ပိုအကြမ်းခံတဲ့ S7 Active

blog-s7-active-1

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

S7 က ရေစိုခံတယ် ၊ ဖုန်ဝင်လည်း ခံတယ် ၊ မခံတာ ဆိုလိုု့ အကြမ်းပဲ မခံတာမလားဗျ။ အဲ့လို အကြမ်းပါ ခံချင်တယ်ဆိုတဲ့သူတွေ အတွက် S7 Active ဆိုတာလည်း ထွက်ပါသေးတယ်ဗျာ။

S7 Edge လို fancy မှန်ခုံးလေး ၊ S7 လို glass back အလန်းလေး မြင်ယောင်မိတယ်ဆိုရင်တော့ နိုးးးနိုးးး ဆော်ရီးပါ …. S7 Active က အဆင်းထက် အချင်းကို ကြည့်ရမယ့် ဖုန်းမျိုးပါ။

blog-s7-active-2

ယေဘုယျ သဘောကြည့်ရင်တော့ S7 ကို ရေစိုခံ cover အထူစားထဲ ထည့်ထားတဲ့ ပုံပေါ်ပါတယ်။ သူကတော့ cover မဟုတ်ဘူး ၊ built-in ပေါ့။ သာမန် S7 လိုင်းထက် သိသိသာသာ ထူးခြားသွားတာကတော့ ရှေ့မှာ shatter-resistant screen ပါလာတယ်လေ။ ဆိုတော့ကား ၊ မှန်မကွဲတို့ ဘာတို့ ကပ်စရာမလိုပဲ မှန်အတွက် စိတ်ချရတယ်ပေါ့။ ပြီးတော့ fingerprint ပါတယ် ၊ သူ့ဘေးက back နဲ့ menu ခလုတ်တွေက physical button လေးတွေ ဖြစ်သွားတယ်။

blog-s7-active-4

ဘေးမှာ pre-program လုပ်လို့ရတဲ့ နောက်ထပ် physical button တစ်ခု အပိုပါလာတယ်။ သူ့ကို ၂ ချက် နှိပ်ရင် Emergency Zone လုုိ့ သတ်မှတ်ပြီး ၊ 911 ကို အလိုအလျောက်ခေါ်တာ ၊ ကြိုသတ်မှတ်ထားတဲ့ SOS message ပို့တာတို့ လုပ်ပေးမှာဆိုတော့ တစ်ဗွေထဲ တောထဲ တောင်ထဲ ခြေချော် ၊ လက်ချော် ၊ 911 ကိုမှ မနှိပ်နိုင်တော့အောင် အားပြတ်နေရင်တော့ အဲ့ ခလုတ်လေး ၂ ချက်တော့ နှိပ်ဖို့ ချန်ထား … ကျန်တာ လိုင်းရဖို့ကတော့ ဆုတောင်းပေါ့ …. 😛 😀

blog-s7-active-5

ပြီးတော့ battery မှာ S7 က 3000mAh, S7 Edge က 3600mAh ပါတာကို ၊ S7 Active ကျ ပိုပြီး အကြမ်းခံရမှာမို့ထင်ပါ့ 4000mAh ပါလာတယ်ဗျ။ Fast charging ကတော့ S7 အတိုင်းအလုပ်လုပ်မှာဆိုတော့ အိုကေပဲလေ ၊ wireless charging လဲ ရသေးသပါ့။

အတွင်းပိုင်းကျန်တာကတော့ တူတူပါပဲ ၊ Snapdragon 820 processor, 4GB RAM, 32GB internal storage, microSD card slot စတာတွေပါပြီး ၊ ကင်မရာက ရှေ့မှာ 5 megapixel, နောက်မှာ 12 megapixel ပါ။

အရောင်တွေကတော့ ဟောသလိုအရောင်တွေနဲ့ ရမှာပါ။

blog-s7-active-3

ပြသနာကတော့ အမေရိကားမှာပဲရောင်းပြီး ၊ အမေရိကားမှာမှ AT&T exclusive တဲ့။ ဟိ … မျှော်လင့်ချက်တွေ ပေးမိသွားရင် ဘွာတေး … 😛 😀

Source & Photos: Mashable

Leave a Reply

Your email address will not be published. Required fields are marked *