S8 နဲ့ပတ်သက်လို့တော့

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

အဟမ်း … အားတော့ နာတယ် ၊ ပြောရဦးမှာပဲဗျ … 😛 😀

ဖန်တရာထေ ပြောနေကြတဲ့ Note 7 မီးလောင် ၊ ပြန်သိမ်း ၊ ဘက်ထရီလဲပြီး ပြန်ထုတ်ပေး ၊ အဆင်က ထင်သလောက်မပြေ ၊ iPhone 7 က ထွက်သွား ၊ Note 7 အပေါ် စိတ်ဝင်စားမှုတွေက လျော့ကျ သွားနဲ့ …. ဒီရက်ပိုင်း ထွက်လာတဲ့ သတင်းအရတော့ Samsung က Note 7 ကို အတင်းအကြပ် ဈေးကွက်မြှင့်တင်တာမျိုး မလုပ်တော့ပဲ S7 ရဲ့ နောက် အသစ်ထွက်မယ့် S8 ကို ပဲ အရင်က ထွက်နေကျ ဖေဖော်ဝါရီ ၊ မတ် ထက် စောပြီး ထုတ်မယ်လို့ ဆိုလာပြန်တယ်ဗျ။

ဒီလိုနဲ့ ပဲ S8 ကျရင် ဘာတွေ ပါမယ် ဆိုပြီး မှန်းဆော် ကြပြန်ရော ဆိုပါတော့ …

blog-s8-rumours-1

လက်ရှိ ကောလဟာလ အရ S8 က 4K display ဖြစ်နေချေရှိတယ် ဆိုပါတယ်။ 4K သာ အမှန်ဆိုရင် ခေါင်းမှာ စွပ်ပြီး ကြည့်ရတဲ့ VR Headset နဲ့ ဆိုရင် ရှယ်ပဲ လို့ ပြောတဲ့သူတွေကလည်း ပြောပါတယ်။ ဖုန်းနဲ့ movie တွေ အကြည့်များရင်တော့ 4K က သာမယ်ဆိုပေမယ့် ၊ သာမာန် အသုံးပြုသူတွေ အတွက်တော့ အရမ်းကြီး စွဲမက် စရာ မရှိဘူးများ ဖြစ်လေမလား …

ပြီးတော့ လွန်ခဲ့တဲ့ ၄ ၊ ၅ လလောက်က Samsung က တာဝန်ရှိသူနဲ့ ဗျူးထားတဲ့ အဗျူးထဲမှာ curved screen က Samsung ရဲ့ signature ဖြစ်သွားလိမ့်မယ်လို့ ပြောထားဖူးလေတော့ S8 ကျရင် S8 နဲ့ S8 Edge ဆိုပြီး ၂ မျိုး မထုတ်တော့ပဲ S8 လို့သာ ခေါ်ချင်ခေါ်မယ် ၊ မှန်ကတော့ မှန်ခုံးဖြစ်ဖို့ကတော့ များပါတယ်လေ.. နော်…

Camera မှာတော့ ခုနောက်ပိုင်း ခေတ်စားလာတဲ့ dual camera ဆိုတာကြီး ဖြစ်လာရင်တောင် ကျွန်တော်ကတော့ အဲဒီ ထွက်နေတဲ့ ဘုကြီးတော့ မကြိုက်ပေါင် …

အနောက်ကမ္ဘာက ဆြာတွေကတော့ wireless charging မှာ နည်းပညာ ပိုမြင့်လာပြီး ကပ်ထားမှ အားသွင်းတာမျိုး မဟုတ်ပဲ charger နဲ့ ခပ်လှမ်းလှမ်းမှာ ထားထားရင်လည်း အားသွင်းနေတာမျိုးတော့ မျှော်လင့်ကြလေရဲ့ဗျာ …

လောလောဆယ်ကတော့ ကောလဟာလမှ ကောလဟာလ အစိမ်းသက်သက်ကြီး ရှိသေးတာမို့၊ ဘာမှတော့ ယုံလို့ မရသေးဘူးဗျ။ စားမယ်ဆိုရင်တောင် ဆားများများ ထည့်ရမယ့် သဘော … ဟက်ဟက် …

ဒါနဲ့ Google က ဒီညထင်တယ် ပွဲရှိတယ်ဗျ။ အဲ့မှာ Pixel ဆိုတဲ့ ဖုန်း အသစ်ချပြဖို့ ရှိပါတယ်။ သိရမှ သေချာ ထပ်ရေး ပါဦးမယ်ဗျာ … 😀 🙂

Source: Mashable

Leave a Reply

Your email address will not be published. Required fields are marked *