Samsung Gear S2

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Samsung က အသစ်ထုတ်မယ့် Gear S2 Smartwatch လေ ၊ မှတ်မိတယ် မလား။ ဘယ်လို .. ပြီးခဲ့တဲ့ ၂ ပတ်က Note 5 ပွဲမှ အစမ်းပြသွားတာလေဗျာ။ ဟုတ်တယ် ၊ အဲ့ဒီ နာရီပဲ ခင်ဗျ။ အခု Samsung က specification တွေ ပြောလာပြီ ခင်ဗျ

နာရီက အရင်က ကောလဟာလ ထွက်ထားသလိုု 1.65 inch screen မဟုတ်ပဲ 1.2 inch ပါ ၊ resolution ကတော့ 360×360 နဲ့ run မှာပါ။ နာရီကတော့ 11.4mm ထူပါတယ ၊ G-Shock တို့ ဘာတို့ ပတ်တဲ့သူတွေကတော့ ဒီလောက် အထူကို မပြောပါ့လောက်ဘူးပေါ့လေ နော

သူက Android ရဲ့ Android Wear ကို တင်ထားမှာ မဟုတ်ပဲ Samsung ရဲ့ ကိုယ်ပိုင် OS – Tizen ကို တင်ထားမှာ ဆိုတော့ Samsung သမားတွေ အတွက်ပဲ အဓိက ဖြစ်လိမ့်မယ် ခင်ဗျ။ မနေ့ သတင်း ကလို iOS နဲ့ ချိတ်ပြီး iPhone နဲ့ သုံးတာမျိုးတော့ ဒီ နာရီနဲ့ မဖြစ်နိုင်တော့ပါဘူး ခင်ဗျ။

Samsung ရဲ့ ကိုယ်ပိုင် OS သုံးထားတော့လည်း သူများနဲ့ မတူ ၊ တမူတော့ ထူးမယ် မှန်းရတာပဲ ၊ ပြီးတော့ သိပ်မရှင်း မရှင်းက အဲ့နာရီမှာ ဟိုပြောင်း ဒီပြောင်းကို နာရီပေါ်က bezel ကိုပဲ လှည့်ပြီး လုပ်ရမှာလား ဆိုတာပါ။ ဒါတွေကတော့ S2 ကို အမှန်တကယ် ချပြတဲ့ IFA Berlin – Consumer Electronics Fair ကျရင် သေချာ ပြဖို့ ရှိပါတယ်။

နောက် သတိထားမိလားဗျ။ Samsung က Galaxy ဆိုတဲ့ အပိုင်းကို ဖြုတ်လိုက်ပြီလေ ၊ နာမည် ပေးတာက အစ Gear S2 ဖြစ်သွားပြီ။ Branding အသစ် ဖောက်နေတဲ့ သဘောများလား မသိ

နာရီကတော့ အဖြူ ၊ အမဲ ထွက်မယ်လေ ၊ နာရီ အဖြူ ကြိုးအဖြူ မပတ်ရဲရင် အနက်ပတ်ပေါ့

ပြီးတော့ ဖက်ရှင်ကျချင်သူတွေ အတွက် အနက်ကို leather နဲ့လည်း ထုတ်ဖို့ ရှိပါတယ်။ Official link မှာ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ပါဗျာ။

blog-gear-s2-2

🙂 😀

Source: Engadget, Samsung

Update
——
IFA ရဲ့ ပွဲချိန်က မနက်ဖြန် ညနေ ၃နာရီခွဲ ပါ။ အဲ့ကျရင်တော့ ပိုပြီး detail တွေ သိရမယ်ဗျ။ အဲဒါ ပြောပြတာ… 😀 😛

Another Update
——
ဟုုတ်ပါတယ် ၊ ပွဲမှာ ပြသွားတဲ့ အတိုင်းကို Engadget က စမ်းပြထားတာတော့ နာရီပေါ်က အဝိုင်းကို home screen ရောက်နေတဲ့ အချိန် ဘယ်ဖက်ကို လှည့်တဲ့အခါ notification တွေ ၊ ညာဖက်ကိုလှည့်ရင် widget တွေ ပြပေးပြီး ၊ traditional watch တွေရဲ့ bezel ကို လှည့်ရသလိုပဲ click…. click နဲ့ အသံထွက်ပေးတယ်လို့ ဖတ်ရပါတယ်ဗျာ။

Design လုပ်ပေးတာကတော့ Italian designer Alessandro Mendini ပါ။

နောက် Samsung ဖုန်းတွေမှ မဟုတ်ဘူး 1.5GB RAM, Android 4.4 နဲ့ အထက် အခြားဖုန်းတွေနဲ့လည်း သုံးလို့ ရတယ် ဆိုပေမယ့် Android Central ကတော့ Samsung ရဲ့ S2 page အတွင်းဖက်မှာ ဖုန်းအမျိုးအစားနဲ့ မော်ဒယ်တွေ အတိအကျ ရေးထားတာကိုလည်း တွေ့ထားပါသေးတယ်။ အဲဒီ list ကတော့ ဒီ အတိုင်းပါဗျာ။

Asus
Zenfone2 – EU

HTC
One – EU
One (M8) – US
One (M9) – EU, US
826W – CN

Huawei
honor 4X – CN
honor 6 – EU
P8 – EU, CN
Ascend Mate 7 – EU, CN

Kyocera
Duraforce – US

Lenovo
Vide Shot – CN
x2 Pro – CN

LG
G Flex – US
Optimus G – KR
Optimus G2 – EU, US
Optimus G3 – EU, US, KR
G4 – EU, US, KR
G Vista – US
Nexus 5 – EU, KR, CN

Motorola
DROID Turbo – US
DROID MAXX – EU
DROID MINI – EU
Moto X – EU, KR
Nexus 6 – US, CN

Nubia
Nubia Z9 – CN

OPPO
R7 – CN

Pantech
IM-A910S – KR

Sharp
Aquos – EU

Sony
XPERIA Z2 – EU
XPERIA Z3 – EU

Vivo
X5 Pro – CN

Xiaomi
Mi3 – EU
Mi4 – EU, KR, CN
Note Pro – CN

ZTE
V5 – CN

Leave a Reply

Your email address will not be published. Required fields are marked *