Galaxy View တဲ့ ၊ Size ကြီး tablet ကြီး

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို ….

Sammy လေ ၊ ဟုတ်တယ် Samsung ပေါ့။ ခု ဟန်ပြင်နေတဲ့ tablet က iPad Pro ထက်တောင် ကြီးဦးမယ်တဲ့… သေးနိုင် သမ ျှ သေးတဲ့ ခေတ်ပြီးတော့ ကြီးနိုင်သမ ျှ ကြီးကြပြန်တဲ့ ခေတ်လား တော့ မပြောတတ် ခင်ဗျ။ အခု Galaxy View တဲ့ သတင်းတွေ ထွက်လာပြန်ပြီ။

သူတို့ပြောတယ် Bluetooth Special Interest Group က ခွင့်ပြုပေးလိုက်ပြီတဲ့ SM-T670 ဆိုတဲ့ နံပါတ်နဲ့တဲ့ ၊ ကျွန်တော်တော့ အဲ့ဒါတွေ နားမလည်ပေါင်.. ကောလဟာလ ထွက်လာတဲ့ specification တွေက 18.4 inch tablet ပါ။ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား ဘဝက စကားနဲ့ဆို heavy ကြီးပေါ့ 😛 😀

Resolution က 1920 x 1080 display, Exynos 7580 process ကိုမှ 2GB RAM, 32 GB on-board storage ကို microSD ပါမယ်တဲ့ ၊

blog-galaxy-view-2

ရှေ့ကင်မရာက 2.1 MP, နောက် ကင်မရာက 8 MP … ဟဲဟဲ ။ 18.4 table ကြီးကိုင်ပြီး ဓာတ်ပုံ ရိုက်ရမှာတော့ အဆန်းသားဗျ။

ကျွန်တော်ထင်တာ ဒီ tablet အတွက် Samsung က family activity တွေကို promote လုပ်မှာ ရလိမ့်မယ်ဗျ။ Monopoly game တို့ scrabble တို့ စသဖြင့် မိသားစုု တူတူ ကစားမယ် ၊ သုံးမယ် စသဖြင့် ဦးစားပေးပြီး စျေးကွက်ထွင်မှ ပိုရောင်းရဖို့ ရှိတယ်လို့ ကျွန်တော်တော့ မြင်မိတာ ၊ ဉာဏ်မှီ သလောက်လေး ပြောကြည့်တာပါ လေ ၊ ဟုတ် မဟုတ်တော့ မပြောတတ်ဘူး ခင်ဗျ

သူတို့ ပြောနေတဲ့ အရွယ်အစားကတော့ 451.8mm အကျယ် ၊ 275.8 အရှည် ကိုမှ 11.9 mm အထူတဲ့ ၊ ဘယ်လိုုများ အတိအကျတွေ သိကြပါလိမ့်…

ကဲ… Sammy ရဲ့ Galaxy View တဲ့ ၊ စောင့်ကြည့် ကြဦးစို့

🙂 😀

Source: Android Authority

Leave a Reply

Your email address will not be published. Required fields are marked *