မင်္ဂလာပါ စက်တင်ဘာ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

မင်္ဂလာပါဗျာ။ ဘာလိုလိုနဲ့ စက်တင်ဘာလထဲ ရောက်လာ ပြန်ပြီ ။ စက်တင်ဘာလက Myanmar Lifestyle မွေးတဲ့လဗျ။ လွန်ခဲ့တဲ့ ၂ နှစ်က ဒီလိုပဲ မိုးထဲ လေထဲ မွေးဖွားခဲ့တာ 🙂 😀

Myanmar Lifestyle အနေနဲ့ လည်း ပြီးခဲ့တာတွေနဲ့ စီစဉ်ထားတာတွေကို အသိပေးတဲ့ လစဉ်သတင်းအသိပေးစာ ရေးလာခဲ့တာလည်း အခုဒါပါနဲ့ ဆို ၃ လ မြောက် ရှိသွားပြီ ခင်ဗျ။ အခု တစ်ခါလည်း ထုံးစံအတိုင်း အဖြစ်အပျက်တွေ စီစဉ်ထားတာတွေကို အသိပေးပါရစေ။

ဇူလိုင်လတုန်းက Myanmar Lifestyle website ကို ပိုကောင်းတဲ့ နေရာ ရွေ့ပြီးတဲ့ နောက်မှာ ကျွန်တော်တို့ စိတ်ထဲတော့ website က အရင်ကထက် ပိုပြီး မြန်လာတယ်ဗျ။ Website ဖက်မှာတော့ အရင်ကထက် ဓာတ်ပုံတွေ ပိုများအောင် ၊ product တစ်ခုုကိုု ကိုယ်တိုင် ကိုင်ကြည့် ရသလို ခံစား ရအောင် ပုုံတွေ ကြိုးစားပြီး ဖြည့်ထားပေးခဲ့ပါတယ်။ နောက် website ကနေ order မှာတဲ့ အခါ နာမည် ၊ လိပ်စာ စဖြင့် ထည့်ရတဲ့ နေရာမှာ မိုဘိုင်းဖုန်းတွေမှာ ကျဉ်းကျဉ်းကြုတ်ကြုတ်လေး ဖြစ်နေခဲ့တာကို ပြင်ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ရဲ့ visitor တွေ website ကို ဝင်ကြည့်တဲ့ အခါ အများဆုံး သုံးတဲ့ ပစ္စည်းက မိုဘိုင်းဖုန်းတွေ ဖြစ်တာနဲ့အမျှ၊ order မှာတဲ့ အခါ ၊ mobile phone screen မှာ အရင်ကထက် ပိုပြီး အဆင်ပြေပြေ ချောင်ချောင်ချျိချိ ဖြည့်နိုင်ဖို့ ပြင်ထားပေး ပါတယ် ခင်ဗျ။

နောက် Unicode ပါ။ ကျွန်တော်တိုု့ website မှာ ဇော်ဂျီသာမက unicode နဲ့ပါ သေချာ အားဖြည့်ပေး နေပါတယ် ၊ အပြည့်အစုံရယ်လို့တော့ မဟုတ်သေးပေမယ့် အသစ်တွေကို ၂ မျိုး ထည့်ပေး ထားပြီး ၊ ပြီးခဲ့တဲ့ စာသား အဟောင်းတွေကို တော့ တတ်နိုင်သမျှ unicode နဲ့ ပါ ၂ မျိုး ဖြည့်သွားပေးပါ့မယ် ခင်ဗျာ။

တစ်ခုုကတော့ ပြီးခဲ့တဲ့ လက ပြောခဲ့တဲ့ product video ကိစ္စပါ။ product video တွေ ထည့်ပေးဖို့ စီစဉ်ပေမယ့် ၊ ကျွန်တော်တို့ဖက်က ကျွမ်းကျင်မှု မရှိတာရယ် ၊ အချိန် မပေး နုုိင်တာရယ်နဲ့ product video တွေ မထည့်နိုင်ခဲ့ ပါဘူး။ ဒီလမှာတော့ ထပ်ကြိုးစား ကြည့် ပါဦးမယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ပစ္စည်းတွေရဲ့ ကောင်းကွက် ၊ ဆိုးကွက်တွေနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ ရှင်းပြထားတဲ့ product review တွေလည်း အဆင်ပြေရင် ပြေသလို ရေးသွား ပါဦးမယ်။

အခုလကစလို့ ရှေ့လျှောက်၊ အရင်ကထက် ပိုပြီး အချိန်စိပ်စိပ်လေး ပစ္စည်းတွေ ထပ်မှာ ၊ ထပ်သွင်းပြီး stock တွေဖြည့် ၊ အသစ်တွေလည်း တင်ဖို့ timing လေး တစ်ခုု ပြင်ဆင်နေပါတယ်။ အဲဒီ rhythm လေးမိသွားရင်တော့ Myanmar Lifestyle Online Store မှာ ပစ္စည်းတွေ ပိုပြီး မြိုင်ဆိုင်လာဖို့ ရှိပါတယ် ၊ ကျွန်တော်တို့ဖက်ကလည်း cash flow လိုက်နိုင်ရင်ပေါ့လေ.. 😛 😀

September လ ထဲမှာတော့ Myanmar Lifestyle လုပ်ငန်းပိုင်းဆိုင်ရာ operations ပိုင်းမှာ အရင် manual documentation ပုံစံကနေ computerized ပုံစံ အနေနဲ့ စ ပြောင်းထားပါတယ်။ Operations ပိုင်းမှာ အရင်ကထက်ပိုမြန်ပြီး ၊ ပစ္စည်း order တွေကို မြန်မြန် process လုပ် ၊ customer လက်ထဲ ဒီထက်ပိုပြီး မြန်မြန် ပို့ နုုိင်လာမယ်လို့ ယုံကြည်ထားပါတယ် ခင်ဗျာ။

အရေးကြီးဆုံးကတော့ အခုုလို Myanmar Lifestyle ကို ၂ နှစ် ပြည့်တဲ့ အချိန်ရောက်အောင် ပံ့ပိုးပေးကြတာ ကျွန်တော်တို့ရဲ့ fan တွေ ပါ။ ကျွန်တော်တို့ဆီက ဝယ်သည်ဖြစ်စေ ၊ မဝယ်သည် ဖြစ်စေ Facebook ကနေ မေးပေး ၊ အားပေးကြတဲ့သူတွေ ၊ Myanmar Lifestyle Online Store မှာ ယုံယုံကြည်ကြည်နဲ့ ပစ္စည်းမှာပေး ကြတဲ့ သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေခင်ဗျာ။

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်ဗျာ။

🙂 😀

Leave a Reply

Your email address will not be published. Required fields are marked *