ဒါက အသစ်ထွက်မယ့် C6

~~~ ယူနီကုဒ်နဲ့ဖတ်မယ်ဆို

ခုခေတ်ကတော့ ဖုန်းရှေ့ကင်မရာမှာ Flash ပါတာ ဆန်းတော့ မဆန်းတော့ဘူးဗျနော်။ Samsung ဆိုလည်း ပါတာတွေ ရှိတာပဲ ၊ တခြားဖုန်းတွေထဲမှာလည်း ရှိတာပဲ ၊ Sony ဆိုရင်လည်း ရှေ့ Flash ပါတဲ့ ဖုန်းတွေထဲမှာ C3, C4, C5 Ultra စသဖြင့် ရှိလို့ သူတို့ကိုယ်သူတို့တောင် Selfie Phone လို့ နာမည်တပ်ထားသေး…

blog-c6-leak-1

အခု Sony က Xperia Z လိုင်းကို ဇာတ်သိမ်းတော့မှာ ဆိုပေမယ့် mid-range C လိုင်းကိုတော့ အားကိုးနေတုန်းထင်တယ်ဗျ။ ဒီပုံက ဒီရက်ပိုင်း leak ဖြစ်လာပြီး ဒါက Sony က အသစ်ထုတ်မယ့် Xperia C6 ဖြစ်ဖို့ သေချာသလောက်ရှိနေတာပါ။

blog-c6-leak-2

ပုံထဲကအတိုင်းဆိုရင် screen က ၆ လက်မ ၊ ဘောင်ကတော့ မမြင်ရသလောက် ပါးပါးလေး ၊ wide angle front facing camera နဲ့ front facing flash ပါမယ့် သဘောပါ။ C ဖုန်းတွေရဲ့ သဘောအရတော့ ဈေးနှုန်းက အလယ်အလတ်တန်းလောက် ရှိမှာကတော့ သေချာတယ်ဗျ။ လောလောဆယ်တော့ ဒီလောက်ပဲ သိရပြီး ၊ အခုပုံအတိုင်းဆိုရင် Sony ကလည်း မကြာခင် official သတင်းထုတ်မယ့် သဘောရှိပါတယ်။

blog-c6-leak-3

ကိုယ်တွေကတော့ သင်္ကြန် holiday ကို official အနားယူဆဲ … 😛 😀

နှစ်သစ်မင်္ဂလာ … အတာရေသဘင်ပွဲမှာ …. ချစ်ချစ် ခင်စရာ ၊ ကြင်သူကို ကိုယ်လေ လိုက်ရှာ … ဟော …. တွေ့ပြီဗျာ …. ဖလားလေးနဲ့ သူရေကစားတာ …

Source: Xperia Blog via Phandroid

Leave a Reply

Your email address will not be published. Required fields are marked *