သတင်းထွက်လာတဲ့ Huawei P9

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Huawei က အသစ်ထုတ်မယ့် P9 နဲ့ ပတ်သက်ပြီး ပုံတစ်ချို့ online ပေါ်ထွက်လာတယ် ခင်ဗျ။ ဓာတ်ပုံတွေက အတော်ကြည်ပုံ ထောက်ရင်တော့ တမင်သက်သက် leak ဖြစ်လာတဲ့ ပုံပဲဗျ 😛 😀 ပုံထဲကအတိုင်းဆိုရင် P9 က ကင်မရာ ၂ လုံး နဲ့ ဖြစ်လာတော့မှာပါ။ ဒီ ကင်မရာ ၂ လုံးက ဓာတ်ပုံ ရိုက်ပြီးမှ focus ပြန်ချိန်တာတို့ ၊ အခြား ဘာဘာညာညာ function တွေ လုပ်လို့ရမယ်ပေါ့လေ…

blog-p9-leak-1

Huawei က P9 ကို P9 Premium, P9, P9 Lite နဲ့ P9 Max ဆိုပြီး ၄ မျိုး ထုတ်မယ်လို့ သတင်းထွက်တယ်ခင်ဗျ။ P9 Premium နဲ့ P9 ကတော့ screen size 5.2 inch 1080p ၊ မတူတဲ့ processor ၂ မျိုး ၊ 4 GB RAM နဲ့ 3GB RAM စတာတွေ ကွာသွားမယ် ထင်ပါတယ်။

blog-p9-leak-2

P9 Lite ကတော့ screen size သေးထားမယ့် သဘောရှိပြီး ၊ မှန်းတဲ့ အတိုင်းဆိုရင် P9 Max ကတော့ heavy load screen size ပေါ့၊ လက်မ အတိအကျ ကတော့ လောလောဆယ် သတင်းမထွက်သေးပါဘူးဗျာ။ P9 Premium မှာ 128 GB Storage ဖြစ်မယ်လို့လည်း ပြောတဲ့သူက ပြောသလို ၊ ပုံအရကတော charging port က USB Type C ဖြစ်မယ် ၊ camera က 12 megapixel sensor ၂ လုံး ဖြစ်မယ် ၊ စသဖြင့် လေထဲမှာ တော်ကီများ ရှိနေပြီဖြစ်ပါကြောင်း … 😀 🙂

Source: Venturebeat via Android Police

Leave a Reply

Your email address will not be published. Required fields are marked *