[ယူနီကုဒ်နဲ့ဖတ်မယ်ဆို…]
ဒီလိုလေ… တွေးကြည့်တာ
နောင်ဆို အိမ်က ထွက်ပြီဆို သွားပြီနော် ၊ ဘာတွေ လုပ်ထား ၊ ဘာတွေ ချက်ထား ၊ ဘာတွေ ပြင်ထား မှာထားခဲ့ရမှာ စက်ရုပ်တွေများ ဖြစ်နေမလား။ ဒါမှမဟုတ်ရင် Apple ရဲ့ co-founder, Steve Wozniak ပြောသလိုပဲ တစ်ချိန်မှာ လူတွေဟာ စက်ရုပ်တွေရဲ့ အိမ်မွေး သတ္တဝါတွေ ဖြစ်လာလေမလား။ ကြံကြံဖန်ဖန်…. (ကျွန်တော်တို့ နဲ့ တန်းတူ အချိန်တူ ကြီးလာတယ် ဆိုရင် တီဗီ အစီအစဉ် Small Wonder (Vicki) ကို မှတ်မိမှာပေါ့ … အဲ့လိုပဲ စက်ရုပ်မလေးနော် … 😛 😀 )
တစ်ရက် အဖေက သူဖတ်လာတဲ့ ဂျာနယ် သတင်းတစ်ပုဒ် အကြောင်းကို ပြောပြပါတယ်။ ကားစက်ရုံ တစ်ခုမှာ စက်ရုံအတွက် ရောက်လာတဲ့ စက်ရုပ်ကို အပြင်မှာ တပ်ဆင်ရင်း စက်ရုပ်က အသက်ဝင် ၊ လူကို သံချောင်းနဲ့ ထရိုက်လိုက်တယ်လို့ လွန်လွန်ကျူးကျူး ရေးထားတဲ့ သတင်း တစ်ပုဒ်ပါ။ ဒါနဲ့ ပဲ ကျွန်တော်တို့ သား အဖ လည်း တစ်ဆိတ် တစ်အိတ်ရေးတဲ့ သတင်း အကြောင်းရော ၊ စက်ရုပ်တွေ အကြောင်းရော ဆွေးနွေးဖြစ်ပါတယ်။
အမှန်တော့ စက်ရုပ်တွေဟာ ရုပ်ရှင်တွေထဲမှာ အတင်း ဖျစ်ညစ်ထားလို့သာ လူတွေ အတွက် ကြောက်စရာ ကောင်းသလို ဖြစ်နေပေမယ့် ၊ တကယ်တမ်းကျ စက်ရုပ်တစ်ရုပ်ဟာ လူသား တစ်ယောက်လိုလုပ်ဆောင် နိုင်ဖို့ ၊ ရည်ရွယ်ချက် ရှိရှိနဲ့ လူသတ်နိုင်ဖို့ ဆိုတာမျိုးက အဝေးကြီးလိုပါသေးတယ်။ နည်းပညာတွေ တအား ထွန်းကား နေတဲ့ အချိန်မှာ ဘာလို့အဝေးကြီးလို့ ပြောလဲလို့ မေးစရာ ရှိမှာပါ။ ဟုတ်ပါတယ်။ နည်းပညာတွေ တအား ထွန်းကားနေချိန်ကြောင့် ပစ္စည်းပိုင်းဆိုင်ရာ ၊ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့် ဖန်တီး နိုင်ပေမယ့် ၊ ကျွန်တော်တို့ နေ့စဉ်နဲ့ အမျှ အကြားအားဖြင့် ၊ အမြင်အားဖြင့် ၊ အထိအတွေ့အားဖြင့် သင်ယူ နေတဲ့ ကျွန်တော်တို့ရဲ့ အသိဥာဏ်ကို လိုက်မှီအောင် စက်ရုပ်တွေ လုပ်ဆောင်နိုင်ဖို့ အလှမ်းဝေးနေဆဲပါ။ blog-ad-up1
ကျွန်တော် အဲလို ပြောလို့ တစ်စောက်ကမ်းနိုင်တယ်လို့တော့ မထင်စေချင် ပြန်ဘူး ခင်ဗျ။ စက်ရုပ်ဆိုတာမျိုးကို ရုပ်ရှင်တွေထဲကလို ခြေထောက်တွေ ၊ လက်တွေနဲ့ ရုပ်ဆိုးဆိုး အကောင်ကြီးတွေ မဟုတ်ပဲ အလိုအလျောက်ဖုန်စုပ်ပေး နေမယ့် ဖုန်စုပ်စက်လေး ၊ လေထဲ အဝေးထိန်းနဲ့ ဝဲပျံနေမယ့် drone လေး ၊ ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ပစ္စည်းသွားပို့ပေးနေတဲ့ ကယ်ဆယ်ရေးသုံးယာဉ်လေး ၊ ကျွန်တော်တို့ ဖုန်းမှာ စာရိုက်စရာ မလိုပဲ စကားနဲ့ ပြောရင်း စာစီပေးနိုင်တဲ့ dictation ၊ ဒါလေး သတိပေးပါဦးလို့ မှာထားလို့ ရတဲ့ Siri, Google Now စတာတွေကို စက်ရုပ်လို့ မြင်လိုက်ရင်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စက်ရုပ်တွေ အတော်ကို နေရာယူထားပြီးပါပြီ။ ဒန်… တန့် … ဒန်…..
ဒါကြောင့် ကျွန်တော့်ရဲ့ တစ်ဇောက်ကမ်း စကားကို ပြန်ပြင်ပြောရမယ် ဆိုရင် စက်ရုပ်တွေဟာ အခု အချိန်မှာ ကိစ္စရပ် တစ်ခုဆို တစ်ခုကို အကောင်းဆုံး မဟုတ်ရင်တောင် သာမန်ထက် ကျော်လွန်အောင် စွမ်းဆောင် နိုင်နေပြီ ဖြစ်တဲ့ စက်ပစ္စည်း လို့ ပြောလို့ရမှာပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဆို လူတွေထက် စက်ရုပ်တွေကို ပိုပြီး တောင် အားထားနေရတဲ့ အခြေအနေမှာ ရှိနေပါပြီ။ ပြီးခဲ့တဲ့လက တရုတ်နိုင်မှာ ကျင်းပနေတဲ့ Robo Cup ပြိုင်ပွဲရဲ့ Robo rescue ပြိုင်ပွဲကဏ္ဍမှာ ကယ်ဆယ်ရေး အတွက် ပြိုင်ဆိုင် တဲ့ စက်ရုပ်တွေဟာ တစ်ကိုယ်ရည် တစ်ကာယ အစွမ်းပြခွင့် မရှိပါဘူး။ ကယ်ဆယ်ရေး ပြုလုပ် နေတဲ့ လူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ၊ လူသားတွေ ခိုင်းစေတာကို ဆောင်ရွက်ပြီး ၊ ခိုင်းတာကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်ရမယ်လို့ စည်းကမ်းချက်ပါပါတယ်။ blog-ad-i6-diplomat
ဒါဆို သူ့ဖာသာသူ အသိဥာဏ်နဲ့ ဆောင်ရွက်မယ် ဆိုရင်လည်း ဖြစ်နိုင်နေပြီပေါ့ …. ၊ အဲဒီမှာ ၂၀၀၄ ခုနှစ်က ထွက်တဲ့ (Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့) I, Robot ရုပ်ရှင်ထဲမှာ ကားရေနစ်တဲ့ အချိန်.. စက်ရုပ်က ရေထဲဆင်းလာ ၊ Will Smith က သူ့အစား ၊ ဘေးက ကလေးကို ကယ်ခိုင်းသည့်တိုင် အသက်ရှင်နိုင်ချေ များတဲ့ Will Smith ကိုသာ ကယ်သွားတဲ့ ဇာတ်ဝင်ခန်းကို သတိရမိပါသေးတယ်။
မပြောတတ်ဘူးလေ၊ တချိန်မှာ လူသားတွေ အစား စက်ရုပ်တွေ အစားထိုးလာမလား ၊ Robo Cup က နှစ်စဉ် ကျင်းပတာ ဖြစ်ပြီးသူ့တို့ ရည်ရွယ်ချက် ၂၀၅၀ မှာ လူသား ဘောလုံး အသင်းကို အနိုင်ယူ နိုင်တဲ့ စက်ရုပ်တွေ ဖြစ်ဖို့တဲ့ ။ ဟဲဟဲ…. ပြီးခဲ့တဲ့ အပတ်ထဲမှာ စက်ရုပ်တွေ အကြောင်း BBC podcast တစ်ခု နားထောင် ဖြစ်လိုက်သေးတယ်ခင်ဗျ။ အဲဒီမှာ host က ၊ နောင်ဆို ၊ စက်ရုပ် announcer တွေများ ဖြစ်လာ မလားလို့ ကြောက်ကြောက်နဲ့ အတင်း နောက်နေတာ နားထောင်မိရင်း ၊ စက်ရုပ် ဈေးသည် … စက်ရုပ် ဈေးဝယ်သူတွေ ဖြစ်လာရင်….
ဟဲဟဲ … 😀 🙂
လောလောဆယ်တော့ ထုံးစံ အတိုင်း Myanmar Lifestyle ဆက်လက် ကြိုးစားသွားပါဦးမယ်ဗျာ ..
Leave a Reply
Your email address will not be published. Required fields are marked *