ကင်မရာ ၂ လုံးပြူးနဲ့ Huawei P9 အသစ်

blog-Huawei-P9-camera-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ပြီးခဲ့တဲ့ အပတ်တုန်းက Huawei က P9 ချပြသွားတယ်ဗျ။ သင်္ကြန်ကျတော့မှာမို့ ပစ္စည်း အမှီပို့ဖို့ ကြံရတာနဲ့ ၊ ကိုယ်တွေ အတွက် ကဲဖို့ စီစဉ် ရတာနဲ့ P9 တောင် ဘယ်နား ရောက်သွားမှန်းမသိပါဘူးလေ ၊ နောက်မှ review တော့ သေချာ ရေးဦးမယ်ဗျ..နော ၊ ခုတော့ သူက ထူးထူး ခြားခြား နောက်ကင်မရာ ၂ လုံး ပါလာလို့ အဲ့ဒါလေး အကြောင်း အရင် ဖောက်သည်ချဦးမယ်။

blog-Huawei-P9-camera-2

Huawei က P9 ရယ် ၊ P9 Plus ရယ်ထုတ်တာဗျ။ Plus ဆိုမှတော့ ခေတ်ကာလ ရေစီးကြောင်းနဲ့ screen ဆိုဒ်ကြီးပဲ ဖြစ်မှာ ၊ သေချာ မဖတ်ရသေးပေမယ့် ၊ မှန်းကြည့်တာ။ ထူးခြားတာက P9 မှာ 12 megapixel (13 megapixel လို့လည်း ပြောကြသေး) နောက်ကင်မရာ ၂ လုံး ပါလာတယ်ဗျ။ ၂ လုံးပြူးပေါ့။ ဒီ dual camera စနစ် က တစ်ခြား ၂ လုံးပြူးတွေလို တစ်လုုံးက အနီးရိုက် ၊ တစ်လုံးက အဝေးရိုက်တာ ၊ ပြီးမှ ရိုက်ပြီးသား ပုံတွေကို focus ချိန်တာ ဘာညာတွေ မဟုတ်ပဲ ၊ တစ်လုံးက Red, Green, Blue အရောင်တွေကို ဖမ်းပြီး ၊ နောက် တစ်လုံးက Black, White ကို ဖမ်း ၊ အတွင်းမှာ ပြန်လည် ပေါင်းစည်းပြီး ပိုပြီး ပုံထွက်ကောင်းတဲ့ ပုံတစ်ပုံဖြစ်အောင် အတွင်းမှာ ပေါင်းစည်းပေးမှာပါ။

blog-Huawei-P9-camera-3

နောက် သူက light ကို အများအပြားဖမ်းယူပေးနိုင်ပြီး အလင်းအားနည်းတဲ့ အချိန်မှာတောင် အကောင်းဆုံးရိုက်ပေးနိုင်မယ်လို့ ပြောပါတယ်။ Huawei ကပြောတာတော့ Apple ရဲ့ iPhone 6s ထက် ၂၇၀% ၊ Samsung ရဲ့ နောက်ဆုံးပေါ် S7 ထက် သူက ၉၀% အလင်းပို ဖမ်းနိုင်သေးတယ် ဆိုပဲဗျ။ Huawei ရဲ့ P9 နဲ့ ရိုက်ထားတဲ့ နမူနာ ပုံတွေကတော့ အောက်က အတိုင်းပါဗျာ။ Size နဲ့ quality ကတော့ မြန်မာ့ကွန်နက်ရှင်ကို ငဲ့ကွက်ပြီး အနည်းငယ်ချံု့ထားကြောင်းပါ။

[one_third class=”” last=”no” ]

hdr
hdr
[/one_third]
[one_third class=”” last=”no” ]
sdr
sdr
[/one_third]
[one_third class=”” last=”yes” ]
bsh
bsh
[/one_third]

အတွင်းမှာ ဘာညာသလကာတွေ ပါပြီး ၊ ဘယ်လို ကောင်းလဲကတော့ နောက်မှပဲ ဖတ်ပြီး ၊ အေးဆေး review ဦးမယ်ဗျ။ လောလောဆယ်တော့ သင်္ကြန် holiday ကို အေးဆေး ဖြတ်ကျော်ကြဦးစို့ … 😀 🙂

Facts and photos via Phandroid

[youtube video_id=”RTmnJH-5nGc” width=”0″ height=”0″ ]

Leave a Reply

Your email address will not be published. Required fields are marked *