Z5, Z5 Compact နဲ့ Z5 Premium

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ကောလဟာလ သတင်းတွေ ထွက်ထားခဲ့တဲ့ အတိုင်းပဲဗျ Sony က IFA Berlin 2015 – Consumer Electronic Fair မှာ Z5 ၊ Z5 Compact နဲ့ Z5 Premium ဆို ပြီး ဖုန်းအသစ် ၃ မျိုး ချပြသွားပါပြီ။

blog-z5-ifa-10

Z5 Compact ကတော့ အငယ်ဆုံး ညီလေး 4.6-inch phone ၊ Z5 ကတော့ 5.2-inch flagship နဲ့ ဒန်တန်… Z5 Premium ကတော့ 5.5-inch phablet ကိုမှ ကမ္ဘာ ပထမဆုံး 4K smartphone display ကို ပိုင်ဆိုင်တဲ့ ဖုန်း ဆိုပြီး မှတ်တမ်း ဝင်သွား ပါပြီ။

blog-z5-ifa-9

လောလောဆယ်မှာတော့ 4K support လုပ်တဲ့ app devloper တွေ အများကြီး မရှိသေးပေမယ့် ၊ Z5 Premium မှာတော့ ထူးခြားမှုတွေကို user တွေ စပြီး ခံစား နိုင်ပါပြီလို့ Sony က ပြောပါတယ်။

blog-z5-ifa-8

Z5 ရဲ့ ဒီဇိုင်းကတော့ နည်းနည်းလေး ပြောင်းသွားတယ်ဗျ ၊ frosted glass ကိုမှာ metallic side frame နဲ့ ၊ Xperia Z တို့ရဲ့ ထုံးစံ အတိုင်း ရေစိုခံပေါ့။ သတင်းတွေ ထွက်ထားသလိုပဲ ညာဖက်က power button က fingerprint sensor အနေနဲ့ပါ အလုပ်လုပ်ပေးမှာ…

blog-z5-ifa-6

ရိုးရိုး power function နဲ့ fingerprint function မှာ fingerprint function အတွက်ဆို နည်းနည်း ပိုဖိပြီး ခွဲခြားလို့ ရတယ်လို့တော့ သတင်းမှာ ဖတ်ရတယ်ခင်ဗျ။ Apple တို့ S6 တို့လို Touch ID ပါ။

လောလောဆယ်မှာ Z5 က ကမ္ဘာအမြန်ဆုံး smartphone autofocus ဆိုပြီး 0.03 seconds နဲ့ Sony က claim လုပ်ထားတယ်ခင်ဗျ။ sensor ကတော့ 23-megapixel ပါ။ Digital zoom ပိုဆွဲလို့ ရမယ့် သဘောပေါ့။

blog-z5-ifa-11

နောက် ကျွန်တော့်လို လက်တုန် သမားတွေ အတွက်တော့ Optical Image Stabilization ပါပါတယ်။ Video recording မှာတော့ slow-motion playback အတွက် higher frame-rate recording option လည်း ပါတယ်တဲ့ ခင်ဗျ။

blog-z5-ifa-7

အတွင်းပိုင်းမှာတော့ Qualcomm ရဲ့ octa-core Snapdragon 810 processor, 3GB RAM, 3,430mAh battery (Z5 Compact ကတော့ 2,700mAh ခင်ဗျ) ကို charging မသွင်းပဲ ၂ ရက်ခံမယ် ဆိုပဲဗျ။ ဒါကတော့ တကယ်သုံးမှပဲ ဟုတ် ၊ မဟုတ် သေချာ သိရမယ့် သဘော ရှိ ….

blog-z5-ifa-5

Z5 Premium ကတော့ 200GB microSD card slot နဲ့ပါ။

တင်ထားမှာတော့ Android 5.1 Lollipop ကိုမှ Sony ရဲ့ Xperia UI အုပ်ထားလို့ interface ပိုင်းမှာတော့ အရင် Z တွေနဲ့ ထူးမခြားနား အခြေအနေမှာ ရှိလိမ့်မယ် ခင်ဗျ။

blog-z5-ifa-12

Z5 နဲ့ Z5 Compact ကို အောက်တိုဘာမှာ စရောင်းမယ် ၊ Z5 Premium ကတော့ နိုဝင်ဘာမှာ ရောင်းပြီး ၊ ပြည်တွင်း user တွေ အကြိုက် dual-SIM လည်း ပါမှာပါ။

လောလာဆယ်တော့ ဒီလောက် သိထားရပါတယ်ဗျာ

🙂 😀

News source: Digital Trends
Photo source: Sony Global

Leave a Reply

Your email address will not be published. Required fields are marked *