Fast Charging ရမယ် ဆိုတဲ့ iPhone 7

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

သတင်းတွေရော ၊ အတင်းတွေပါ မရေးတာ ကြာလို့ မေ့များ မေ့နေပလား မသိ … 😛 😀 Note 7 ထွက်တုန်းကလည်း ရေးမယ် ရေးမယ်နဲ့ မရေးဖြစ် ၊ ဂု iPhone ရာသီကို ရောက်ပြန်ပြီ ဆိုတော့ ဒီနေ့ တက်လာတဲ့ iPhone သတင်းလေး ပြောပြပါရစေဦးဗျ။

ပြောလို့ ပြောတာ မဟုတ်ဘူး ၊ ရှေ့လ ဆိုရင် iPhone အသစ်ကို ချပြမယ်သာ ပြောတာ ၊ ခုထိ သတင်းသိပ် မထွက်သေးတာ အရင်နှစ်ထက်တော့ ပိုထူး သလိုပဲ။ ဒီနေ့ သတင်းမှာတော့ Android မှာ ပါနှင့်နေပြီး iPhone ဖက်မှာတော့ အသစ်လို့ ပြောလို့ရတဲ့ fast charging နည်းပညာကို iPhone အသစ် မှာ ပါလာတော့မယ် ဆိုပြီး ဒီပုံလေး leak ဖြစ်လာတယ်ဗျ။

blog-i7-fast-charging-1

ပုံကို ကြည့်တော့ ဘာမှ နားမလည်ပေမယ့် ၊ ဆြာတွေက fast charging ဆိုတော့လည်း အင်းအင်း ပေါ့ …

ဒီလို အတွင် ကလီစာ ပြောင်းလဲ တဲ့ အပြင် ပါလာမယ့် charger အသစ်က 5V, 2amps ထွက်တယ် ဆိုတော့ အရင်က ဆြာတွေ iPhone မှာ fast charging ရအောင် iPad charger နဲ့ သုံးတယ် ဆိုလား … ကြားဖူးတာ ၊ ခု charger အသစ်နဲ့ ဆို သူတို့ အတွက်လည်း အဆင်ပြေမယ့် ကိန်းပဲ …

iPhone အသစ်နဲ့ ပတ်သက်လို့တော့ ဟိုလို ၊ ဒီလို နဲ့ Plus လား Pro လား အမျိုးမျိုး ပြောနေပြီး ၊ မနက်ကတော့ ကျွန်တော်တို့ ရဲ့ supplier က iPhone 7 အတွက် cover တွေ ဝယ်မယ်ဆိုရပြီ လို့ လှမ်းပြောလာတယ်ဗျ။

blog-i7-fast-charging

ဘာမှ သေချာ မသိသေးလို့ စောင့်လိုက်ဦးမယ်ဗျိုး … သိပ်မကြာခင်တော့ Note 7 cover တွေ ရောက်မယ်ဗျ ၊ နော် ။ အဲ့ဒါလည်း ကြော်ငြာချင်တာ …. 😛 😀

Source: Slash Gear

Leave a Reply

Your email address will not be published. Required fields are marked *