံးတဲ့ ခြင်ဆေး (Insect repellent applied to skin)
  • အဝတ်အစားပေါ်သုံးတဲ့ ခြင်ဆေး (Insect repellent applied to clothing) နဲ့
  • ခြင်ဆေးလို့ ကျွန်တော်တို့ ယေဘုယျ ခေါ်ကြတဲ့ ထွန်းတဲ့/မှုတ်တဲ့ ခြင်ဆေး (Airborne insect repellent) ဆိုပြီး ၃ မျိုး ခွဲခြားနိုင်တယ်ဗျ။

ဒီလို ၃ မျိုး ရှိပေမယ့် ကျွန်တော်ကတော့ ဒီနေရာမှာ အသားပေါ်သုံးတဲ့ ခြင်ဆေးကိုပဲ အဓိကထား ရေးထားပါတယ်ဗျာ။

အသားပေါ် သုံးတဲ့ ခြင်နိုင်ဆေးမှာ အဓိက ပါဝင်ပစ္စည်းအနေနဲ့ DEET ကို အခြေခံလား Picaridin ကို အခြေခံလား သဘာဝပစ္စည်းတွေကို သုံးထားလားဆိုပြီး ၃ မျိုးရှိပါတယ်။ (ဒါကို ဗူးရဲ့ ပါဝင်ပစ္စည်း စာရင်းမှာ ကြည့်လို့ရပါတယ်) ကျွန်တော်ကတော့ ဒီမှာ DEET နဲ့ Picardin သုံးထားတာကိုပဲ ပြောပြပေးသွားပါမယ်ဗျာ။

Deet based mosquito repellent

ဒီ ၂ မျိုးမှာ ထူးထူးခြားခြား ကွာခြားတာက DEET အခြေပြု repellent တွေဟာ plastic နဲ့ synthetic တွေနဲ့ မတည့်တာကြောင့် လက်မဆေးပဲ နေကာမျက်မှန်ကို ကိုင်တာ တို့ ၊ trekking pole ကိုင်တာတို့ဆိုရင် ပစ္စည်းတွေစားတာ ၊ ထိခိုက်တာတွေ ဖြစ်နိုင်သလို ၊ backpack ၊ sleeping bag တို့နဲ့ ထိရင်လဲ ကွက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် outdoor သမားတွေ အတွက် outdoor gear တွေကို နမြောတတ်တယ်ဆိုရင် DEET အခြေပြု repellent တွေသုံးပြီးတိုင်း လက်ဆေးဖို့ လိုသလို ၊ outdoor gear တွေပေါ် တိုက်ရိုက်မထိအောင် သတိထားဖို့လဲ လိုတယ်ဗျ။

ဒါပမေယ့် DEET ရဲ့ အားသာချက်ကတော့ သူ့ကို ၁၉၄၀ ဝန်းကျင်လောက်တည်းက U.S Army က စတင် ဖန်တီးထားတာ ဖြစ်ပြီး သူက ခြင် ၊ ယင် ၊ ပိုးမွှား အနိုင်ဆုံး သက်တမ်းအရင့်ဆုံး ပစ္စည်း တစ်ခု ဖြစ်တာပါ။

picaridin based mosquito repellent

တစ်ဖက်က Picaridin ဖက်မှာတော့ သူက black pepper plant က သဘာဝအတိုင်းထွက်တဲ့ compound ကို သိပ္ဗံနည်းကျ ပြန်လည် ဖော်ထုတ်ထားတဲ့ ဓာတုဗေဒ ပစ္စည်းတစ်ခု ဖြစ်ပြီး ၊ DEET အခြေပြု ပစ္စည်းတွေလောက် သက်တမ်းနဲ့ သုတေသန မရင့်သေးပေမယ့် အားသာချက်ကတော့ outdoor gear တွေကို ထိခိုက်မှု မရှိတာပါ။

ဒါဆို ပါဝင်မှု ရာနှုန်းတွေဖက်ကို ဆက်သွားရရင် ဗူးရဲ့ label မှာ DEET ပါဝင်မှုမှာ ၃၀% လောက်ဆိုရင် အများဆုံး အခြေအနေရှိပြီလို့ ပြောလို့ရပြီး ၊ ၁၅% အောက်နည်းပြီး ပါတယ် ဆိုရင် တော့ ထိရောက်မှု မရှိတော့ဘူးလို့ ပြောကြပါတယ်။

Picaridin အခြေပြု ဖက်မှာတော့ ၂၀% ပါဝင်ရင် အမြင့်ဆုံးလို့ပြောလို့ရပြီး ၅% ဝန်းကျင်ဆိုရင်တော့ ထိရောက်မှု မရှိတော့ဘူးလို့ ပြောကြပါတယ်။

Deet ကိုပဲ သုံးသုံး Picaridin ကိုပဲ သုံးသုံး ဗူးမှာရေးထားတဲ့ သတ်မှတ်ထားတဲ့ အချိန်ဝန်းကျင်မှာ ပြန်ဖြန်း ၊ ပြန်လိမ်းပေးဖို့လိုပါတယ်။ ပြီးတော့ mosquito repellent သုံးတဲ့ နေရာမှာ အသားပေါ်နဲ့ အဝတ်အစားပေါ်သုံးနိုင်ပေမယ့် ၊ အဝတ်နဲ့ ဖုံးနေမယ့် under clothing နေရာတွေမှာတော့ မသုံးသင့်ပါဘူးတဲ့ဗျာ။

Outdoor Myanmar preventing mosquito bites

Outdoor ဆရာကြီးတွေရဲ့ အဆိုအရ အမွှေးရနံ့တွေက ခြင်တွေကို ပိုပြီး ဆွဲဆောင်စေလို့ outdoor သွားမယ်ဆိုရင် မမွှေးချင်နေပါစေ ၊ ခြင်ကိုက်သက်သာဖို့ fragrance တွေကို ရှောင်သင့်ပြီး…

နေ့ခင်းဖက်မှာ mosquito repellent လဲသုံး sunscreen လဲ သုံးဖို့လိုအပ်တယ်ဆိုရင်တော့ sunscreen ကို အရင်လိမ်း ၊ ခြောက်သွားအောင် ၁၅ မိနစ်လောက် အချိန်ပေးပြီးမှ ခြင်ဆေး ကို သုံးရမှာပါ။

ပြီးတော့ ခြင်ဆေး ပမာဏ များများ သုံးတာက ထိရောက်မှုပိုရှိတာနဲ့ မသက်ဆိုင်ပဲ ၊ နည်းနည်းသုံးသုံး များများသုံးသုံး အာနိသင် သက်တမ်း ရှိသလောက်သာ ခံမှာပါတဲ့ဗျာ။

ပြန်ပြီးခြုံငုံရရင် Mosquito repellent ဗူးမှာပါတဲ့ ပါဝင်ပစ္စည်းစာရင်းမှာ Deet ဆိုရင် ခြင်းပြေးဖို့ ပိုသေချာတယ် ၊ ဒါပေမယ့် outdoor gear တွေနဲ့ မထိမိအောင်တော့ ဂရုစိုက်ဖို့လိုမယ်။ Picaridin ပါဝင်တယ်ဆိုရင်တော့ outdoor gear တွေ ပျက်စီးမှာ ပူစရာမလိုလို့ outdoor သမားတွေက ပိုကြိုက်ကြပါတယ်။

Deet ပဲ ဖြစ်ဖြစ် Picaridin ဖြစ်ဖြစ် ၆ လအောက် ကလေးတွေ မှာ မသုံးရသလို ၊ အသက်ငယ်တဲ့ ကလေးတွေကိုလဲ ကိုယ်တိုင် မသုံးခိုင်းပဲ လူကြီးကကိုယ့်ရဲ့ လက်မှာ အရင်ဖြန်း ၊ ပြီးမှ ကလေးရဲ့ မျက်စိ ၊ ပါးစပ်တို့ မထိအောင် ဂရုစိုက်ပြီး လိမ်းပေးပါဗျာ။

Acknowledgment: ဒီ Preventing Mosquito Bites, outdoor tips ကို REI ရဲ့ How to Prevent Mosquito Bites, YouTube clip; REI website ရဲ့ How to Choose Insect Repellents, webpage; Consumer Reports website ရဲ့ Insect Repellent Buying Guide, webpage တို့ကို မှီငြမ်းပြီး ရေးသားထားတာပါဗျာ။

REI ရဲ့ How to Prevent Mosquito Bites, YouTube clip ကို ဒီမှာကြည့်လို့ ရသလို ….

Consumer Reports ရဲ့ အသည်းယားစရာ ခြင်တွေ ကိုက်ခံပြီး စမ်းသပ်ထားတဲ့ ဗီဒီယိုကိုလဲ Insect Repellent Buying Guide စာမျက်နှာမှာ ကြည့်လို့ရပါတယ်ဗျာ။