Mi Max နဲ့ နောက်ဆုံး ရာဇသံ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ခေါင်းစဉ်က ကြီးကြီးကျယ်ကျယ်တွေ လေ ျှာက်ရေးနေလို့ ၊ မကြောက်ပါနဲ့ … မိုးပေါ်ထောင်ပစ်လိုက်တဲ့ သဘောပါ။ ပြောချင်တာက Mi Max က မနက်ဖြန် ချပြမယ်လေ ၊ အဲ့ဒါ ခု ဒီနေ့ နောက်ဆုံးရက်မှာ ” ဟောဒီမှာ Mi Max … လို့ ” အော် ပြောရမယ့် official teaser ၊ သူတို့ ကိုယ်တိုင်ထုတ်တဲ့ video clip လေးတွေ ထွက်လာ ပါတယ်။

blog-mi-max-1

ထွက်လာတဲ့ video clip တွေ အားလုံးကိုု တရုတ်လိုတွေမို့ ကိုယ်တွေကတော့ နားမလည်ပေမယ့် ၊ ယောင်ဝါးဝါး ပုံရိပ်ဖမ်းကြည့်တာတော့ ထွက်ထားတဲ့ leak information တွေနဲ့ တူတူ လောက်ပဲလို့ မှန်းရတာပဲ။  ဒီလို စိတ်ဝင်စားစရာလေး … 😛 😀

[youtube video_id=”WGmpGHWTQL8″ width=”0″ height=”0″ ]

ပြောတဲ့ စကားတွေ နားမလည်လည်း အကြောင်းတော့ မရှိပါဘူးလေ ၊ မနက်ဖြန်ထွက်မယ့် Mi Max နဲ့ ပတ်သက်လို့ ၉၉% လောက်သေချာနေတဲ့ specification တွေက 6.44 inch screen မှာ 1080 x 1920 resolution နဲ့ ၊ စျေးက အတော်အသင့်ထဲက ဖြစ်မယ် ၊ Snapdragon 650 Soc ဆိုလား ၊ အဲ့ processor ထည့်ထားမယ် ၊ RAM က 2GB ဖြစ်မယ် ၊ Battery က 4500mAh ၊ ကင်မရာက 15 megapixel ၊ 16GB storage ၊ ဖုုန်းက စူပါ thin ၊ နောက်ဖက်ကမှာ S7 Edge လို အခုံလေးနဲ့ လို့ သတင်းတွေ ကြားထားပြီးပါပြီဗျာ။

မနက်ဖြန် ဂယ်ကြီး ထွက်လာပြီးမှပဲ review လေး ရေးပါဦးမယ်လို့ … official teaser လေးကြည့်ပြီးတော့လည်း တရုတ်ကား series အလွမ်းပြေလေး… အဆင်ပြေ ပါစေဗျာနော် .. 😛 😀

Source: Android Authority

Leave a Reply

Your email address will not be published. Required fields are marked *