iPhone 7 ရဲ့ dual camera ဘယ်လို အလုပ်လုပ်မလဲ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

iPhone 7 ကျရင် ပါလာနိုင်ချေရှိတဲ့ dual camera နညး်ပညာနဲ့ ပတ်သက်ပြီး Apple က မူပိုင်ခွင့် တင်ထားတာတွေကို အခြေခံလို့ အကြောင်းဖန် ၊ dual camera ဘယ်လို အလုပ်လုပ်မလဲ ဆိုတဲ့ ကိစ္စ ဒီနေ့ ကွန်ယက်မှာ ဂယက်ရိုက်လာပါတယ်။ ခုက ၂ လုံးပြူးခေတ်မလား ၊ ကင်မရာ ၂ လုံးနဲ့မှ ဖုန်းရာဝင်တော့မယ့် ကိန်းရှိတယ်ဗျ။

ဒီလို …

iPhone နောက်ဖက်မှာ ကင်မရာ ၂ လုံးပါပေမယ့် ၊ သူက လက်ရှိ စျေးကွက်ထဲရောက်နှင့်နေပြီးတဲ့ ကင်မရာ ၂ လုံး ဖုနး်တွေလို ရိုက်ပြီးသား ပုံတွေကို နောက်မှ focus လိုက်ပြင်တာလောက်တော့ စဉ်းစားထားပုံ မပေါ်ဘူး ခင်ဗျ။

ကင်မရာ ၂ လုံးမှာ ၁ လုံးက လက်ရှိ 6s မှာပါတဲ့ wide angle lens ၊ နောက် ၁ လုံးက telephoto lens ဖြစ်မယ်။ သဘောကတော့ ဗျာ ၊ ရိုက်နေတဲ့ အချိန်မှာပဲ viewfinder လို့ပဲ ပြောပြော ၊ focus ဖြတ်တဲ့ နေရာလို့ပဲ ဆိုဆို ၊ screen ပေါ်က လေးထောင့်ကွက် ဖြစ်နေတဲ့ နေရာကို telephoto lens က အနီးကပ်ဆွဲပြီး မှတ်တမ်းတင်ထားမယ် ၊ ဒါကြောင့် ဓာတ်ပုံဆိုရင် ရိုက်ပြီးမှ zoom ဆွဲကြည့်ချင်ရင် အရင်လို မှုန်ဝါးဝါးမဟုတ်တော့ပဲ ဆွဲလေ ကြည်လေ ဖြစ်နေမယ့် သဘော …

blog-iPhone-7-dual-camera-concept

နောက် သဘော တစ်ခုက ဥပမာ ဘောလုံးပွဲကို သွားကြည့်လို့ ဗီဒီယို ရိုက်တယ် ဆိုပါစို့ဗျာ။ ဘောသမားက ဆွဲလာပြီ ၊ ဟိုဖက်က ၂ ယောက်ကို အလိမ်အခေါက် ပညာတွေ ပြလိုက်တဲ့ အခါ ၊ အဲ့ဒီ မြင်ကွင်းလေးကို zoom လေးဆွဲရိုက်ပြီး slow motion လေးပါ ထည့်ဦးမယ် ၊ ၂ ယောက်ကို ကျော်သွားတဲ့ အခါမှ ဟော … wide angle lens ကို ပြန်ပြောင်းပြီး ဘောတစ်ကွင်းလုံးမြင်ကွင်းနဲ့ ဆက်ရိုက်မယ် … အဲ့လို ရိုက်ကွက်တွေကို screen မှာ လက်ညိုးလေး ထိကာ ထိကာ ရိုက်သွားရုံပဲ … သာသာယာယာ ဖြစ်အောင် Apple က ဖန်တီးမယ့် သဘောထပ် ရှိတယ်ဗျ။

သဘောရှိ .. ဆိုုုတာ Apple က တင်ထားတဲ့ မူပိုင်ခွင့်ပဲ ရှိသေးတာကိုး… မူပိုင်ခွင့်တွေ တင်ပြီး တကယ့် လက်တွေ့ အကောင်အထည် မပေါ်တဲ့ ထဲမှာ Apple က ထိပ်ပဲ ။ ဒါနဲ့ ပြောပြရဦးမယ် ၂ လုံးပြုးခေတ် ဆိုလို့ Huawei က April ၆ မှာ London မှာ ပွဲ လုပ်မယ် ၊ ဖိတ်စာဝေနေပြီ ၊ သဘောကတော့ P9 ကို ချပြတော့မှာ ၊ P9 မှာ ၂ လုံးပြူး ကင်မရာပါမယ် ဆိုတဲ့ သဘော .. ဖိတ်စာကို တွေ့တယ်နော် .. ထိပ်ဆုံးမှာ ” ဝဝ ” ပုံလေး .. 😛 😀

blog-huawei-april-event

iPhone 7 ရဲ့ dual camera နဲ့ ပတ်သက်လို့တော့ မူပိုင်ခွင့်ထဲမှာ ပါတဲ့ အချက်အလက်တွေကို မြင်သာ ထင်သာအောင် ဒီအောက်က YouTube ကတော့ mockup လုပ်ပြထားလေရဲ့ ၊ ကြည့်ကြည့် … 😀 🙂

Source: MacRumour via RedmondPie

[youtube video_id=”ZdP7h_O2rzo” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *