M10 ပဲ ဖြစ်မယ် ထင်တယ်

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

ဒီရက်ပိုင်း Samsung တို့ LG တို့ Sony တို့ ဘတပြန် ကျားတပြန် … HTC က နေနှင့်ဦး ၊ မောပလေ့စေဆိုပြီး ပစ်ထားတာ ၊ ဒီမနက်ကျမှ ဒီမှာ ကြည့် ဆိုပြီး ဒီ teaser ပုံလေး တစ်ပုံ online မှာ တင်လို့ လာစ တယ်ဗျ။ 😛 😀

blog-htc-one-m10-1

#powerof10 တဲ့ ၊ ကိုယ်တွေလည်း သချာင်္က မကျွမ်းကျင်တော့ powerof10 က ဘယ်လို ဖြစ်လဲ မပြောတတ် ၊ သဘောကတော့ M9 ပြီးတဲ့ နောက် HTC က HTC M10 ကိုပဲ ဆက်ထုတ်မယ် သဘောတော့ ရှိတဲ့ ပုံပဲ ၊ တလောကလည်း HTC M10 အဖြူရောင်လေး ဖြစ်မလား မသိဆိုပြီး ဒီ ပုံလေး online မှာ leak ဖြစ်လာသေးတာကိုး ..

blog-HTC-Logo-3-2

လက်ရှိ အချိန်အထိတော့ HTC က အသစ်ထုတ်မယ့်ဖုန်းနဲ့ ပတ်သက်လို့ ဒီ ဖုန်းကို လောလောဆယ် Perfume လို့ code name ပေးထားတယ် ၊ 5.1 လက်မ QHD AMOLED touch screen ဖြစ်မယ် ၊ Qualcomm Snapdragon 820 processor သုံးထားမယ် ၊ 4GB RAM ကို 32GB storage ၊ 12 megapixel rear camera ၊ 5 megapixel front camera ၊ fingerprint scanner ၊ Android 6.0 Marshmallow ကို မှ HTC Sense 8 တင်ထားမယ် ၊ စသဖြင့် သတင်းတွေ ထွက်ထားကြောင်းပါဗျာ။ 🙂 😀

Source: PC Mag
Photo: HTC via PC Mag

Leave a Reply

Your email address will not be published. Required fields are marked *