Nexus 6P Camera အကြောင်း တစေ့ တစောင်း

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို ..

ဒီလိုလေ ၊ မနေ့က ချပြတဲ့့ Nexus ဖုန်းအသစ်တွေရဲ့ Huawei Nexus 6P ရဲ့ ကင်မရာက periscope လိုလို ဆန်းဆန်းပြားပြား ရှိသလို ၊ quality လည်း အတော်ကောင်းပုံပဲဗျ။

သူ့မှာ 12.3 MP Sony sensor တပ်ထားတယ် ၊ အဲ့ကင်မရာမှာက 1.55 micron pixel ဆိုတော့ အရင် Nexus ထက် sensor pixel ၄ ဆ ပိုပါလာတဲ့ သဘောပေါ့။ ပြီးတော့ သူက wide f/20 လေ။ ဆိုးတာက OIS – Optical Image Stabilization မပါဘူးရယ်။ Google ကတော့ ၊ pixel နဲ့ sensor ကြီးကြီးမို့ OIS ဆိုတာက မလိုပဲ အေးဆေး ရိုက်လို့ ရတယ် ပြောတာပါပဲ။

နောက် autofouce က laser autofocus တဲ့ ၊ “time of flight IR sensor” ဆိုလား မသိပါဘူးဗျာ။ ဒါတော့ ကျွန်တော်လည်း နားမလည်ဘူး ခင်ဗျ။ 240fps slow motion video ရိုက်လို့ရပြီး Google Photos editing နဲ့ ဆို ၊ video တစ်ခုလုံးကို မဟုတ်ပဲ ခွဲခြမ်း စိပ်ဖြာပြီး edit လုပ်လို့ ရမယ့် သဘော ရှိတယ်။ နောက် 30 fps နဲ့ Smart Burst mode ဆိုတာလည်း ပါသေးတော့ gif တွေပဲ လုပ်မလား ၊ ဒါမှ မဟုတ် auto-select နဲ့ အကောင်းဆုံးပဲကိုပဲ ရွေးမလား အဆင်ပြေမှာပါ။

ကင်မရာတွေကို စစ်ဆေးပြီး အမှတ်ပေးတဲ့ DxOMark ကတော့ Nexus 6P ကို ၈၄ မှတ် ပေးထားတယ်ဗျ။ ဒါက LG G4 ထက် ၁ မှတ်သာပြီး ၊ သူ့ အပေါ်မှာတော့ S6 Edge Plus ရဲ့ ကင်မရာက ရှိနေတာပါ။ ထိပ်ဆုံးကရေ ရင် ဒုတိယ ဆိုပါတော့ ။

အသေးစိပ်မှာတော့ ဓာတ်ပုံဖက်မှာ ၈၆ မှတ် ၊ ဗီဒီယိုဖက်မှာ ရ၉ မှတ်ပေးထားပါတယ်။ ကောင်းချက် ၊ ဆိုးကွက်တွေကတော့ အောက်က အတိုင်းပါပဲဗျာ။

blog-nexus-6p-camera-2

ကောင်းကွက်

  • Low light အခြေအနေမှာ အကောင်းဆုံး ကုုိင်တွယ်နိုင်တယ်
  • Outdoor ရိုက်တဲ့ အခါ detail တွေ အားလုံး ထိန်းသိမ်းပေးတယ်
  • ဘယ်အခြေအနေပဲ ဖြစ်ဖြစ် တိကျ ၊ မြန်ဆန်တဲ့ autofocus
  • White balance ကောင်းတယ် ၊ outdoor မှာ အရောင်ထုတ်ပေးတာမှန်တယ်
  • Flash မိုက်တယ် ၊ white balance နဲ့ color rendering မှန်တယ်
  • ပုံ exposure မှန်တယ်

ဆိုးချက်

  • Low light မှာ HDR+ mode ကို သုံးရင် exposure, color, texture မမှန်တာတွေ ရှိပြီး ၊ noise တွေ တက်လာပါတယ်။
  • dynamic scene တွေမှာ ပုံရဲ့ highlight ပိုင်းတွေ ဖြူသွားတတ်ပါတယ်
  • ခလုတ်နှိပ်ပြီဆို autofocus မပြတ်ခင် ရိုက်ပြီး နေတတ်ပါတယ်။

သိသလောက် ၊ နားလည် သလောက်လေးပါ ခင်ဗျာ။

🙂 😀

Source: Android Central, DxOMark

Leave a Reply

Your email address will not be published. Required fields are marked *