ဘယ်ဖက်လက်နဲ့ ကိုင်ချင် သတုန်း …

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Apple က ဒီနည်းပညာသစ်ကို မူပိုင်ခွင့် တင်တယ် ခင်ဗျ။ ဘယ်လက်နဲ့ ကိုင်ချင်သတုန်း ဆိုတဲ့ နည်းပညာပါ … 😛 😀

ဖုန်းကို ဘက်လက်နဲ့ ကိုင်လား ၊ button လေးတွေကို ဘယ်လက် လက်မ ရှိတဲ့ နေရာရွေ့ပေးမယ် ၊ ညာလက်နဲ့ ကိုင်လား ညာဖက်လက်မ ရှိတဲ့ နေရာကို ရွေ့ပေးမယ် … အဲ့လိုပါ။ ဖုန်းကို အောက်ဖက်ပိုင်းလေးပဲ ကိုင်တယ်ဆိုလည်း ရတယ်လေ … အောက်ဖက် ကို ရွေ့ပေးမှာတဲ့…. ဒါက Apple က မူပိုင်ခွင့်ကျလာတဲ့ one hand နည်းပညာသစ်ပါ။

blog-Apple-iPhone-Patent-1

မူပိုင်ခွင့် ဆိုလေတော့ တကယ် ဖြစ်လာမယ်လို့တော့ တထစ်ချ မှတ်ယူလို့ မရပြန်ဘူးဗျ။ အထူးသဖြင့် Apple ကလည်း မူပိုင်ခွင့်တွေ ကျကျ လာပြီး တကယ်မဖြစ်လာတာက ခပ်များများရယ်။

ဒီ နည်းပညာမှာ ထူးခြားတာက Apple က တကယ်လုပ်ပြီဟေ့ ဆိုရင် ထွက်ထားပြီးတဲ့ iPhone old model တွေမှာပါ ရမယ် ဆိုတော့ software update လေး လုပ်ပေးလိုက်ရုံနဲ့ ရအောင် လုပ်ပေးနိုင်မယ့် သဘောပဲဗျ။ ဒါကတော့ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းသွားပြီ။

ဆြာတွေကတော့ Apple က ဘယ်လက်နဲ့ကိုင်သတုန်း ဆိုတာကို ဖုန်းမှာ ပါပြီးသား acceleromter တို့ gyroscope တို့ဘာညာ သလကာ သုံးပြီး ဆုံးဖြတ်နိုင်သလို ၊ နောက်ဆုံး ဒီလို high tech တွေ မဟုတ်ရင်တောင် ဘယ်ဖက်လက်ရဲ့ လက်ဗွေနဲ့ Touch ID သုံးပြီး ဖုန်းဖွင့်သလဲဆိုတဲ့ ပေါ်မူတည်ပြီးလည်း သိနိုင်တာပဲလေတဲ့။ ဒါကြောင့် ဒီ နည်းပညာက ထည့်မယ် ဆိုလည်း သိပ်အလှမ်းမဝေးဘူး ဆိုတဲ့ သဘောပါ။

Apple က ဒီ နည်းပညာသစ် အတွက် ပစ္စည်းအသစ်ထုတ်ဖို့လည်း စဉ်းစား နေတယ်လို့ သတင်းရတော့ ၊ နေပါဦး Apple က 6 Plus ထက် ကြီးတဲ့ ဖုန်းများ ထုတ်မှာမို့လား … one hand funtion တွေ ဖန်တီးနေရအောင် ၊ Mi Max လောက် အရွယ်ဆိုရင်တော့ ဒီ function က အမှန် အသုံးဝင်မှာ။ Apple က Mi Max လောက်ကြားဆိုဒ်ကို ကြံနေရင်တော့ မပြောတတ် …

ဒီမနက်ပဲ ဂျပန်ဆိုဒ် တစ်ခုမှာ ဒီပုံလေး တွေ့လိုက်သေးတယ် ဆိုတော့ … ဟုတ် ၊ မဟုတ်တော့ မသိဘူး။ ရွေးပေးတော့ဆြာတို့ ၊ ဆြာမတို့ ….

blog-Apple-iPhone-Patent-2

Source: The Next Web, 9to5Mac via The Next Web

Leave a Reply

Your email address will not be published. Required fields are marked *