မင်္ဂလာပါသြဂုတ်

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …

သြဂုတ်လကို ရောက်ပြန်ပြီပေါ့ဗျာ။ မိုးတွေ မဲမှောင်လို့ ၊ ဒီရက်ပိုင်းမှပဲ နေတွေ့ရ လေသလား အောင်မေ့ရတယ် ၊ သဘောတူတယ် ဟုတ်….

ဒီလိုနဲ့ပဲ ဇူလိုင်လကုန်လို့ သြဂုတ်လ ရောက်လာတော့ Myanmar Lifestyle ရဲ့ ထုံးစံ အတိုင်း ဇူလိုင်လရဲ့ အဖြစ်အပျက်တွေ အသိအပေးရင်း သြဂုတ်လ အတွက် စီစဉ်ထားတာလေးတွေလည်း အသိပေး ပါရစေဦး ခင်ဗျ။

ဇူလိုင်လရဲ့ အဖြစ်အပျက်ကို အရိုးရှင်းဆုံး ပြောရရင်တော့ အရောင်းပါးပြီး အလုပ်များတဲ့ လ ပေါ့ဗျာ။ ဟဲဟဲ

အရောင်းပါးတာကတော့ ဒေါ်လာစျေး လှုပ်တာ ၊ မငြိမ်တာနဲ့ ကိုယ်တစ်ယောက်တည်း မဟုတ်လေတော့ ဖြေသာ ခဲ့ပါတယ်လေ ၊ အလုပ်များတာကတော့ ကျွန်တော်တို့ fan တွေ သိမှာပါ။ Myanmar Lifestyle website ကြီး ပြသနာတွေ တက်တယ်လေ။ မှတ်မိမှာပါ။ ရှုပ်ထွေးပွေလီ နေ့ရက်တွေ ဖြစ်ခဲ့တာပေါ့ဗျာ။ Website ကို ဝင်ရင် ၅ ခါမှာ ၁ ခါလောက် အယ်ရာ တွေ တက်တက်နေခဲ့တာ။

ဒါနဲ့ပဲ ကျွန်တော်တို့လည်း website ကို အခြား တစ်နေရာ ပြောင်းဖို့ စီမံ ခံရပါတယ်။ အဲ့ဒီ အချိန် အတော်အတွင်း Myanmar Lifestyle Online Store ရဲ့ website ကို သည်းခံပြီး ဝင်ပေးခဲ့ကြတဲ့ ကျွန်တော်တို့ fan တွေ အားလုံးကို ကျေးဇူးတင်ပါတယ် လို့ ထပ်ပြီး ပြောပါရစေ ခင်ဗျာ။

Website က error တွေတက် ၊ အရေးတကြီး နောက်တစ်နေရာကို ရွေ့ဖို့ ကြံ ၊ ဒီက အင်တာနက် လိုင်းနဲ့ ကျွန်တော်တို့ site ကြီး တစ်ခုလုံး ရွေ့ဖို့ကလည်း နိုင်ငံခြားက မိတ်ဆွေတွေ အကူအညီတောင်းဖို့ ကလည်း မလွယ် ၊ နောက်ဆုံးတော့ 3G mobile network ကို ပဲ လွှင့်ပြီး အလှုကြီးပေးသလို ပဲ ဟောတစ်ကဒ် ဟောတစ်ကဒ် သုံးပြီး ၄ ရက်လောက် ရွေ့လိုက်ရပါတယ်။ အကုန်အကျ ရော အချိန်ရော အတော်ပေးလိုက်ရပေမယ့် အခု Myanmar Lifestyle Online Store website ကို ဝင်ရင် အရင်လို ပြသနာတွေ မတက်တော့တာရယ် ၊ site loading time မြန်မြန်ဆန်ဆန်လေး တက်လာတာလေး ကြည့်ရင်းပဲ ဝမ်းသာရပါတယ်ဗျာ။ (ကျွန်တော်တို့ အတွက်ရော Myanmar Lifestyle Fan တွေ အတွက်ရောပေါ့ .. 😀 😀 )

ဒီလို website ကိစ္စတွေ လုံးလည်ခြာလည် လိုက်နေတာနဲ့ ပဲ Myanmar Lifestyle လည်း July မှာ purchasing ကို သိပ်အာရုံ မထားနိုင်ခဲ့ပြန်ပါဘူး။ ဒါကြောင့်လည်း ပြီးခဲ့တဲ့လက ပစ္စည်းအသစ် တွေ နည်းခဲ့ ပါတယ်ဗျာ။ ဒီအတွက်တော့ August လဆန်းမှာပဲ iPhone 6 / 6 Plus အတွက် Neon Series နဲ့ Hollow design Frame, Evo Series ၊ S6 အတွက် S6 Edge တုန်းက လူကြိုက်များခဲ့တဲ့ Neon Series နဲ့ Evo Series တို့ကို မိတ်ဆက်ပေးထား ပါတယ်။ အချိန်ရရင် Store page ထဲကို ဝင်လည်ပေးပါဦးဗျာ။

July လ ရဲ့ monthly news release မှာ ပြောခဲ့တဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ customer service ပိုကောင်း နိုင်ဖို့ အတွက် ပစ္စည်းမှာတဲ့ အခါ ပစ္စည်းပို့ပေး လိုက်ပြီ ဆိုတဲ့ အကြောင်း tracking no. နဲ့ တကွ ညနေပိုင်းတွေမှာ SMS ပို့တာကို July လလည်က စလို့ ကျွန်တော်တို့ စပြီး လုပ်ဆောင် နိုင်ခဲ့ ပါတယ်။ အစပိုင်းမှာ ကျွန်တော်တို့ရဲ့ လူအမှားတွေ ၊ system အမှားတွေကြောင့် SMS တစ်စောင်ထက်မက ရောက်လာတာတွေ ၊ ဖတ်မရတာတွေ ရှိခဲ့တာကို နားလည် ပေးခဲ့လို့လည်း ကျေးဇူး တင်ပါတယ်ဗျာ။

နောက် ကျွန်တော်တို့ရဲ့ website မှာ Zawgyi သာမက Unicode နဲ့ လည်း ဖတ်နိုင်အောင် နောက်ပိုင်း တင်တဲ့ ပစ္စည်းတွေ ၊ စာတွေ ကိုတော့ ၂ မျိုးလုံး ထည့်ပေး ထားပါတယ်။ အရင်က ပစ္စည်းတွေ ၊ page တွေလည်း ၂ မျိုး နဲ့ ကြိုးစားပြီး ပြင်ပေးသွားပါဦးမယ်။

August လ ရဲ့ ရည်ရွယ်ချက် အနေနဲ့တော့ Myanmar Lifestyle Online Store website ကို ဝင်ကြည့်တဲ့ အခါ မိုဘိုင်းဒေတာ အစားများတာမျိုး မဖြစ်ဖို့ ၊ image size တွေကို တတ်နိုင်သမျှ လျော့ဖို့ စီစဉ်ထားပြီး ၊ product ကို အသေးစိပ် ကြည့်ချင်တဲ့ သူတွေ အတွက် short video clip (webm format) တွေလည်း ဖြည့်သွားဖို့ စီစဉ်ထားပြီး ၊ product တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကိုယ်တိုင် စမ်းထားတဲ့ review တွေကိုလည်း အဆင်ပြေရင် ပြေသလို ရေးသွားဖို့ စဉ်းစားထားပါတယ် ခင်ဗျ။

နောက် Myanmar Lifestyle Online Store website ရဲ့ အပျင်းပြေ ကဏ္ဍမှာ နေ့တိုင်း လိုလိုု blog post တွေ တင်ပေးဖြစ်ခဲ့ပါတယ်။ ဒါကို ရှေ့ဆက်ပြီးလည်း တင်သွား ပါဦးမယ်။ အဓိက ကတော့ mobile နဲ့ လက်ရှိ နည်းပညာ သတင်းတွေ ဖြစ်မှာပါ။ အဲဒီမှာလည်း အဆင်ပြေရင် ၊ အားရင် ၊ သတင်းတွေ သိချင်ရင် ပုံမှန် ဝင်ဖတ်လို့ အကျိုးရှိအောင် ကြိုးစားပြီး တင်ပေးသွားပါဦးမယ် ခင်ဗျ။

ပြီးတော့ အခု ပြည်တွင်းမှာ လူသုံးများလာတဲ့ LINE social network မှာလည်း ရှိနေဖို့ စီစဉ်ထားတာတွေကတော့ ကျွန်တော်တို့ရဲ့ သြဂုတ်လ အစီအစဉ်များပဲ ဖြစ်ပါတယ်ဗျာ။

အခုလို ပြီးတဲ့ အထိ အချိန်ပေး ဖတ်ပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်ဗျာ။

Myanmar Lifestyle ပိုပြီး ကြိုးစား သွားပါဦးမယ် 😀 🙂

Leave a Reply

Your email address will not be published. Required fields are marked *