August 2 မှာ ပြမယ့် Note 7

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

Samsung က လက်ရှိထွက်ထားတဲ့ Note 5 ပြီးတော့ ၊ အသစ်ထွက်မယ့် Note ကို Note 6 လို့ မခေါ်ပဲ Note 7 လို့ခေါ်မယ်ဆိုတဲ့ ကောလဟာလတော့ ကြားပြီးပြီး ဟုတ် ?? ဘာလို့ဆို S လိုင်းမှာကျ နောက်ဆုံး မော်ဒယ်က S7 ဖြစ်နေပြီး Note လိုင်းမှာ ကျ နောက်ဆုံး မော်ဒယ်က 6 ဖြစ်နေတော့ ကာရံ ဒေသန် မကိုက် ၊ ဒွိဟတွေ ဖြစ်နိုင်တာကြောင့် နံပါတ် ၁ ခု ကျော်ပြီး Note 7 လို့ ထုတ်မယ် ဆိုတဲ့ ကောလဟာလပါ။

ကျေးဇူးတင်ပါတယ်လို့ပဲ ပြောရမလား … အခုတောင် 6s တို့ S6 တို့ နဲ့ ခပ်ရှုပ်ရှုပ် ဖြစ်နေပြီးကို … 😛 😀

blog-note7-rumour

ရှိစေတော့ … အဲ့ဒီ Note 7 ဆိုတဲ့ ဖုန်း အသစ်ကို Samsung က August 2 မှာ ပွဲထုတ်မယ် ဆိုတဲ့ သတင်းလည်း ထွက်လာသလို၊ အဲ့ဒီ Note 7 ဖုန်း အသစ်မှာ 3,600 mAh battery ပါမယ် ၊ full brightness နဲ့ ဗီဒိယို ဒလစပ်ကြည့်… နာရီ ၂၀ ခံမယ် ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။

ပြီးခဲ့တဲ့ နှစ် Note 5 ကို စမ်းသပ်ထားတဲ့ အဖြေအရ video ကြည့်တဲ့ အချိန်က 13:51 နာရီပဲ ရတယ် ၊ Note 5 ရဲ့ ဘက်ထရီထက် Note 7 က ၂၀% ပဲ ပိုလာမယ် ဆိုတော့ သချာင်္ သဘောအရဆိုရင် နာရီ ၂၀ ခံဖို့ ဘက်ထရီက 4,000 mAh မှဖြစ်မယ့် သဘောရှိပါတယ်။ (သချာင်္သိပ်တော်ပါလားလို့ မထင်နဲ့ ၊ သူများ တွက်ထားပြီးသားကို ဘာသာ ပြန်ပေးတာ 😛 😀 )

သို့ပေမယ့်လည်း သချာ် သဘော တစ်ခု တည်းနဲ့ တော့ ဆုံးဖြတ်လို့ မရဘူးပေါ့လေ… အဆင့်မြင့်လာတဲ့ နည်းပညာ နဲ့ ၊ Samsung ရဲ့ အတွင်းပိုင်း ပြင်ဆင်မှုတွေနဲ့ ဆို 3,600 mAh battery နဲ့လည်း နာရီ ၂၀ ဒလစပ်ကြည့်လို့ရတဲ့ ပိုခံတဲ့ ဘက်ထရီ သက်တမ်း ဖြစ်နိုင်သေးတာပဲကိုး ..

ဒါနဲ့ Note 7 က S7 လို ရေစိုခံမှာလား ဆိုတာလည်း စိတ်ဝင်စားကြတယ်ဗျ။ S7 တောင် ရေစိုခံအောင် လုပ်ထားပြီးမှတော့ Sammy အတွက် သိပ်ပြီး မဆန်းတော့ပေမယ့် ပြသနာပေးတဲ့ S-Pen လေးလေ… ဟဲဟဲ ၊ သူက ရေဝင်ပေါက်ကြီး။ ဒါကြောင့် Note 7 က ရေစိုခံမလား ၊ မခံမလား … စိတ်တော့ ဝင်စားသား …

Screen ကလည်း 5.7 ကနေ 5.8 ဖြစ်လာမယ်။ လှပြီး ဘာမှ သိပ်သုံးမရတဲ့ ဘေး ၂ ဖက်ခုံးလေးပဲ ဖြစ်မယ့် သဘောတော့ ဆောင်နေပါတယ်ဗျာ .. နော် … စိတ်ချ ၊ ပွဲနီးရင်တော့ သေချာသိရမပေါ့ … ခုလောလောဆယ်တော့ ဟိုလိုလို ၊ ဒီလိုလို 😛 😀

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *