Note 7 က ဂယ်စိတ်ချရပြီလား မသိ …

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ရေးသာ ရေးရတယ် ၊ Samsung က တရားလာစွဲမှာလည်း ကြောက်သေးတယ်ဗျ။ ကျွန်တော်လည်း Note 7 ကိုပဲ လှည့်လှည့်ဆော်နေမိသလို ဖြစ်နေပြီ။ အမှန်တော့ Note 7 ရောင်းအား ကောင်းဖို့ Samsung နည်းတူ ကျွန်တော်တို့လည်း အထူး မေ ျှာ်လင့် မိပါတယ်လေ။ ဒါမှလည်း Note 7 cover တွေ ရောင်းရမှာကိုး .. ဟက်ဟက် …

ရှိစေတော့ ၊ အခု US မှာ သိမ်းထားတဲ့ Note 7 ၁ သန်းမှာ တဝက်လောက် ပြန်ထုတ်ပေးနေပြီ ၊ အိုကေတယ် ၊ မအိုကေတာက Sammy ရဲ့ အမိမြေ ၊ တောင်ကိုးရီးယားမှာ။ ပြန်ထုတ်ပေးတဲ့ Note 7 က အပူလွန်ကဲတာ ၊ ဘက်ထရီ မခံတာ စတဲ့ ပြသနာ ရှိတဲ့ အလုံးတွေ ရှိနေတာမို့ Note 7 က တခါတည်းရတဲ့ နားလည်ပေးမှုကို အသုံးမချတတ်ဘူး လို့ ခေါင်းစဉ်တွေ တပ်ပြီး သတင်းတွေရေးထားတာ မနက်က ဖတ်လိုက်ရပါတယ်။

blog-note7-replacement-issue-1

ဒီကိစ္စနဲ့ ပတ်သက်ပြီး Samsung က ပြောရေးဆိုခွင့်ရှိသူက Battery နဲ့ မဆိုင်ပါဘူး ၊ သီးခြား ကိစ္စ ၊ ထုတ်လုပ်မှု ပြသနာပါ ဆိုပြီး …

The reported issues for the replacement Note7 devices are “completely unrelated to batteries” and are “isolated cases” caused by mass production လို့ Wall Street Journal ကို ပြောတယ်ဆိုပဲဗျ။

ဆိုတော့ကား … ဘက်ထရီ ပြသနာ အပြင် ၊ ထုတ်လုပ်မှု ပြသနာ က သပ်သပ် ရှိသေးတာလို့ မေးစရာ ဖြစ်လာ ပြန်ပါတယ်။

ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ၊ Bloomberg က Samsung က Apple ရဲ့ ပုံစံထပ်နေပြီဖြစ်တဲ့ iPhone ကို လက်ဦးမှု ယူဖို့ အတွက် ၊ ထုတ်လုပ်မှုပိုင်းမှာ အလျင်စလို ပြုလုပ်ခဲ့မှုတွေ များတယ်လို့ သမုတ် ထားပြန်ပါတယ်။ အမှန်တော့ Samsung အနေနဲ့ Note 7 ကို တာဝန်ရှိရှိ ပြန်လည် သိမ်းယူမှုနဲ့ နာမည်ကောင်း ပြန်ရနေပြီးဖြစ်ပေမယ့် ၊ အသုံးပြုသူတွေရဲ့ လက်ထဲ ပြန်ထည့်ပေးတဲ့ အခါမှာတော့ ပြသနာ တစ်စုံ တစ်ရာ မရှိတာ လုံးဝ သေချာသင့်တယ်လို့လည်း Mashable သတင်းကလည်း ဆော်ပါသေးတယ် ခင်ဗျာ။

ကျွန်တော်တို့ကတော့ Apple ရော Samsung ရော အားလုံး အချင်းချင်း ကြည်ဖြူနေမှ အမျိုးစုံ ရောင်းရလေသမို့ ၊ ပန်းသီးရယ် ၊ စက်ရုပ်ရယ် မရွေး သတင်းဆို သူများပြောတာတွေပဲ ပြန်ရေးပြတတ်ပါတယ်လေနော … 😛 😀

သေချာတာကတော့ Note 7 ပြန်ထုတ်ပေးတဲ့ အခါ ဘက်ထရီ icon အစိမ်းလေး ပြနေမယ်ဆိုတာပါ။ ဟိုနေ့က ရေးထားတာလေး ဖတ်ပြီးလောက်ပြီ ထင်ပါ့ဗျာ။

Note 7 ရဲ့ စိတ်ချရမှုပေါ်မူတည်ပြီး အသစ်ထွက်မယ့် S8 တို့ Note 8 တို့ရဲ့ အနာဂတ်ကလည်း သက်ဆိုင်သွားမယ်ထင်ပါတယ်လို့ ၊ ဒီနေ့တော့ ကြီးကြီးကျယ်ကျယ်တွေရေးပြီး သိမ်းလိုက်ပြီဗျို့ …. 😀 😛

နေဦး … ဒါနဲ့ မေးကြည့်ဦးမယ် …
[poll id=”2″]

Source: Mashable, Wall Street Journal, BloomBerg, Redmond Pie.

Leave a Reply

Your email address will not be published. Required fields are marked *