Xiaomi Segway တူတူ စီးႀက မလား

blog-xiaomi-segway-2

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

နောက်ဆို Xiaomi က အိတ်ကပ်ထဲကဖုန်း ၊ မီးဖိုခန်းထဲက ရေနွေးအိုး ၊ ဂိုဒေါင်ထဲက ကားထိ အားလုံး လိုတရ လာတော့မယ် ထင်ပါ့။ အခု Xiaomi က Segway – Ninebot mini ထုတ်လာပြန်ပါပြီ။ (Segway ဆိုတာကတော့ ၂ ဘီးတပ် ၊ အလိုအလျောက် ဟန်ချက်ထိန်း ၊ ဘက်ထရီအားသုံး ၊ အီလက်ထရစ် ယဉ်ငယ်လို့ Wikipedia ကိုးကားနဲ့ အဓိပ္ဗါယ် ဖွင့်နိုင်ပါတယ် ခင်ဗျ) အမှန်တော့ ဒီ Segway ကို Xiaomi ကိုယ်တိုင်က ထုတ်တာ မဟုတ်ပဲ ၊ Xiaomi က major investor အနေနဲ့ ထည့်ဝင်ထားတဲ့ Ninebot က ထုတ်လာတာပါ။

ထူးထူးခြားခြားဆိုလို့ကတော့ ဒီ Segway ရဲ့ ဈေးနှုန်းကြောင့် CNN တို့ BBC တို့မှာ အထိ သတင်းတွေ ဖြစ်ကုန်တာပါ။ ဈေးကလည်း ၃၁၅ ဒေါ်လာကိုးဗျ။ ဟုတ်ပါတယ်။ သာမန် mid range ဖုန်း ၁ လုံးရဲ့ ဈေးနှုန်းပဲ ရှိမှာပါ။ iPhone လောက်ဆို ၂ စီး ၃ စီး ၊ မိသားစု ၁ ယောက် ၁ စင်း သုံးနိုင်မယ့် ဈေးပါ။ 😛 😀

blog-xiaomi-segway-1

သူက 16km/h (10 mph) နဲ့ သွား နိုင်ပြီး ၊ 15 degree hill တွေ တက်နိုင်သလို ၊ တစ်ခါ အားသွင်းရင် 22 km (13.67 miles) သွားနိုင်မှာပါ။ အရွယ်အစားကတော့ ကားနောက်ဖုံးထဲ ထည့်သွားလို့ ရမယ်လို့ ဖတ်ရပါတယ်။ ထည့်လို့ ရမယ် ဆိုတာပဲ ပါပြီး ဘယ်နစီး ထည့်လို့ ရမယ် မပါတော့ ၊ ဈေးပေါတယ် ၊ မိသားစု တစ်ယောက် တစ်စင်း သုံးမယ် ဆိုရင်တောင် ကားထဲ ထည့်လို့ဆန့် ပါ့မလားလည်း စဉ်းစား ရဦးမယ့် သဘောပါ (စိတ်ကူးနဲ့ ရူး… )

နိုဝင်ဘာ ၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာပဲ စရောင်းမှာ ဆိုတော့ ၊ လိုချင်တယ်ဆို တရုတ်နိုင်ငံကိုပဲ အပျော်ခရီးသွားကြပေါ့ဗျာ … (စီးမယ့်လမ်းလေးတွေလည်း ညီညာစေပေါ့ဗျာ)

😛 😀

အောက်က YouTube လေးလည်း ကြည့်ကြည့်ဗျ ၊ မိုက်တယ် ..

Source: Engadget

[youtube video_id=”0p1xNkKCF_U” width=”640″ height=”360″ ]

Leave a Reply

Your email address will not be published. Required fields are marked *