Samsung ရဲ့ Batphone

blog-batphone-4

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

သင့်အနေနဲ့ တရားမ ျှတမှုကို မြတ်နိုး်တာလည်း ဖြစ်ချင်ဖြစ်မယ် ၊ Joker ရဲ့ မုန်းတီးခံရမှုကို ရရှိထားသူလည်း ဖြစ်ချင် ဖြစ်မယ် ၊ ကိုယ် အတည့်ကြည်နေတာပါ ဆိုပေမယ့် Gotham မြို့ကြီး ပြောင်းပြန် ဖြစ်နေတာလည်း ဖြစ်ချင်ဖြစ်မယ် ( ဇောက်ထိုးနားရတဲ့ သူကိုး …) ၊ Tow Face က သူငယ်ချင်းပါ ဆိုပြီး နောက်ကျောကို ဓားနဲ့ ထိုးလို့ ကျောအောင့်နေတာလည်း ဖြစ်ချင် ဖြစ်မယ် ၊ ဒီတိုင်း တည့်တည့်ထိုင်မောင်းလို့ ရပေမယ့် ဒါရိုက်တာက ပိုစိတ်ဝင်စားအောင် လှဲပြီး မောင်းပါဆိုလို Batmobile ကို အိပ်ပြီး ခဲရာခဲဆစ် မောင်းပြရတဲ့ သူလည်း ဖြစ်ချင်ဖြစ်မယ် ၊ ဒါမှမဟုတ် S7 Edge ကိုမှ မတရား ခိုက်နေသူလည်း ဖြစ်ချင်ဖြစ်မယ် … 😛 😀

blog-batphone-1

ဒီလိုပဲ စကားပြောနေရင် ဘာပြောလို့ ပြောမှန်းမသိတဲ့ Batman ကိုလည်း ကြိုက် ၊ ဘေးဖက်လေးတွေ ခုံးထားပေမယ့် အလှကလွဲလို့ ဘာမှ သိပ်အသုံးမဝင်တဲ့ Samsung ရဲ့ S7 Edge ကိုလည်း ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် Batphone လာပါပြီဗျာ။ Samsung က တရားဝင် ထုတ်လိုက်တဲ့ Limited Edition ပါ။

Batphone ကို ထုတ် ၊ Batmobile ကို အဝေးကနေလှမ်းခေါ်လို့တော့ မရပေမယ့် ၊ Batman လို style နဲ့ဖုုန်းပြောလို့ ရအောင်တော့ dailer ကိုတော့ Batman theme လေး ပြောင်းပေးထားပါတယ်။

blog-batphone-5

ငါဟဲ့ .. Batman ဆိုတာ လူသိအောင်တော့ နောက်မှာ Batman logo လေး ပါပါတယ်။

blog-batphone-3

Batman က အနက်ကိုမှာ မဲမှောင်နေလို့ ရုပ်ရှင် တစ်ကားလုံး မနည်းကို အားစိုက်ကြည့်ရတဲ့ အထဲ Batphone ရဲ့ logo က ရွှေရောင်လေးက မအပ်စပ် ပါဘူး ဆိုရင်တော့ ၊ ဗူးထဲ တပါတည်း ပါတဲ့ Batman cover အမှောင်လေး တပ်ပေါ့။ Batman လိုပဲ cover တွေကလည်း အင်ဗလ တွေနဲ့ …. 😛 😀

blog-batphone-6

Batman ဖုန်းလေးနဲ့ Batman ကားလေး ကြည့်ပါဦးမယ် ဆိုရင်တော့ ဗူးထဲမှာ Batman theme နဲ့ Gear VR က လည် အနက်ရောင်လေးပဲ .. VR ချင်းတူတူ Myanmar Lifestyle မှာရောင်းတဲ့ VR ကတောင် သာသလိုလို ( ကြော်ငြာ)

blog-batphone-7

ဖုန်းရဲ့ theme ကို အနက်ရောင် ပြောင်းထားတယ် ၊ အပြင်ခွံ့က အနက်ရောင် နဲ့ ရွှေရောင် စပ်ကြားလေးရယ် ဖြစ်တာကလွဲရင်တော့ ကျန်တာ ရိုုးရိုး S7 Edge နဲ့ တူတူ ပါပဲဗျာ။ Batman လည်း တခါတလေ selfie ရိုက်ချင်စိတ်ရှိကောင်း ရှိမယ် ၊ တခါတလေ ဖုန်းရေအိုင်ထဲ ပြုတ်ကျလို့ ရေစိုတာလည်း ဖြစ်ကောင်း ဖြစ်မှာကိုးဗျ … နော ..

ဒီသတင်းလေး ရေးဖို့ Batman အကြောင်းလိုက်ဖတ်လိုက်ရတာများ စုံလို့ ၊ Harold Allnut, Bat Cave, Batmobile, Two Face စသဖြင့် သူသူကိုယ်ကိုယ် ကိုယ့်လိုပဲ Batman နဲ့ပတ်သက်လို့ သိချင်သူများ ရှိသော် ၊ ရုံးပိတ်ရက်မှာ ဖတ်လို့ရအောင် wiki link လေးတွေပါဗျာ။

Samsung က ဒီ Batphone နဲ့ ပတ်သက်ပြီး official video လေး ထုတ်ထားတာက ဒီမှာပါ။ ညဖက်ညဖက် အမိုးပေါ်ကနေ မြို့ကို ကြည့်ရတာဆိုတော့ တိုက်တွေ နိမ့်တဲ့ ကျွန်တော်တို့ နိုင်ငံမှာ မရောင်းဖို့ကတော့ များလို့ မေ ျှာ်လင့်ချက်တွေ ထပ်ပေးမိသွားရင် ဆော်တီး …. ဟဲဟဲ 😛 😀

[youtube video_id=”eW_0aYguJ_E” width=”0″ height=”0″ ]

Source: CNet

Leave a Reply

Your email address will not be published. Required fields are marked *