S7 ကို ခွဲခြမ်းစိတ်ဖြာ ရာဝယ်

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ဒီကမ္ဘာဖက်ခြမ်းက လူတွေကတော့ S7 ကို ဘယ်နားနေမှန်း မသိသေးပေမယ့် ၊ အနောက်ကမ္ဘာက လူတွေများကျ ၊ S7 ကို ရေထဲ ပစ်ထည့်ပြီး စမ်းရတာနဲ့ ၊ တစ်စစီ ဖြုတ်ကြည့်ရတာနဲ့ အလုပ်ကို ရှုပ်လို့ …

အခုလည်း ဖုန်းဆိုရင် အကုန်ဖြုတ်ပြတဲ့ iFixit က S7 ကို ဖြုတ်ပြတော့ ၊ ဖုန်းက ကျွမ်းကျင်ပညာရှင်တွေ မဟုတ်ရင် ပြင်ဖို့ မလွယ်ပါဘူးတဲ့ ၊ ဒါကတော့ သူပြောမှလား 😛 😀

blog-s7-heat-pipe-1

အပြင်ဖက်မှာလည်း ဝက်အူ တစ်လုံးမှ မရှိပဲ ၊ အတွင်း component တွေ အားလုံးကိုလည်း water protection နဲ့ အထိုင်ချထားတာပါတဲ့။ ဘာဝက်အူမှ မသုံးထားလို့ ဖွင့်ရတာတောင် အားကြီးတဲ့ စုပ်ခွက်တွေ ၊ ဘာညာ သလကာ တွေနဲ့ ဖွင့်ရတယ် ပေါ့လေ …

ထူးခြား စိတ်ဝင်စားစရာက အထဲမှာ ကြေးပိုက်လေး တစ်ခု ပါလာတာ။

သွားမလုပ်နဲ့ ဆြာ ၊ ဆြာမတို့ ၊ အဲ့ဒါ heatpipe တဲ့ ၊ သူ့အထဲမှာ အရည်* ပါပြီး သူက ဖုန်းအတွင်းပိုင်း component တွေမှာ ဖြစ်နေတဲ့ အပူကို ဖုန်းရဲ့ metal frame ဆီ တွန်းပို့တဲ့ အလုပ်ကို လုပ်မှာပါတဲ့ဗျာ (* heatpipe အတွင်းမှာ အရည်လား ၊ အရည်ကို အငွ့ဖြစ်အောင် vaporize လုပ်ထားတာလားဆိုတာတော့ ကျွန်တော်သေချာ မပြောတတ်ဘူး ခင်ဗျ)

blog-s7-heat-pipe-2

ဘာပဲဖြစ်ဖြစ်ပါ။ သေချာတော့ အတွင်းကလီစာတွေ အကြောင်း နားမလည်ပေမယ့် ၊ Samsung ကို တအား မစ ပါနဲ့ ၊ သူ့ ခမျာ မီးပူလည်း မဟုတ်သလို ၊ car air con မှာ vent holder လေး နဲ့ တပ်ရတဲ့ ဖုန်းလည်း မဟုတ်တော့အောင် အထူး ကြိုးစား ထားပါတယ်… ဟိ … စတာနော် ၊ Samsung fan တွေ စိတ်မဆိုးကြေး …. 😛 😀

Source: iFixit via Android Police

ဒါနဲ့ Samsung က S7 Edge ကို ၂၀ ရက်နေ့ ရောင်းတော့မှာ ၊ Internet Journel မှာ တွေ့လိုက်တယ် 🙂 😀

blog-s7-heat-pipe-3

Leave a Reply

Your email address will not be published. Required fields are marked *