Note 7 နဲ့ပတ်သက်လို့

blog-galaxy-note7-scanner-iris-1

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

ပြောလို့ ပြောတာ မဟုတ်ဘူး ၊ Note 7 နဲ့ပတ်သက်ရင် ဒီနှစ် ကောလဟာလ အတော်ငြိမ်သလိုပဲရယ်။ ထွက်ထားတဲ့ သတင်းတွေ အရဆိုရင်တော့ သြဂုတ် ၂ ရက်မှာ ချပြဖို့ ကတော့ သေချာ သလောက်ရှိနေပြီလေ။

Note 5 ကနေ Note 6 မဟုတ်ပဲ Note 7 လို့ တဆင့် ခုုန်လိုက်ခြင်းကတော့ S7 ဖက်မှာ နောက်ဆုံး model က 7 ဖြစ်နေပြီး Note ဖက်မှာကျ 6 ဖြစ်နေမှာစိုးတာကြောင့် နံပါတ်ညှိပြီး 7 လို့ ခေါ်မှာတော့ သိပြီးပြီ ဟုတ် …

ဒါနဲ့ Note 7 နဲ့ ပတ်သက်လို့ မျက်လုံးနဲ့ စေ့စေ့ကြည့်ပြီး unlock လုပ်လို့ရမယ့် Iris Scan ကိစ္စ ဒီရက်ပိုင်း နည်းနည်း အရှိန်ပြင်လာရင်း ၊ ဒီနေ့တော့ အရှိန်က ကောင်းကောင်းနဲ့ ပုံတွေပါ ထွက်လာတာ … ဒီလို

blog-galaxy-note7-scanner-iris-2

လက်ဗွေနဲ့ ဖွင့်တာအားမရဘူး ၊ မျက်လုံးလေးနဲ့မှ ဆိုရင် ဟောသလို ဟောသလို ကြည့်ပေးပြီး သတ်မှတ်ပေးထားလို့ ရမယ့် ကိန်းရှိတယ် ခင်ဗျ..

blog-galaxy-note7-scanner-iris-3

ပြီးတော့ Note 7 နဲ့ ပတ်သက်လို့တော့ ဒီလို အရောင်တွေ ထွက်မယ်ဆိုတာလည်း ဒီရက်ပိုင်း သတင်းထွက်ထားပါသေးတယ်။

blog-galaxy-note7-scanner-iris-4

ဘယ်ဖက်က စရင် Black Onyx, Silver Titanium နဲ့ Blue Coral ပါတဲ့ဗျာ။ Iris scanner က မြန်မက် ၊ မျက်မှန် သမားတွေ အတွက် မျက်မှန်လေး ချွတ်စရာ မလိုပဲ scan လုပ်လို့ ရရင်တော့ ကောင်းသား… ဓာတ်ရှင်တွေထဲကလို ဖုန်းဖွင့်ချင်လို့ မျက်လုံးဖောက်ယူသွားရင်တော့ မပြောတတ် …. 😛 😀

Source: Nowhreelse.fr, Evan Blass

Leave a Reply

Your email address will not be published. Required fields are marked *