HTC One A9 ထွက်ပါပြီ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီရက်ပိုင်း iPhone နဲ့ design ချင်းတူတယ် ဆိုပြီး အသံဗလံတွေ အစုံ ထွက်နေတဲ့ HTC ရဲ့ One A9 အသစ်ကတော့ အမှန်အကန် ထွက်လာ ခဲ့ပါပြီဗျာ။ ကြိုက်သူ ရှိ ၊ မကြိုက်သူ ရှိပေမယ့် ၊ ဖုန်းကတော့ ရုတ်တရက်ကြည့်ရင် iPhone နဲ့ တော်တော်ဆင်တာကတော့ အမှန်ပဲ ခင်ဗျ။ Aluminium body ဖြစ်သွားပြီး ၊ အမြင်ပိုင်း အရမ်းကို ခမ်းနားသွားပေမယ့် spec တွေအရတော့ mid-range ဖုန်းတစ်လုံးပါ။

blog-a9-7-1

ကိုယ်တိုင်သွားကိုင်ကြည့်ခွင့် ရတဲ့သူတွေကတော့ ဖုန်းရဲ့ ကိုယ်ထည်က matte finish မို့ ကိုင်ရတာ အင်မတန် ကောင်းတယ်လို့ ပြောကြတာပဲ ခင်ဗျ။ Mashable website က ဂျာနယ်လစ်က HTC, North America strategy & planning က executive director, Nigel Newby-House နဲ့ တွေ့တုန်း ၊ ဒီဖုန်းက Android တင်ထားတဲ့ iPhone လို့များ ပြောလို့ ရမလား ဆိုတော့ ၊ ရပါတယ်လို့ ပွင့်ပွင့်လင်းလင်း ပြန်ဖြေရှာပါတယ်။ နောက် GSMArena ရဲ့ YouTube clip မှာ တော့ HTC က သူတို့ရဲ့ design ကို iPhone 6 က တုထားတယ်လို့ ပြောပါသေးတယ်။ ဒီ အပိုင်းကတော့ ကျွန်တော် မပြောရဲဘူးလေ.. ထုံစံ အတိုင်းပေါ့ 😛 😀

blog-a9-1

အရင် HTC ဖုန်းတွေမှာ ပါတဲ့ front facing speaker တွေတော့ ဒီဖုန်းမှာ တာ့တာ။ ဒါပေမယ့် music crazy တွေအတွက် headphone နဲ့ နားထောင်ရင် dedicate amp နဲ့ အကောင်းဆုံး music တွေကို ထုတ်ပေးမယ်လို့တော့ HTC ကပြောထားတာပါ။ Headphone နဲ့ မဟုတ်ဘူး ဆိုရင်တော့ အောက်ဖက်က single speaker လေးနဲ့ ပဲ ကျေနပ်…

blog-a9-3

သူက Android ရဲ့ နောက်ဆုံး version ၊ Marshmallow တင်လာမယ့် (Nexus ဖုန်း မဟုတ်တဲ့) ပထမဆုံး ဖုန်းဖြစ်လာမှာပါ။ Marshmallow မှာ ပါတဲ့ Doze ဆိုတဲ့ (phone standby time မှာ battery ကို အကောင်းဆုံး စီမံနိုင်မယ့်) လုပ်ဆောင်ချက်ကြောင့် ဒီဖုန်းမှာ ပါမယ့် 2,150mAh battery က 16 hours talk time, 9 hours web browsing, 12 hours HD video ကြည့် အိုကေမယ်တဲ့… HTC ကပြောတာ…

blog-a9-2

ကင်မရာမှာတော့ rear camera က 13MP ကိုမှ Optical Image Stabilization နဲ့ dual LED flash. ရှေ့က selfie camera ကတော့ HTC ရဲ့ UltraPixel sensor 4MP ကင်မရာပါ။ ဓာတ်ဆရာတွေ သဘောကျမယ့် ၊ RAW နဲ့သိမ်းလို့ ရမယ့် လုပ်ဆောင်ချက်လည်း ပါပါသေးတယ်။ RAW နဲ့ သိမ်းပြီး နောက်မှ ကွန်ပျူတာမှာ quality မကျပဲ ပြင်ချင်တာပြင်လည်း ရ ၊ ဖုန်းမှာ ပါတဲ့ editor နဲ့ ပြင်မယ်ဆိုုလည်း ရ ပေါ့…

blog-a9-4

Fingerprint sensor ကတော့ home button မှာပါ။ သို့ပေမယ့် home button က touch လေး ဆိုတော့ fingerprint နဲ့ ဖွင့်ဖို့ နည်းနည်းတော့ကြောင်မယ့် သဘောရှိပြန်ရော ၊ ဒါပေမယ့် setting ထဲမှာ ပြင်ထားရင် ၊ home button လေးကို ထိပြီး phone ကို wake လုပ်မယ်ဆိုလည်း OK ပါတယ်ဆိုပြန်တော့လည်း.. အဆင်ပြေမှာပါ။

blog-a9-2

အော်… ပြီးတော့ ဓာတ်ဆရာ အကြိုက် ရှိသေးတယ်ဗျ။ ဖုန်းရဲ့ volume ခလုတ် (ဟုုတ် ၊ အပေါ်ဖြစ်ဖြစ် အောက်ဖြစ်ဖြစ်) ကို နှိပ် 0.6 seconds အတွင်း ကင်မရာပွင့် ၊ ရိုက်တာက 0.1 seconds ၊ ပေါင်း 0.7 seconds အတွင်းမှာ ဓာတ်ပုံ ၁ ပုံရိုက်နိုင်လို့ ၊ လျှပ်တပြတ်ဆိုမှ လျှပ်တပြတ်ဆိုရင် ဒါလည်း အကြိုက်တွေ့စရာလေးဗျ ၊ နော။ Setting ထဲမှာ volume button ကို shutter button အဖြစ် set လုပ်ထားရင် ဓာတ်ပုံရိုက်ရတာ ပိုတောင် မြန်ဦးမယ် ၊ အမြဲတမ်း volume button ကို နှိပ်တာနဲ့ camera app ကြီးထပွင့်မှာလား ဆိုုတော့လည်း မဟုုတ်ပါဘူးလေ။ ဖုန်းလေးက အလှဲလေး horizontal လေး ဖြစ်နေဦးမှ …

အကြမ်းဖျင်းကတော့ ဒီလောက်ပါပဲဗျ။ စျေးကတော့ ဟိုနေရာမှာ တစ်မျိုး ဒီနေရာမှာ တစ်မျိုးနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိမယ် ပြောကြတာပါပဲ။ Spec နဲ့ နှှိုင်းယှဉ်ရင်တော့ စျေးက နည်းနည်းများတာတော့ အမှန်ပါ။ သို့သော်ငြား aluminium body လေး သုံးချင်ရင် ဖြစ်ဖြစ် ၊ Android တင်ထားတဲ့ iPhone လိုဒီဇိုင်းဖုန်းလေး သုံးချင်ရင် ဖြစ်ဖြစ် … 😀 🙂

Source: GSMArena, Mashable

Spec တွေ ကတော့ ဒီလိုပါ။

  • Body: Aluminum unibody, 7.3mm thick
  • Screen: 5″ AMOLED with 1080p resolution (441ppi); Gorilla Glass 4
  • Camera: 13MP with OIS and RAW mode and Hyperlapse; 1080p video; sapphire lens cover
  • Selfie camera: 4MP UltraPixel; 1080p video
  • Audio: 24-bit, 192kHz supported by Hi-Fi DAC; dedicated headphone amp with Dolby Audio
  • Security: Fingerprint sensor
  • Power: Snapdragon 617 (octa-core Cortex-A53, Adreno 405); 2GB/3GB of RAM
  • Storage: 16GB/32GB built-in; microSD card slot
  • OS: Android 6.0 Marshmallow with Sense
  • Battery: 2,150mAh; up to Quick Charge 3.0 support
  • Misc: Android Pay, Google Now on Tap; optional Dot View II flip cover

Leave a Reply

Your email address will not be published. Required fields are marked *