လှပါတယ် ဆိုနေမှ (လှပါတယ် ဆိုနေမှ)

[ဇော်ဂျီနဲ့ဖတ်မယ်ဆို…]

မရေးခင်ကတည်းက ပြုံးမိသား …

ဒီလိုဗျ ၊ တစ်ရက် ၊ ကျွန်တော့် သူငယ်ချင်းမ တစ်ယောက် Facebook မှာ တက်ရေးရော။ iPhone က တယ်လှဆိုပဲဗျ။ Apple က iPhone ကို ကမ္ဘာ့ထိပ်တန်း designer တွေနဲ့ ဖန်တီးထားပြီး အကောင်းဆုံး ပစ္စည်းတွေသုံးလို့ အတော်ဆုံး အင်ဂျင်နီယာတွေနဲ့ ဖန်တီးထားတာကိုများ လူတွေက နဂိုအလှ ပျက်အောင် ဘာလို့ cover တွေ တပ်သုံး ချင်မှန်း မသိဘူး ဆိုပဲ။

ဒါနဲ့ပဲ ကျွန်တော်လည်း စိတ်ထဲကနေ ပြောပစ် လိုက်တာ … ဒါဆို မိမွေးတိုင်း ၊ ဖမွေးတိုင်း ချောပြီး လှပြီးသား ကိုယ့်ကိုယ်ကို ကို ဘာလို့များ နှုတ်ခမ်းနီလေး ၊ ပါးနီးလေး ၊ လက်သည်းနီလေး ဆိုးချင်သတုန်း ပေါ့။ အပြင်မှာတော့သွား မပြောရဲဘောင် ၊ ဒါကြောင့် စိတ်ထဲမှာပဲ အပြတ်ပြောပစ်လိုက်တယ်။ 😀 😛

ဟုတ်ပါတယ် ၊ iPhone မှ မဟုတ်ပါဘူး ၊ ဖုန်းတိုင်းကတော့ သူ့အနေနဲ့ သူတော့ လှပြီးသားပါ။ ဒါပေမယ့်လည်း ပိုပြီး ကာကွယ်ပေးချင်တာကြောင့် cover တွေသုံးကြတာတော့ သေချာတယ်ဗျ။ နောက်တစ်ခုုက personalized ဖြစ်ချင်လို့လည်း cover တွေသုံးကြတာ ဖြစ်မှာပါ။ ဒီလို cover တွေ တပ်သုံးမှလည်း ကျွန်တော်တို့ စီးပွားရေးတွေ ကောင်းဦးမှာကိုး… ဟဲဟဲ

ဒီလိုပါ ၊ သွားရင်းလာရင်း phone cover (အထူးသဖြင့် iPhone user) တွေနဲ့ ပတ်သက်ပြီး statistic လေးတစ်ခု ဖတ်မိိတာနဲ့ စိတ်ဝင်စားလို့ ပြောပြချင်တာ။ အပျင်းပြေ ဖတ်လို့ရတာပေါ့ ၊

iPhone လို့ ဆိုလိုက်ပြီ ဆိုရင် နံပါတ် ၁ accessory က cover တွေပါတဲ့ (ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ်။ ဒါမှလည်း Myanmar Lifestyle စီးပွားတွေ တက်ဦးမှာ)

iPhone cover လို့ ဆိုလိုက်ရင် အမျိုးသမီးတွေက အမျိုးသားတွေထက် cover ပိုပြီး သုံးကြပါတယ်တဲ့ ၊ စစ်တမ်းမှာတော့ ၅% ပိုတယ် ပြောတယ် ခင်ဗျ။

iPhone user တွေရဲ့ ၅၃% က cover ၁ ခုပဲ ရှိပြီး ၁၇% က ၃ ခု နဲ့ အထက် ရှိပါတယ်တဲ့ဗျာ (၁၇% ကနေ ၃၀ – ၄၀ – ၅၀ တက်လာပါစေဗျာ )

၁၈ – ၃၄ နှစ်ကြား user တွေရဲ့ ၅၇% ကတော့ protection ထက် fashion ကျဖို့ ဦးစားပေးတယ် လို့ ဆိုပါတယ်။

iPhone အသုံးပြုသူတွေရဲ့ ရ၆% က ဖုန်းပြုတ်ကျ တတ်ပါတယ်တဲ့ ။

၆၄% ကတော့ သူတို့ရဲ့ cover တွေဟာ ဖုန်း ရေထဲ ပြုတ်ကျသွားရင်လည်း ကာကွယ်ပေးနိုင်မယ်လို့ ထင်ကြပါတယ် ဆိုပဲ ။

၂၂% ကတော့ cover ကောင်းနေသေးပေမယ့် ဒီဇိုင်း အသစ်ကို ကြိုက်ရင် လဲကိုင်ကြပါတယ်တဲ့ (ဒါလည်း ရာခိုင်နှုန်းတွေ ပိုများလာပါစေ…. )

ကမ္ဘာ့စျေးအကြီးဆုံး cover ကတော့ ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိပါတယ်တဲ့ဗျာ။

ဘာရယ် ၊ ညာရယ်တော့ မဟုတ်ပါဘူး။ အပျော်ပေ့ါဗျာ။ အပျင်းပြေဖတ်ရအောင်ပါ။ ဒီမှာ ရေးခဲ့တဲ့ အချက်အလက်တွေကိုတော့ Cross-Tab Marketing Service က အမေရိကန် နိုင်ငံ iPhone user အယောက် ၄၀၀ နဲ့ ၂၀၁၂ က ကောက်ယူထားတဲ့ စစ်တမ်းကို ကိုးကားပြီး ရေးထားတာပါ။ ကမ္ဘာ့စျေးအကြီးဆုံး cover နဲ့ပတ်သက်လို့တော့ Yahoo News က နေ ကောက်နုတ်ထားတာပါ။ အချက်အလက်တွေက တရသေ မှန်တယ် ၊ အခုထိ တိကျသေးတယ် မဆိုလိုပါဘူး။ ထုံးစံအတိုင်း အပျော်ဖတ်ရအောင်ပါ။

အားလုံးပဲ အဆင်ပြေ ၊ ပျော်ရွှင်ကြပါစေဗျာ။ ဖုန်းက လှပြီးသားဆိုပေမယ့် ပိုပြီးလှသွားအောင် cover လေးတွေလည်း ပိုပြီး တပ်သုံး နိုင်ကြပါစေဗျာ။

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်။ 😀 🙂

Leave a Reply

Your email address will not be published. Required fields are marked *