Force Touch ေတြ အမ်ားႀကီး

Apple ကအသစ္ထြက္မယ့္ iPhone 6s ဆိုလား 6s Plus ဆိုလား ေျပာေနက်တဲ့ iPhone 6 အသစ္မွာ Force Touch နည္းပညာ ပါမယ္ ဆိုတဲ့ ေကာလဟာလကေတာ့ ထြက္ထားတာ နည္းနည္း ႀကာေနျပီ ခင္ဗ်။ (Force Touch ဆိုတာကေတာ့ touch လုပ္တဲ့ အခါ ဖိတဲ့ ဖိအားေပၚမူတည္ျပီး function အမ်ိဳးမ်ိဳး လုပ္ေပးမယ့္ နည္းပညာပါ) Apple က အရင္ဆံုး Apple Watch, ေနာက္ 12 inch Macbook အသစ္ ၊ ေနာက္ Macbook Pro စတာေတြမွာ ထည့္သြင္းလာခဲ့ျပီး အခု iPhone အသစ္ထြက္ရင္ ပါမယ္ဆိုတာ ေသခ်ာ သေလာက္ ျဖစ္ေနတာပါ။ blog-ad-i6-diplomat

ထိုင္ဝမ္ သတင္း DigiTimes ရဲ႕ သတင္းအရ Apple ရဲ႕ ပစၥည္းေတြကို ထုတ္ေပးတဲ့ supplier ေတြက June လ ကစလို႕ Force Touch panel ေတြကို ထုတ္လာခဲ့တာ July လ ထဲမွာေတာ့ mass production အေနနဲ႕ ထုတ္ေပး ေနရတယ္လို႕ ေျပာထားတာပါ။ Supplier တစ္ခုု ျဖစ္တဲ့ TPK က သူတို႕ အေနနဲ႕ ဘယ္သူ႕ အတြက္ ထုတ္ေနရသလဲ ဆိုတာ မေျပာေပမယ့္ Apple ျဖစ္မွာကေတာ့ ေျပာစရာ မလိုဘူးလို႕ ထင္ေႀကးေတြ ရွိျပီး TPK အေနနဲ႕ force touch panel ေတြ mass production လုပ္ေပး ရတာေႀကာင့္ တတိယ ၄ လပတ္ ဝင္ေငြ ၅၀% တိုးလာမယ္လို႕ မွန္းထားတဲ့ အေႀကာင္း ေျပာထားပါေသးတယ္။

iPhone အသစ္နဲ႕ပတ္သက္လိုု႕ တျခား ေကာလဟာလေတြကေတာ့ လက္ရွိ iPhone အတိုင္း 4.7 inch, 5.5 inch ျဖစ္မယ္ ၊ ပိုျမန္တဲ့ A9 processor ျဖစ္မယ္ ၊ 2GB RAM ျဖစ္မယ္ ၊ Force Touch technology နဲ႕ အတူ ပိုျပီး responsive ျဖစ္တဲ့ Touch ID ၊ ပိုေကာင္းမယ့္ 12 megapixel camera ဆိုတဲ့ သတင္းေတြ ရွိေနတာပါဗ်ာ။

🙂 😀

Source: Redmondpie, DigiTimes

Apple ကအသစ်ထွက်မယ့် iPhone 6s ဆိုလား 6s Plus ဆိုလား ပြောနေကျတဲ့ iPhone 6 အသစ်မှာ Force Touch နည်းပညာ ပါမယ် ဆိုတဲ့ ကောလဟာလကတော့ ထွက်ထားတာ နည်းနည်း ကြာနေပြီ ခင်ဗျ။ (Force Touch ဆိုတာကတော့ touch လုပ်တဲ့ အခါ ဖိတဲ့ ဖိအားပေါ်မူတည်ပြီး function အမျိုးမျိုး လုပ်ပေးမယ့် နည်းပညာပါ) Apple က အရင်ဆုံး Apple Watch, နောက် 12 inch Macbook အသစ် ၊ နောက် Macbook Pro စတာတွေမှာ ထည့်သွင်းလာခဲ့ပြီး အခု iPhone အသစ်ထွက်ရင် ပါမယ်ဆိုတာ သေချာ သလောက် ဖြစ်နေတာပါ။ blog-ad-up1

ထိုင်ဝမ် သတင်း DigiTimes ရဲ့ သတင်းအရ Apple ရဲ့ ပစ္စည်းတွေကို ထုတ်ပေးတဲ့ supplier တွေက June လ ကစလို့ Force Touch panel တွေကို ထုတ်လာခဲ့တာ July လ ထဲမှာတော့ mass production အနေနဲ့ ထုတ်ပေး နေရတယ်လို့ ပြောထားတာပါ။ Supplier တစ်ခုု ဖြစ်တဲ့ TPK က သူတို့ အနေနဲ့ ဘယ်သူ့ အတွက် ထုတ်နေရသလဲ ဆိုတာ မပြောပေမယ့် Apple ဖြစ်မှာကတော့ ပြောစရာ မလိုဘူးလို့ ထင်ကြေးတွေ ရှိပြီး TPK အနေနဲ့ force touch panel တွေ mass production လုပ်ပေး ရတာကြောင့် တတိယ ၄ လပတ် ဝင်ငွေ ၅၀% တိုးလာမယ်လို့ မှန်းထားတဲ့ အကြောင်း ပြောထားပါသေးတယ်။

iPhone အသစ်နဲ့ပတ်သက်လိုု့ တခြား ကောလဟာလတွေကတော့ လက်ရှိ iPhone အတိုင်း 4.7 inch, 5.5 inch ဖြစ်မယ် ၊ ပိုမြန်တဲ့ A9 processor ဖြစ်မယ် ၊ 2GB RAM ဖြစ်မယ် ၊ Force Touch technology နဲ့ အတူ ပိုပြီး responsive ဖြစ်တဲ့ Touch ID ၊ ပိုကောင်းမယ့် 12 megapixel camera ဆိုတဲ့ သတင်းတွေ ရှိနေတာပါဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *