Xiaomi ရဲ့ Mi5s အသစ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ကျွန်တော်တို့ဆီမှာ Xiaomi ပရိသတ်တွေကလည်း ဒုနဲ့ ဒေးမို့ Xiaomi အကြောင်းလေး လည်းစိတ်ဝင်စားမယ် ထင်တယ်ဗျ။

Xiaomi က အမှန်က Mi5 ဆိုပြီး ထုတ်ပြသွားတာ လပိုင်းပဲ ရှိသေးပေမယ့် ၊ ဘယ်လို အကြောင်းရယ်ကြောင့် မသိ ၊ Mi5s ဆိုပြီး မျိုးဆက်သစ်တစ်လုံးထပ် ချပြတယ်ဗျ။ Mi5s Plus ဆိုတာလဲ ပါသပေါ့။

blog-xiaomi-mi5s-1

Mi5s မှာ အထူးခြားဆုံးကဘာလဲဆို ၊ သူ့မှာ ultrasonic fingerprint sensor ပါလာတယ်ဗျ။ ဒီ fingerprint scanner က Qualcomm က နောက်ဆုံးထုတ်ထားတာ ဖြစ်ပြီး ၊ ဖုန်တွေ ၊ ရေတွေ စိုနေလည်း ဖတ်လို့ရတယ် ၊ သိပ်မဆန်းသေးဘူး ၊ ဘယ်မှာ ဆန်းသလဲ ဆို … သူက ultrasonic နည်းပညာကို သုံးထားလို့ scanner ကို ဖန်တို့ ၊ သတ္တုတို့ အောက်မှာ မြုပ်ထားလို့ရပြီး ခလုတ်ဆိုတာ ရှိစရာ မလိုတော့တာပါ …. ဒန့် .တန် … အဲ့ဒီမှာ ဆန်းသွားတာ … 😛 😀

blog-xiaomi-mi5s-5

အဲ့လို ဆန်းကျယ်မှုတွေပါလို့ phone ရဲ့ အရှေ့ဖက်မှာက ခလုတ်လေး ပြူးထွက်မနေတော့ပဲ မှန်နဲ့ တသားတည်းလို ဖြစ်ပြီး ပိုလို့ ကြည့်လို့ ကောင်းသွားတယ် ဆိုပါတော့ …

blog-xiaomi-mi5s-3

ဖုန်းကတော့ အခုခေတ် စတိုင် metal body နဲ့ပါ။ ကင်မရာက 12 megapixel ၊ ရှေ့မှာက 4 megapixel ပါ။ တခြားထူးခြားသေးတာဆိုလို့ 5.15inch screen က pressure sensitive ဖြစ်သွားလိုု့ 3D touch လို force touch လို ကိစ္စတွေ လုပ်လုုိ့ရမယ် မှန်းပါတယ်။ သို့သော်လည်း မြုပ်ကွက်က 4GB/128GB model မှာပဲ ပါမှာပါ။

blog-xiaomi-mi5s-2

ဆိုတော့ကား 3GB RAM ကို 64 GB Storage နဲ့ လည်း ရှိမယ် ၊ 4GB ကို 128 GB Storage နဲ့လည်း ရှိမှာပါ။ ဘက်ထရီက 3200mAh. Charging ကိုတော့ USB Type C သုံးထားပြီး quick charge ရသလို ၊ dual SIM လည်း ရမှာပါ။ ဒါကတော့ ပြည်တွင်းအတွက် မရှိမဖြစ် 😛 😀

blog-xiaomi-mi5s-6

Mi5s Plus ကေတော့ Plus တို့ရဲ့ ထုံးစံအတိုင်း screen ပိုကြီး – 5.7 inch ဖြစ်သွားတယ်။ သူ့မှာ pressure sensitive screen မပါတော့ပါဘူး ၊ ဘက်ထရီက 3800mAh ဖြစ်သွားပါတယ်။ 3800mAh အတွက် 7.95mm အထူက တကယ်ကို အ့ံမခန်း ရှိတယ်လို့တော့ အနောက်ကမ္ဘာက သတင်းဆရာတွေက ချီးမွန်းလေရဲ့…

Mi5s Plus မှာ နောက်ကင်မရာက 13 megapixel ၂ လုံး ဖြစ်သွားတယ်။ Huawei P9 တို့ Honor 8 တို့လို setup ပဲလို့ ဆိုပေမယ့် ၊ ဘာတွေ ထူးခြားလဲတော့ မပြောတတ် ၊ သေချာတာတာ့ pro camera တွေလို RAW format နဲ့ရိုက်လို့ရတာပါ။

blog-xiaomi-mi5s-2

စျေးနှုန်းတွေကတော့ တရုတ်နိုင်ငံအတွက် Mi5s – 3GB/64GB က $300 ၊ 4GB/128GB က $345 ။ Mi5s Plus မှာ 4GB/64GB ကို $345 ၊ 6GB/128GB ကို $390 နဲ့ gray, gold, silver, pink တို့နဲ့ ရမယ် ဖြစ်ကြောင်း ရေးသား ၊ တင်ဆက် ၊ သတင်းပေး ၊ အကြောင်းကြား လိုက်ရပါတယ်ဗျာ … 😀 🙂

ဒါနဲ့ မေးကြည့်ဦးမယ်ဗျ.. .
[poll id=”2″]

Souce: Android Police, GSMArena

Leave a Reply

Your email address will not be published. Required fields are marked *