ဟောဒီမှာ မီးမလောင်တဲ့ ရှောင်မီး

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

အားငယ်စရာ မရှိပါဘူး ၊ Note 7 ပြန်သိမ်းသွားပေမယ့် ၊ Note 7 လို high-end Android ဖုန်းလေးကို iPhone လို အရောင်လေးနဲ့ သုံးချင်သေးတယ် ဆိုရင် ဒီမှာ Xiaomi အသစ်တွေ လာပါပြီ …. အဟက် 😛 😀

blog-xiaomi-mi-mix-2

ပထမ တစ်မျိုးက Xiaomi က ထုတ်တဲ့ Mi Note 2 ပါ။ သွင်ပြင်လက္ခဏာ ကတော့ Note 7 နဲ့ အတော်လေး တူတဲ့ သဘော ရှိတယ်ဗျ။ 5.7 curved screen မှာ ဘယ်ခုံး ၊ ညာခုံး ပါပြီး ၊ screen က 3D Touch ဆိုတာလေးလည်း ပါပါသေးတယ်။ ဒါပေါ့ … iPhone က Force Touch လိုပဲ အလုပ်လုပ်ပေးမှာပါ။

သူ့မှာ Note 7 ထက် နည်းနည်းသာတဲ့ Snapdragon 821 chip ပါတယ် ၊ Note 7 ထက်နည်းနည်း ထပ်သာတဲ့ 4070mAh battery လည်း ပါတယ်။ Storage က 128GB ကို 6GB RAM ပေါ်မှာ run မယ် … ဘယ်လိုလဲ ။

ကင်မရာက 22.56 megapixel ဖြစ်သွားတယ်။ iPhone လိုအနက်ရောင်ကို Piano Black လို့ခေါ်ပြီး ၊ အနက်ရောင်မကြိုက်ရင် Glacier Silver လည်းရှိပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ ဘယ်နေမလဲ ၊ Xiaomi ကို သူ့ကို လှောင်တဲ့ သူတွေ ပါးစပ် အဟောင်းသား ဖြစ်သွားစေမယ့် ဖုန်း အသစ်ကိုလည်း ချပြသွားပါသေးတယ်။ ဒါကတော့ copycat လုပ်ထားတာ့ မဟုတ်တဲ့ အော် စစ်စစ် …

သူများ ဖုန်းတွေ ဘောင်ပျောက် … ဘောင်ပျောက် ပြောတာ Xiaomi က ရယ်တာပေါ့….

ဒီမှာကြည့် … ဒန်တန် …

blog-xiaomi-mi-mix-1

ဘေးဖက်တင် ဘောင်ပျောက်တာ မဟုတ်ပဲ ၊ အပေါ်ဖက်ပါ ဘောင်ပျောက်သွားတာ။ စိတ်ကူးတွေယဉ်ပြီး လျှောက်ပြနေတယ် မထင်နဲ့ ဆြာတို့ ၊ ဆြာမတို့ ။ ဂယ်ကြီး ချပြသွားတာ။

French designer Philippe Starck က ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ၊ Screen size 6.4 inch မှာ ဘေးဖက်ရော ၊ အပေါ်ပါ ဘောင်ပျောက် ၊ Xiaomi ကို အချဉ်ထင်သူတွေ ဘာပြောချင် သတုန်း … 😛 😀

ဒီ ဘောင်ပျောက်ဖုန်းကိုတော့ Mi Mix လို့ နာမည်ပေးထားပြီး 128GB storage – 6GB RAM ကို 510$၊ premium model: 256GB နဲ့ ကို 590$ နဲ့ နိုဝင်ဘာ ၄ ရက်ဆို တရုတ်ပြည်မှာ စရောင်းတော့မှာပါ။

ဘောင်တွေပဲလှိမ့်ပျောက်နေတော့ fingerprint reader ကဘယ်မှာတုန်းဆိုတော့ ၊ နောက်မှာ …. 16megapixel camera လေးနဲ့ အတူတူလေး …

အပေါ်က Mi Note 2 ရဲ့ဈေး ကတော့ 64GB storage – 4GB RAM ကို 415$ ၊ 128GB storage – 6GB RAM ကို 485$ ပါတဲ့ဗျာ။

မယုံရင် ပုံပြင်မှတ်ပေါ့ … 😀 🙂

Source: Mashable, CNet, Android Central

Leave a Reply

Your email address will not be published. Required fields are marked *