ဒါက Xperia X

blog-xperia-x-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

Sony က လည်း ဘယ်နေမလဲ ၊ Xperia ဖုန်း အသစ်တွေ ချပြလိုက်ပြန်ပြီ။ Xperia Z ကိုထားခဲ့ ၊ စာလုုံး ၂ လုံး ခုန်တက်ပြီး အခု Xperia X အသစ် ၃ မျိုးကို ချပြလိုက်တာပါ။ Xperia XA ရယ် X ရယ် X Performance ရယ်ပါ။ ဘာကြောင့်များ ရှုပ်ထွေး ပွေလီ တဲ့ နာမည်တွေ ဖြစ်ရသလဲ Sony ရယ် … ထားတော့

blog-xperia-x-2

အဲ့ ၃ မျိုး လုံးအတွက် Sony က သူတို့ရဲ့ နာမည်ကြီး Hybrid Camera – Alpha ဌာနနဲ့ အစွမ်းကုန် ပူးပေါင်းထားပါတယ်တဲ့ ၊ သဘောကတော့ ဒါ ဖုန်းမဟုုတ်ဘူး ၊ ကင်မရာပေါ့ .. သူတို့ ဆိုလုုိချင်တာ။ ဓာတ်ရိုက်တဲ့အခါ အမြန်ဆုံးနဲ့ အမှန်ဆုံး focus တွေ ဖြတ်ပေးနိုင်မယ် ၊ ရွေ့နေတဲ့ ပစ္စည်းတွေကို ကြိုတင်တွက်ချက်ပေးလို့ မှုန်ဝါးဝါး ဓာတ်ပုံတွေ ကနေ ကင်းဝေးမယ်လို့တော့ Sony က ပြောပါတယ်။

blog-xperia-x-4

၃ မျိုးလုံးမှာ အခြေခံ အကျဆုံးက XA. ဒီ Xperia XA က ၅ လက်မ ဖုုန်း ၊ 720p display မို့ ၃ မျိုးထဲမှာတော့ display အနိမ့်ဆုံးလို့ ပြောလိုု့ရတယ်လေ။ ဒါပေမယ့် ၃ မျိုးလုံးကတော့ သွားမလုပ်နဲ့ metal နဲ့ ဖြစ်သွားပြီး ၊ YouTube မှာ မထင်မရှား တွေ့လိုက်တာတော့ ဘေးဖက်က power button က fingerprint reader ဖြစ်မလားပဲ ၊ ကင်မရာဖုန်းဆိုတော့ ဓာတ်ပုံတွေ သိမ်းဖို့ microSD slot ပါတာပေါ့ ၊ ဒါတော့ သေချာတယ် ။ XA ရဲ့ ကင်မရာက 13 megapixel rear camera ၊ ရှေ့က 8 megapixel ပါ။ သုံးထားတဲ့ processor က 64bit MediaTek MT6755 ပါ။ ဒီ YouTube က Xperia XA အတွက် …

[youtube video_id=”d6hllDE7VJg” width=”0″ height=”0″ ]

နောက်တစ်မျိုးက X. Xperia X က ၅ လက်မ ဖုန်းပဲ ၊ သို့ပေမယ့် သူက 1080p display ဖြစ်သွားတယ် ၊ processor မှာ Qualcomm ရဲ့ Snapdragon 650 ဖြစ်သွားတယ် ၊ XA လိုပဲ micorSD slot ပါတယ် ၊ ကင်မရာကတော့ သူက ပိုရှယ် …. 23 megapixel ၊ Sony ရဲ့ 1/2.3 inch Exmor sensor သုံးထားပြီး Prediction Hybrid Autofocus နည်းပညာသုံးထားတယ်တဲ့ ၊ ဘာတွေလည်းတော့မသိပေါင် ၊ ပြောထားတဲ့အတိုင်း ပြန်ကူးပေးတာ။ ဒီ YouTube ကတော့ Xperia X အတွက် …

[youtube video_id=”AtUBeFiWi8Q” width=”0″ height=”0″ ]

နောက်ဆုံး ၁ မျိုးကတော့ X Performance. Xperia X Performance က X ရဲ့ ကောင်းကွက်တွေ အားလုံးပါတယ် ၊ ဘာထပ်ထူးလည်းဆိုတော့ processor က Snapdragon 820 processor ဖြစ်သွားတယ်။ RAM 3 GB ဖြစ်သွားတယ် ၊ အဓိကအကျဆုံးက waterproof ဖြစ်သွားတယ်။ ဒီ YouTube က Xperia X Performance အတွက် …

[youtube video_id=”HRwBDRtRfQ8″ width=”0″ height=”0″ ]

နောက် Sony က Xperia Ear ဆိုတဲ့ accessory လည်း ထုုတ်တယ်ဗျ။ နာမည်အတိုင်း နားမှာ တပ်ရတာပေါ့။ သို့ပေမယ့် တပ်ပြီး ဖုန်းပြောရုံပဲတော့ မဟုတ်ဘူးဗျ။ ဖုန်းကို အသံနဲ့ ခိုင်းတာတွေ ရမယ် ၊ အင်တာနက်မှာ ရှာတာတွေ ရမယ် ၊ message တွေအတွက် ပါးစပ်က ပေါက်ပေါက်ဖောက်သလို ပြောပြီး စာစီလို့ရမယ် ၊ ဖုန်းကနေ သတင်းတွေ ၊ ရာသီဥတုုတွေ ၊ လမ်းညွှန်တွေ ပြန်ပြောတာတွေ ရမယ် ဆိုတော့ တနေ့လုံး တပ်ထားရမယ့်ပုံပဲ ၊ ဒါကြောင့် Sony က တပ်ထားပါ ၊ တစ်နေ့လုံးခံတဲ့ battery ထည့်ထားပါတယ်တဲ့ဗျာ။ ဒါက Xperia Ear ။

blog-xperia-x-3

အော်… Xperia XA, X, X Performance ဖုန်း ၃ မျိုးလုံးက ဘက်ထရီ ၂ ရက် ခံပါမယ်လို့ Sony က ကြေငြာထားလေရဲ့ ၊ ဟုတ် ၊ မဟုတ်ကတော့ သုံုးကြည့်မှပဲ သိရမှာပဲဗျ။

blog-xperia-x-6

နောက် ထူးခြားသတင်းကတော့ Xperia Z1 လို့ ၂၀၁၃ မှာ စထုတ် ၊ ၁ နှစ်ကို Z ၂ လုံးနှုန်းနဲ့ထုတ်လာခဲ့တာ နောက်ဆုံး Z5, Z5 Compact, Z5 Premium ပြီးတဲ့ နောက် ၊ Sony က Z ဖုန်းများ ထုတ်လုုပ်ခြင်းကိုု အပြီးတိုင် ရပ်ဆဲလိုက်ပါပြီ ၊ ဒီနေ့ မနက်ပဲ သတင်းထွက်လာ ခဲ့တာပါ။ ဒါကြောင့် အခု Z ကို နှုတ်ဆက်ရင်း Z ကနေ ၂ လုံးပြန်တက် X ဖုန်းတွေကိုတော့ ကင်မရာ သဘောကျရင် ကိုင်လို့ ရပါကြောင်းနဲ့ ၊ စျေးနှုန်းတော့ မသိရသေးပါကြောင်း … 😀 😛

Source: The Next Web, Engadget
Photos: AOL via Engadget

Leave a Reply

Your email address will not be published. Required fields are marked *