Z5, 4K display နဲ့ ဘက်ထရီ ခြွေတာရေး

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

Z5 လေ ၊ တလောတုန်းက ချပြသွာတဲ့ Z5။ Z5 ၃ မျိုး ပြတဲ့ထဲမှာ Z5 Premium ဆိုတာက စူပါ ကြည်လင် တောက်ပတဲ့ 4K display ကြီးကို ပိုင်ဆိုင်လေတော့ ၊ Sony က ပြောတဲ့ ၂ ရက်ခံမယ့် battery ဆိုတာကြီးက သင်္ကမကင်း ဖြစ်ချင်စရာကြီး… ခုတော့ Sony က အဖြေထုတ်ပေးလာပါပြီ။

ဟုတ်ပါတယ်တဲ့။ စူပါ့စူပါ ကြည်လင် ပြတ်သားတဲ့ 4K display ကြီးက 4K video ကြည့်တဲ့ အချိန် ၊ ဓာတ်ပုံတွေ ကြည့်တဲ့ အချိန်မှာပဲ ပြပေးပြီး ၊ ကျန်တဲ့ အချိန်တွေမှာတော့ 1080p, 1K နဲ့ ပဲ ပြပေးမှာပါ။

blog-z5-ifa-9

အဲ့ဒါနဲ့ ပဲ အချို့ အချို့တွေကလည်း လိမ်ခံလိုက်ရပြီလို့ complain တက်ကြတဲ့ သူတွေ ရှိပေမယ့်လည်း ၊ တဖက်ကလည်း ကောင်းတာပါပဲ ၊ Sony က ပြောထားတဲ့ အတိုင်း ၂ ရက်ခံမယ့် battery ကို ရမယ် ဆိုတော့ ၊ တချို့တချို့သော ဆရာ့ဆရာတွေကလည်း ဒီနည်းပညာက အသစ်မဟုတ်ဘူး …. ဒါ မော်တော်ကားတွေမှာ သုံးနေတာ ကြာပြီ ၊ အင်ဂျင်ကြီးတဲ့ ကားတွေမှာ စလင်ဒါတွေကို လျော့သုံးပြီး ဆီနင်းမှ အကုန်သုံးတာ ၊ အဲ့သလိုလို့ ဝင်နှောက်တဲ့ သူတွေလည်း ရှိပြန်ရော ခင်ဗျ 😀 😛

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ၊ Digital Trends က ဆရာတွေက Z5 ကို စမ်းသုံးကြည့်ခွင့် ရတဲ့ အခိုက် ၊ battery meter မှာ ဘက်ထရီ ကျတဲ့ နှုန်း အတိုင်း ဆိုရင် Sony က ပြောထားတဲ့ ၂ ရက်ခံမယ့် battery က ဖြစ်နိုင်ချေ ရှိတယ်လို့ သုံးသပ်ပါတယ်။

Z5 က 3430mAh battery ပါမှာဖြစ်ပြီး Z5, Z5 Compact, Z5 Premium ဆိုပြီး ၃ မျိုး ထုတ်မှာပါ။ အဲ့သတင်း မဖတ်ရသေးရင် ဒီမှာလည်း ဖတ်လို့ ရကြောင်း တင်ဆက်ရင်း….

😀 🙂

Source: Digital Trends

blog-ad-mulite

Leave a Reply

Your email address will not be published. Required fields are marked *