၂ နှစ်ပြည့်မှာ ရောက်ဖြစ်ခဲ့သည်

~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို

September 4 ရက်နေ့ဟာ Myanmar Lifestyle မွေးနေ့ပါ။ ပြီးခဲ့တဲ့ ၁ နှစ်ပြည့်တုန်းကတော့ ဘော်ဒါတွေကို ညစာ ကျွေးဖြစ်ပေမယ့် ၊ ဒီနှစ်တော့ မလုပ်ဖူး မကိုင်ဖူး ၂ နှစ်ပြည့်မှာ အလှုလုပ်ရအောင်လို့ တွေးဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် ဖြစ်ပါလိမ့်မယ် ၊ ဒီရက်ပိုင်း ရန်ကုန်မှာ နေတွေ လိမ့်ပူနေရာကနေ ၄ ရက်နေ့က တစ်နေကုန်ရွာတဲ့မိုး… 😛 😀

ဒါနဲ့ မှတ်မှတ်ရရ ၊ Myanmar Lifestyle ရဲ့ ပထမဆုံး customer က သန်လျင်က ပါ။ အဲ့ဒီတုန်းက ဝေးပေမယ့် ပျော်ျပျော်ပါးပါး သန်လျင်အထိ သွားပြီး free delivery လုပ်ပေးခဲ့ဖူးတာကြောင့် ၂ နှစ်ပြည့်မှာလည်း သန်လျင်နဲ့ ပတ်သက်ရင် ကောင်းမှာလို့ ကြံဖန်နေတုန်း ၊ သန်လျင်က ဘိုးဘွား ရိပ်သာ ဆိုတဲ့ နေရာကို သတင်း တွေ့ခဲ့တာပါ။

blog-2nd-anniversary-1

တခြားနေရာတွေ လိုက်စုံစမ်းပေမယ့် ပြည့်စုံနေတာများလို့ သန်လျင်ဖက်ကိုပဲ ရွေးဖြစ်သွားတယ် ဆိုပါစို့ဗျာ။ ဒါနဲ့ ပဲ ပရဟိတ လုပ်တဲ့ သူငယ်ချင်းကနေ တဆင့် သန်လျင်ကို ဖုန်းဆက် ၊ လိုတာ ဘာရှိလည်း ဆိုတော့ ဆေးကုသဆောင်လေးမှာ bedsore ဖြစ်တဲ့ လူနာတွေ ၊ ဆီး ၊ ဝမ်း မထိန်းနိုင်တဲ့ ပြသနာတွေ တော်တော်လေး အခက်တွေ့နေတယ် ပြောတာနဲ့ Myanmar Lifestyle ဆေး အဝယ်တော် ထွက်ခဲ့ ပါတယ်။

blog-2nd-anniversary-6

ဆေးတို့ Dettol တို့ ကျန်တာတွေ အစုံက အရေအတွက် ပမာဏ အများကြီး ဝယ်ရလွယ်ပေမယ့် ၊ diaper sheet ကျတော့ အရေအတွက်များများ ဝယ်ရတာ အင်မတန်ခက်တယ်ဗျ။ နောက်ဆုံး လမ်းမတော်ဖက်မှာ စုမိလို့ ရတာနဲ့ ဝယ်ပြီး ချီတက်ခဲ့ပါတယ်။

ပထမတော့ ဘိုးဘွားရိပ်သာ ဆိုတာ ကျွန်တော် မျက်စိထဲ မြင်ထားမိတာ အဆောင်လေးနဲ့ သန့်သန့် ပြန့်ပြန့်လေး ၊ ဘိုးဘွားတွေက နားနားနေနေလေး ၊ အဲ့လို မြင်ယောင်မိတာ ။ ဟိုရောက်တော့ ဘယ်နေလိမ့်မလဲ ၊ ထင်ထားတာနဲ့ လုံးဝ တခြားဆီရယ် ၊ ဒါကို ဘိုးဘွားရိပ်သာလို့ ဘယ်လို ခေါ်မလဲ ၊ လာလှုတာတွေ များတယ်ဆို ၊ ဘယ်ရောက်ကုန်လဲ စတဲ့ မေးခွန်းတွေနဲ့ ကျွန်တော်တို့ ခြာလပတ်လည်နေတာ ကြိုဆိုပေးတဲ့ အစ်မ က သဘောပေါက်တယ် ထင်ပါ့ ၊ ကျွန်တော်တို့ ယူသွားတဲ့ ပစ္စည်းတွေကို လက်ခံပြီးတော့ သူလိုက်ပြချင်တယ် ဆိုတာနဲ့ပဲ ကျွန်တော်တို့ လိုက်သွားဖြစ်ခဲ့ပါတယ်။

blog-2nd-anniversary-5

အဲ့ဒီမှာ စတွေ့တော့တာပဲခင်ဗျ ၊ ခုဏက မြင်ခဲ့တာတွေထက် ပိုပြီး ပိုပြီး ဆိုးရွားတဲ့ မြင်ကွင်းတွေ ၊ ဒါ.. ဘိုးဘွား ရိပ်သာလို့ ခေါ်ရမှာထက် ဘိုးဘွားဒုက္ခသည် စခန်းလို့ ခေါ်ရမှာ (အသုံးအနှုန်း မသင့်တော်ရင် တောင်းပန်ပါတယ်) ၊ ပထမဆုံး ကျွန်တော့် မေးခွန်းက “လူ ဘယ်ယောက်ရှိလည်း အစ်မရေ” ဆိုတော့ “ကြီးကြီး ၊ ငယ်ငယ် ၂၅၀၀ ရှိတယ် မောင်လေး” တဲ့ ၊ ဘုရားရေ… လူ ၂၅၀၀ ဆိုတဲ့ အင်အားက နည်းတာမှ မဟုတ်ပဲ ၊ ဘယ်နားတွေများ ရောက်နေလဲ ၊ ကျွန်တော် ထပ်မေးပါတယ်။

လာ… လိုက်ကြည့် …

ယိုးးးးးးးးး …. အဆောင်ပိစိ ပိစိ ၊ အဆောင်လို့ ခေါ်လို့ မရတဲ့ ကြိုကြားတွေမှာ အပုံလိုက်တွေဗျာ။ တကယ် စိတ်မကောင်းစရာ ၊ အဲ့ဒီ အစ်မ ပြောပုံ အရတော့ လူ တစ်ယောက် ကျောတစ်ခင်းစာ သတ်မှတ် ပေးထားတဲ့ ပုံပဲ။ ၁၅ ပေ တစ်ယောက်စာ ဆိုလား သူ့ အသုံးအနှုန်းက ၊ ကိုယ်ပိုင်ဆိုင်တဲ့ အဝတ်အစားလေးတွေ ၊ အသုံးအဆောင်လေးတွေကို ၁၅ ပေ နေရာလေးမှာပဲ တင်ရင် ၊ လူလည်း အဲဒီ နေရာမှာပဲ နေရင်း..

မလွယ်ပါလား အစ်မရေ …….

“လမ်းပေါ်မှာ ပစ်ထားတာထက်တော့ အများကြီး သာပါတယ်” ဆိုတဲ့ သူ့ အဖြေ…

blog-2nd-anniversary-3

ကျွန်တော်က စေ့စေ့ပေါက်ပေါက် ထပ်ပြီး မေးတယ်ခင်ဗျ။ သူတို့ ထမင်း ဘယ်လို စားလဲ ဆိုတော့ အဆောင်မှုးဆိုတဲ့ သူက နေ့လည် ကျရင် အဆောင်မှာ ရှိသလောက် လူ ဦးရေ အလိုက် ထမင်းနဲ့ ဟင်းကို အဆောင်လို့ ခေါ်တဲ့ အကာ အရံ ရှေ့မှာ ထားပေးပါတယ် ၊ အဲ့ဒီ အခါ အဘိုး အဘွားတွေက ကိုယ်တိုင် ထွက်ယူ ၊ ကိုယ်တိုင်စား သဘောပါ ။

“ဆေးကြောပေးဖို့ရော” ဆိုတော့ ၊ “သူ့တိုဖာသာ ဆေးရတယ်” ….

“ဒါဆို မထနိုင်တဲ့သူတွေရော” … “သူက အချင်းချင်း စောင့်ရှောက်ကြသလို ၊ တချို့ တတ်နိုင်တဲ့ သူတွေကလည်း တစ်နေ့ ၃၀၀ နဲ့ သူတို့ မိဘ ၊ ဘိုးဘွားတွေကို ကြည့်ဖို့ ပေးထားတယ်”

အဲဒီ ၃၀၀ ရတဲ့သူကပဲ ပေးတဲ့ သူကိုရော ၊ မပေးနိုင်တဲ့ သူကိုရော ကြည့်ပေးတယ် ဆိုတော့ ၊ ဒီမှာ ဒါဆို တခြား အရွယ်တွေ ရှိသေးလို့လား” ဆိုတော့ ခိုကိုးရာမဲ့တွေ အသက်အရွယ် မရွေး ရှိတယ်တဲ့ ။ ဒါနည်းနည်း စိတ်ဝင်စားသွားပြီ ။ ခဏ ထားဦးဗျ

blog-2nd-anniversary-2

သွားရင်းနဲ့ ဒါက ရွာငယ်လေး တစ်ရွာစာလောက် အကျယ်အဝန်း ရှိလိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ စိတ်မကောင်းစရာက ၊ အော်.. ဒါ အသုံးမလိုတဲ့ ပစ္စည်းတွေ ထားတဲ့ နေရာလေးများလားလို့ မကြည့်လိုက်နဲ့ ၊ အထဲမှာ (အထူးသဖြင့်) အဘိုး တစ်ယောက် ရှိနေပြီ ၊ တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်းတွေပါဗျာ။

ကျွန်တော်တို့တကယ် မနေနိုင်ဘူး ၊ အဲ့ကြားထဲ ထပ်ပြောတာက

“မောင်လေး ၊ လူကို ကြွက် တက်ဆွဲတာ”…

“ဗျာ…”

“ဟုတ်တယ် မောင်လေး ၊ သူတို့က မထနိုင် ၊ ဒီလိုပဲ စားထား ၊ အစာကြွင်း ၊ အစာကျန်တွေ နဲ့ ၊ အညစ်အကြေးတွေနဲ့ ကြွက်တွေကလာ ၊ နောက် မလှုပ်နိုင်တဲ့ လူကို ပါ တက်ဆွဲမိကြတယ်” …

အလိုလေးဗျာ။ ဘယ်နေရာများ ကျွန်တော်တို့ ရောက်နေကြပါလိမ့်ဗျာ .

“ဒါဆို ရေမချိုးပေးကြဘူးလား”…

“ချိုးပေးတဲ့သူတွေလည်း မနိုင်ကြဘူး မောင်လေးရဲ့ ၊ လူအင်အား မရှိတော့ ၊ ပရဟိတလုပ်တဲ့ လူငယ်လေးတွေ မလာရင် အဲဒီ အဘိုးတွေ ၊ အဘွားတွေ မထနိုင်တာတွေကို ကုတင်ပေါ်မှာပဲ ချိုးပေး ကြရတာ”

စဉ်းစားကြည့်ဗျာ… ဘယ်လို နေမလဲ ၊ ဒီကုတင်ကြီးက စိုရွှဲလို့ … ၊ နောက် အဲဒီမှာပဲ ဆက်အိပ်ရတဲ့ အဖြစ် …

“လမ်းဘေးမှာ ပစ်ထားခံရတာထက်တော့ သာပါတယ် မောင်လေး” လို့ ပြောတာပဲ နားထဲ ကြားနေမိပါတော့တယ်ဗျာ။

ကျွန်တော် အစကပြောခဲ့သလို ဆေးဝါးတွေ သွားလှုတယ် ဆိုတာထက် ၊ ဆေးဝါးတွေ သွားပေးတယ်လို့ ကျွန်တော် ပြောင်းပြောပါရစေ။ အမှန်တော့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်လျက်နဲ့ မလုပ်ဖြစ်တဲ့ အလုပ်တွေကို သွားလုပ်တာပဲမလားဗျာ။

အပြန်ခရီးမှာတော့ Myanmar Lifestyle ရဲ့ တွဲဖက် ဖခင်ကြီးက ပြောရှာပါတယ် ၊ သူ အိုမင်းမစွမ်းတော့လို့ ဒီနေရာမျိုး ပိုခံရ့မယ် ဆိုရင် ကိုယ့်ဟာကိုယ်သာ သတ်သေ သွားလိုက်ပါ့မယ်တဲ့.. 😛 😀

ကျွန်တော်တို့ ပေးထားခဲ့တဲ့ ဆေးဝါးလေးတွေနဲ့ အဘိုး အဘွားတွေရဲ့ အနာလေး နည်းနည်း ဖြစ်ဖြစ် သက်သာ နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်ဗျာ။

blog-2nd-anniversary-8

Leave a Reply

Your email address will not be published. Required fields are marked *