ဓာတ်ဆရာ အလိုကျ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ယေဘုယျ အားဖြင့် ပြောကြေးဆိုရင် ၊ Printer မှာ နာမည်ကြီးပြီးသားတံဆိပ်ရဲ့ Printer ကို ဝယ်ရင် စိတ်ချရဆုံး ဖြစ်သလို ၊ Camera ထုတ်ရာမှာ နာမည်ကြီးပြီးသား တံဆိပ်ရဲ့ ကင်မရာကို ဝယ်ရင် အကောင်းဆုံး Camera ရမယ်ပေါ့ …

ဆိုတော့ကား … ဖုန်းကင်မရာ ဆိုရင်ရောဗျာ …

ကင်မရာကောင်းတဲ့ ဖုန်းသုံးဖို့အတွက် နာမည်ရပြီးသား ဖုန်းကို စွန့်လွှတ်ဖြစ်ပါ့မလား …

Kodak ကတော့ အဲ့လို့ ဖြစ်လာလိမ့်မယ်လို့ မေ ျှာ်လင့်တဲ့ ပုံပါပဲ။ ဓာတ်ပုံ ဝါသနာ ကြီးလွန်းတဲ့ မိုဘိုင်းဖုန်း သုံးသူတွေ အတွက် Camera အသားပေး Camera Phone အသစ် ၊ Ektra ဆိုတဲ့ ကင်မရာဖုန်း အသစ်ကို ထုတ်တယ် ခင်ဗျ။

blog-kodakedit2-1

ဖုနး်ကတော့ မြင်လိုက်ရုံနဲ့ ကင်မရာ အသားပေးဆိုတာ သိသာစေတဲ့ ပုံပါ အတိုင်းပါဗျာ။ ကိုင်လို့ ပိုုကောင်းအောင် ၊ ကင်မရာနဲ့ပိုတူအောင် အနားလုံးထားတယ် ၊ shutter button သီးသန့် ပါတယ် ၊ နောက်မှာ ပြူးထွက်နေတဲ့ lens လေးကိုလည်း မညိုညင်ပဲ သုံးပေး ရမယ်။ စသဖြင့်ပေါ့လေ …

ဓာတ်ပိုင်းဆိုင်ရာ အချက်အလက်တွေကတော့ steel-rimmed f/2.0 aperture 26.5mm lens လေးက နောက်ပြူးလေး ၊ အတွင်းမှာက 21 megapixel ၊ Sony ရဲ့ IMX230 image sensor ကို သုံးထားမယ် ၊ optical image stabilization ပါမယ် ၊ 4K video recording ရမယ် ၊ အရှေ့ကင်မရာကတော့ 13 megapixel ဖြစ်မှာပါ။

blog-kodakedit2-2

ဖုန်းပိုင်းဆိုင်ရာ အချက်အလက်တွေကတော့ Helio X-20 deca-core processor သုံးထားမယ် ၊ 3GB RAM ပါမယ် ၊ 32GB onboard storage ပါပြီး SD card နဲ့ 128 GB ထိ ချဲ့လို့ရမယ် ၊ screen က 5 inch 1080p ၊ battery က 3,000mAh ပါ။

စျေးကတော့ ယူရိုနဲ့ ၄၄၉ ဆိုတော့ ကင်မရာကိုမှ အသားပေးရင်လည်း Sony လေးပဲ ကိုင်ရင် ရေစိုတောင် ခံသေးတယ်လို့ ပြောရမလား ၊ leather လေးနဲ့ မို့ ဒါလေးက ပို မိုက်တယ်လို့ပဲ ဆိုရမလား ၊ ပြောချင်သလိုပြော ၊ ဆိုချင်သလိုဆို ၊ ပြည်တွင်းမပြောနဲ့ အမေရိကားကိုတောင် သွင်းချင်မှ သွင်းမယ်ပြောလို့ ၊ မစားရ အညှော်ခံ ။ ဘွားတေး 😛 😀

Source: The Next Web, Engadget

Leave a Reply

Your email address will not be published. Required fields are marked *