S7 Active တဲ့

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

S7 က S6 တုန်းက ပျောက်နေတဲ့ microSD card slot လည်း ပါလာတယ် ၊ S5 တုန်းကပဲ ပါခဲ့တဲ့ ရေစိုခံ ကိစ္စက ရေစိုတင်မဟုတ်ပဲ ရေစိမ်ပါခံတဲ့ S7 မှာ IP68 rated ဖြစ်သွားတယ် ၊ နောက် ဘာကျန်သေးလဲ မပြောတတ် … ခု S7 Active တဲ့

Samsung က ဘာမှ မပြောသေးပေမယ့် Samsung Level app ထဲမှာ ဒီလို တည့်ကြီး ပါလာတာ …

blog-s7-active-1

S7 က ရေစိုခံပြီးသားမို့ ၊ S6 Active တုန်းကလို ရေစို ခံပါတယ်လို့ လည်း ပြောကွက် မရှိလေတော့ ၊ အကြမ်းခံဖုန်းပါလို့များ ပြောရောင်းလေမလားပဲ။

တကယ်သာ အကြမ်းခံကြေးဆိုရင်တော့ ၊ မှန်းကြည့်တာလေ .. built-in bumper တွေပါလာပြီး ၊ ခဲရာခဲဆစ် ဆိုရင် သုံးရ ပို အဆင်ပြေတဲ့ physical button တွေပါလာလေ မလား ၊ ထူလဗျစ်ကြီးဖြစ်ပြီး ဘယ်လိုပုံပေါက်မလဲ မပြောတတ် … ပြောတတ်တာကတော့ လောလောဆယ် ဘာမှ သေချာ သတင်းမကြားသေးဘူး ဆိုတာ 😛 😀

ဒါနဲ့ S7 ရန်ကုန်မှာ စရောင်းတော့ ကိုင်ဖူးတယ် ရှိအောင် သွားပွတ်ကြည့်မလား စဉ်းစားတော့ ၊ Myanmar Plaza အရှေ့မှာ မနက် ၈ နာရီလောက်ကတည်းက ဒုနဲ့ ဒေး … ဒီလိုနဲ့ ရင်တွေရှုပ်တဲ့ တစ်နေ့မှာ ရုပ်ရှင်ကြည့်ဖို့ အသွား ၊ ဆူးလေက Samsung showroom ကို ဝင်ကြည့် ၊ S7 လေး ပွတ်ကြည့်ချင်လို့ပါ ဆိုတော့ ၊ ရေထဲ စိမ်ပြထားတဲ့ dummy အလုံးကြီးပဲ တွေ့တာနဲ့ မပွတ်ခဲ့ရပဲ သတင်းတွေပဲ လေ ျှာက်ဖတ်နေခဲ့ရတာ ၊ မနေ့ကမှ သိတယ် ၊ သူကလည်း LG G5 လိုပဲ Always On feature လေး ပါတာပဲကိုး…

blog-s7-active-2

Phone ရဲ့ power ဒါမှမဟုုတ် home button ကို နှိပ်စရာ မလိုပဲ screen မှာ အချိန် ၊ missed call ၊ တခြား တိုလီမိုလီတွေ အမြဲ ပြပေးနေမယ့် Always On feature ။ G5 နဲ့ ကွာသွားတယ်လို့ ထင်တာက S7 ရဲ့ Always On က ကြိုက်သလို customize လုပ်လို့ရတာပဲ .. ဒီလိုမျိုးဗျ

blog-s7-active-4

blog-s7-active-3

ဒါကြောင့် ဟိုတစ်ရက်က S7 အတွက် cover တွေ ကြည့်တော့ Hong Kong supplier က အလယ်မှာ အပေါက်ဖောက်ထားတဲ့ S7 flip cover ကို ပြတာကိုး ၊ ပေါက်သွားပြီလေ ၊ သဘောက flip cover ပေမယ့် ၊ အလယ်အပေါက်လေးကနေ Always On လေးကို အမြဲကြည့်လို့ ရနေမှာ။ S7 cover ဆိုလို့ လောလောဆယ်တော့ S7 cover တွေက သိပ်မလန်းသေးတာမို့ ၊ သင်္ကြန်ပြီးလို့ လန်းတာတွေ တွေ့တာနဲ့ သွင်းထားပါ့မယ်ဗျာ။

လောလောဆယ်တော့ သင်္ကြန်လည်း နီးပြီး ၊ လကုန်ရက်လည်း ရောက်ပြီမို့ အားလုံး လန်းသထက် လန်းကြပါစေကြောင်း … 😛 😀

Source: The Next Web, Android Authority

ဒါကကြော်ငြာ 🙂 😀
web-link-ads-i6-3

Leave a Reply

Your email address will not be published. Required fields are marked *