မင်္ဂလာပါ ဇူလိုင် (မဂၤလာပါ ဇူလိုင္)

[ဇော်ဂျီနဲ့ဖတ်မယ်ဆို….]

မင်္ဂလာပါဗျာ။

ဇူလိုင်လ ရဲ့ မိုးကတော့ ကောင်းတယ်ဗျ နော။ ရန်ကုန်မှာတော့ သည်းသည်းမဲမဲကို ရွာတော့တာ…

ဇူလိုင်လရဲ့ ဒုုတိယပတ်ထဲကို ရောက်လာပြန်ပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ Myanmar Lifestyle ရဲ့ ပြီးခဲ့တဲ့ တစ်လတာ အကျိုးအကြောင်း ၊ အဆိုးအကောင်းတွေကို အသိပေးဖို့ဒီ သတင်းပို့စ်လေး တစ်ခု ရေးပါရစေ ခင်ဗျ။

ပထမဦးဆုံး Myanmar Lifestyle ကို ယုံကြည်စိတ်ချစွာနဲ့ ၊ ပစ္စည်းမှာယူပေးကြတဲ့ ကျွန်တော်တို့ရဲ့ customer တွေ ၊ Myanmar Lifestyle ရဲ့ Facebook Page မှာ ဝင်ပြီး မေးပေးကြ ၊ အားပေးကြသူတွေ ၊ Viber ကနေ တဆင့် ၊ ဖုန်းနဲ့ တဆင့် စုံစမ်းပေးကြတဲ့သူတွေ အားလုံးကို Myanmar Lifestyle က ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ။ Myanmar Lifestyle ဆီမှ ယုံယုံကြည်ကြည် ဝယ်ပေးကြတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ဇွန်လမှာ အရောင်းရဆုံးရက် စံချိန်ချိုး နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ငန်း စလုပ်ပြီး ၂ နှစ်နီးပါ ရှိတဲ့ အချိန်မှာ တစ်ရက်ချင်းရောင်းအား အကောင်းဆုံး ရက်အဖြစ် ဇွန်လထဲမှာ တစ်ရက် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

fast-responsive-1ကျွန်တော်တို့ အနေနဲ့ အရောင်းဖက်မှာတင် အားစိုက်တာမျိုး မဖြစ်ရပဲ customer service မှာလည်း မလှစ်ဟင်းရအောင် အထူးကြိုးစားခဲ့ပါတယ်။ Facebook မှာ မေးမြန်းသမျှတွေကို ၄ မိနစ်အတွင်း ပြန်ဖြေနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း ဇွန်လ ထဲမှာပဲ တင်ထားနိုင်ခဲ့ပါတယ်။

ပစ္စည်း အိမ်အရောက် ပေးမှု နိုင်မှုမှာလည်း ကျွန်တော်တို့ လက်တွဲထားတဲ့ courier service နဲ့ ညှိှုနှိုင်းပြီး အရင်ထက်ပိုမိုမြန်ဆန်အောင် ပေးပို့ နိုင်ဖို့ ၊ အရင်ထက် Myanmar Lifestyle ရဲ့ operations ပိုင်းမှာ ပိုမြန်မြန်ဆန်ဆန် ဆောင်ရွက်ပြီး courier တွေရဲ့ လက်ထဲ ပစ္စည်းအမြန်ဆုံး ထည့်ပေး နိုင်ဖို့ တွေကို ဦးစားပေး ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့်လည်း ဇွန်လမှာ customer တွေမှာတဲ့ ပစ္စည်းတွေကို အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အိမ် / ရုံး အရောက် ပို့ပေး နိုင်ခဲ့ပါတယ်။

ဇွန်လ မှာ ကျွန်တော်တို့ အတွက် နောက်ထပ် မှတ်တိုင်သစ် အနေနဲ့ ကတော့ Myanmar Lifestyle ရဲ့ ကိုယ်ပိုင် brand နဲ့ iPhone 6/6 Cover တွေluggage strap ကို customer တွေဆီ ရောင်းချပေးနိုင်ခဲ့တာပါ။ Myanmar Lifestyle ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် နဲ့ ထုတ်လုပ်တာမို့ အရည်အသွေးကို ဦးစားပေး ထုတ်လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ brand နဲ့ ပစ္စည်းတွေကို ဝယ်ယူပေးခဲ့ကြလို့လည်း ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျ။ ပစ္စည်းအရေည်အသွေး နဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နောက် ကုန်ပစ္စည်းသစ် အနေနဲ့ Remax brand ကို ကျွန်တော်တို့ စတင် ရောင်းချ ပေးနိုင်ခဲ့ပါတယ်။ စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ Remax ပစ္စည်းတွေ ရောင်းချ နိုင်ခဲ့လို့လည်း ကျွန်တော်တို့ အတော်ကို ပျော်ရွင်မိပါတယ် ခင်ဗျ။

ဇွန်လရဲ့ ပြသနာကတော့ အားလုံးသိတဲ့ အတိုင်း ကဆုန်ပေါက်နေတဲ့ ငွေစျေးပါ။ ကျွန်တော်တို့ အနေနဲ့ ပစ္စည်းတွေ မှာယူရတဲ့ အခါ ငွေစျေးတွေ ကွာဟ တာကြောင့် အတော်ကို အကြပ်ရိုက်ခဲ့ရပေမယ့် ကျွန်တော်တို့ အနေနဲ့ စျေးနှုန်းမပြောင်းပဲ အရင်အတိုင်း ဆက်ရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တဖက်မှာလည်း လိုအပ်သလို လိုတိုးပိုလျော့ နဲ့ ပစ္စည်းတွေ ပြတ်မသွားရအောင် stock ကို ပြန်ဖြည့်နိုင်ခဲ့ပါတယ်။

(ဒီလောက်အထိ ဖတ်လာပေးတာကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကြားဖြတ် ပြောပါစေဦး ခင်ဗျ။) 🙂 😀

ဇွန်လပြီးလို့ အခု ဇူလိုင်လမှာတော့ Myanmar Lifestyle အနေနဲ့ customer service ၊ public relation ပိုကောင်းအောင်း ပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။

တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ website မှာ ပစ္စည်း တစ်ခုုချင်းရဲ့ အချက်အလက်တွေကိုု ပိုပြီး စုံစုံလင်လင် သိနိုင်ဖို့ ၊ နည်းပညာပိုင်းမှာလည်း Zawgyi ရော Unicode နဲ့ပါ ရေးပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ် ခင်ဗျ။

Myanmar Lifestyle က ဆိုင်တစ်ဆိုင် အနေနဲ့ မဟုတ်ပဲ မိသားစု အဖြစ် ၊ သူငယ်ချင်း အဖြစ် နဲ့ ပျော်ေျပျာ်ရွှင်ရွှင် ဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်။

ပြီးတဲ့အထိ ဖတ်ပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်ဗျား ..

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်။

အားလုံးပဲ အဆင်ပြေ ၊ ပျော်ရွှင် ကြပါစေဗျာ 🙂 😀

Leave a Reply

Your email address will not be published. Required fields are marked *