ဘက်ထရီ လဲပြီးသား Note 7 ဟုတ် ၊ မဟုတ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

ဒီလိုလေ ၊ Note 7 ပြန်ထုတ်ပေးလို့ ၊ ဝယ်ပါပြီတဲ့ … ဘက်ထရီ လဲပြီးသား ဟုတ် ၊ မဟုတ် ဘယ်လို သိမတုန်း ဆိုတဲ့ ကိစ္စ ရှိလာပါတယ်။

ဒီလို ရှိလာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ Samsung က လဲပြီးသားဖုန်းတွေ ဆိုရင် ဗူးထဲမှာ အနက်ရောင် sticker လေး ပါမယ် ၊ နောက်တစ်ခုက software update လုပ်ပြီးတဲ့ အခါ notification bar မှာ ရှိတဲ့ battery icon လေးက အစိမ်းရောင် ပြပါမယ်တဲ့။

blog-note7-green-icon-1

အဟမ်း … icon လေး အစိမ်းရောင် ပြဖို့ ဒီလောက်တောင် ခက်ခဲ ၊ ကြီးကျယ်သလား ဆိုရင် ၊ ခက်ခဲ ၊ ကြီးကျယ်ပါတယ်။ Google က ထုတ်ပြန်ထားတဲ့ နည်းဥပေဒေသတွေ ၊ ဘုတ်အုပ်တွေ ၊ ရှေးကျမ်းတွေမှာ notification bar မှာ ပြမယ့် icon မှန်သမ ျှသည် အဖြူရောင် ဖြစ်ရမယ်လို့ ပြဌာန်းထားတဲ့ ပြဌာန်းချက် ရှိပါတယ်တဲ့ ခင်ဗျ။

အခု ဒီကိစ္စမှာ Note 7 အတွက် အလွန်တရာ အခက်အခဲ အကြပ်အတည်း ဖြစ်နေတာမို့ Google ဆီက မရ၊ မက ခွင့်ပြုချက်ရယူ ၊ ခြွင်းချက်လေး သတ်မှတ်ပေးဖို့ ညှိနှိုင်း ထားရကြောင်းပါ။ ဒါတောင် ဝိနည်းလွတ်အောင် အစိမ်းရောင် ဘက်ထရီလေးရဲ့ ဘေးမှာ အဖြူရောင်ဘောင်လေး ကွပ်ပေး ရမယ်လို့ ဆိုပါတယ်။

စဉ်းစားကြည့်ပြန်တော့ အသေးစိပ်လေးတွေကို အကြီးမှတ်တတ်တဲ့ ဆရာ့ ဆရာများကိုတော့ အံ့သြမိလေရဲ့ဗျာ။

သတင်းအရတော့ sticker အမဲ ဖြစ်မယ်ဆိုတာပဲ သိရပြီး ဘယ်လို ပုံစံ ဖြစ်မယ် ဆိုတာတော့ ကျွန်တော် လောလောဆယ် ဉာဏ်မှီသလောက် ရှာဖွေ မတွေ့ရှိမိသေးပါကြောင်း နဲ့ software update လုပ်ပြီးရင် နေရာ ၃ နေရာမှာ ဘက်ထရီ အစိမ်းကို တွေ့ရမယ်လို့ လေ့လာ မှတ်သားရပေမယ့် ဘယ်နေရာ ၃ နေရာကို ဆိုလိုသည် ဖြစ်ပါကြောင်း တော့ လေ့လာမှတ်သားလို့မရသေး သမို့ ၊ အသင် စာဖတ်သူများ သိရှိသည် ဆိုပါက ပြန်လည် မ ျှဝေ ပေးစေလိုပါသည် …. အဟက်ဟက် 😛 😀

Source: Android Authority.

Update: အို..အသင် စာဖတ်သူ ၊ နေရာ ၃ နေရာ ဆိုသည်မှာ အောက်ဖော်ပြပါ နေရာများ ဖြစ်ကြောင်း အကျွနု်ပ် ရှာဖွေ တွေ့ရှိလေပြီ … 🙂 😀

blog-note7-green-icon-2

Leave a Reply

Your email address will not be published. Required fields are marked *